Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Friday, 8 June 2018

တာချီလိတ်မြို့နယ်၊တာလေမြို့၊နားယောင်းကျေးရွာအုပ်စုတောင်သုံးလုံးရွာတွင် အမက(ခွဲ)မှ အမကကျောင်းအဆင့်တိုးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခြင်း။


ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် ၊တာချီလိတ်မြို့နယ် ၊တာလေမြို့ ၊နားယောင်းကျေးရွာအုပ်စု
တောင်သုံးလုံးရွာတွင် ယနေ့နံနက်(၉း၀၀)နာရီတွင် တောင်သုံးလုံး အခြေခံပညာမူလတန်းကျောင်း(ခွဲ)မှ
အခြေခံပညာမူလတန်းကျောင်းအဆင့်သို့ တိုးမြှင့်သည့် အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ တာချီလိတ်မြို့နယ်ပညာရေးမှူးကိုယ်စား လက်ထောက်မြိုနယ်ပညာရေးမှူးဦးမြင့်ဝင်းလှ၊
တာလေကျောင်းနယ်မြေမှူး အထကတာလေကျောင်းအုပ်ကြီးဦးကျော်ဆန်း၊ အထကခွဲနားအွန်ကျောင်းအုပ်ကြီး ဦးစိုင်းရှဲန်တို့နှင့်အတူ ကျောင်းအုပ်စုမှူးနှင့်ကျောင်းအုပ်ကြီးများ
တောင်သုံးလုံးရွာသူကြီးနှင့် တာဝန်ရှိသူများ၊ တာချီလိတ်မြို့ပေါ်မှ အလှူရှင်လုပ်ငန်းရှင်များ
မိဘပြည်သူများ၊ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြပါသည်။


အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးကိုယ်စား လက်ထောက်မြို့နယ်ပညာရေးမှူးဦးမြင့်ဝင်းလှက အဖွင့်
အမှာစကားပြောကြားပါသည်။ ထို့နောက်ကျောင်းနယ်မြေမှူး အထကတာလေကျောင်းအုပ်ဆရာကြီး
ဦးကျော်ဆန်းက ကျောင်းအဆင့်တိုးခြင်းနှင့်ပတ်သက်၍ အကျယ်တစ်ဝင့် ရှင်းလင်းပြောကြားပါသည်။
အခမ်းအနားတွင် တောင်သုံးလုံးရွာသူကြီး ဦးလီဆာကိုယ်စား တောင်သုံးလုံးရွာနေတာချီလိတ် မြို့နယ် စိုက်ပျိုးရေးဌာနမှ လက်ထောက်ဦးစီးမှူး ဦးရွှေဟုန်းတန်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်။

အခမ်းအနားအား နံနက်(၁၁း၀၀)နာရီတွင် အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။
ကျေးရွာမှ နေ့လည်စာဖြင့် ဧည့်သည်များအား ကျွေးမွေးဧည့်ခံကြောင်း သိရှိရပါသည်။

သတင်းပေးပို့သူ ၊ မြတ်မျိုးမြင့်မာန်

Saturday, 2 June 2018

တာချီလိတ်မြို့နယ် မိုင်းကိုးအုပ်စု အမက(ခွဲ)နမ့်ဖုန်းကျောင်းအဆင့်တိုးခြင်း အခမ်းအနား ကျင်းပပြုလုပ်ခြင်း။


 (၂.၅.၁၈) စနေနေ့နံနက် (၁၀း၀၀) နာရီတွင် တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု နမ့်ဖုန်း လားဟူ
ရွာတွင် အခြေခံပညာမူလတန်းကျောင်းခွဲ  ကျောင်းအဆင့်တိုးရရှိခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့
ပါသည်။ အဆိုပါအခမ်းအနားအား ကျေးရွာနာယကအဘနှင့် လက်ထောက်မြိုနယ်ပညာရေးမှူးဦးမြင့်ဝင်းလှ တို့က ဖဲကြိုးဖြတ်၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပါသည်။
အခမ်းအနားတွင် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမြင့်ဝင်းလှက အဖွင့်အမှာစကားပြောကြားခဲ့ပြီး
ကျေးရွာ အမျိုးသမီးခေါင်းဆောင်ဒေါ်နာရှဲက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။


အခမ်းအနားသို့   ကျောင်းနယ်မြေမှူးအထကခွဲဝမ်ပုံ ကျောင်းအုပ်ကြီးဒေါ်တင်အေး၊ အလက၀မ်တုံကျောင်းအုပ်ဆရာကြီးဦးမြင့်သောင်းတို့နှင့်အတူ ကျောင်းအုပ်စုနယ်မြေအတွင်း
ဆရာဆရာမများ၊ကျေးရွာအုပ်စုအတွင်းမှဖိတ်ကြားထားသူများ၊ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများ
နမ့်ဖုန်း ရွာသူရွာသားများ တက်ရောက်ခဲ့ကြပါသည်။



အခမ်းအနားတွင် အမကခွဲ ဆက်လက်တိုးတက်အောင်မြင်စေရေးအတွက် လက်ထောက်မြို့နယ်
ပညာရေးမှူးဦးမြင့်ဝင်းလှနှင့် ရပ်ရွာတာဝန်ရှိသူများ ဆွေးနွေညှိနှိုင်း ခဲကြပါသည်။


အခမ်းအနားအပြီးတွင် တက်ရောက်လာသူများအား မှတ်တမ်းဓာတ်ပုံများရိုက်ကူးခြင်းနှင့်
နမ့်ဖုန်းရွာမှ နေ့လည်စာဖြင့် တက်ရောက်လာသူများအား တည်ခင်းဧည့်ခံခဲ့ကြပါသည်။
အဆိုပါကျေးရွာသည် မိုင်းကိုးကျေးရွာအုပ်စု နယ်မြေအတွင်းရှိသောလည်း နယ်မြေအနေအထားအရ
မိုင်းဖုန်း(က)ကျေးရွာအုပ်စုနှင့်လမ်းပန်းဆက်သွယ်ရေး ဆက်စပ်နေကြောင်းသိရပါသည်။
ထို့ပြင် မယ်ခေါင်မြစ်နဘေးတွင်ရှိပြီး  သာယာလှပသောကျေးရွာလေးတစ်ခုလည်းဖြစ်ပါသည်။
ပညာတတ်များ မကြာခင်ပေါ်ထွန်းလာပြီး ရွာအကျိုးရပ်အကျိုးသ.ယ်ပိုးနိုင်မည် ပညာတတ်များ
ပေါ်ထွန်းလာတော့မည်ဖြစ်သဖြင့် အမကခွဲအဖြစ် ကိုယ်ထူကိုယ်ထကျောင်းလေးအခြေအနေမှ
အဆင့်တိုးမြှင့်ပေးခဲ့သည် ပညာရေးဝန်ကြီးဌာနအား ကျေးရွာသူရွာသားများက အထူးကျေးဇူးတင်လျက်ရှိပါကြောင်းသိရှိရပါသည်။

သတင်းရေးသားသူ  -  မြတ်မျိုးမြင့်မာန်

Sunday, 5 February 2017

တာချီလိတ်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စည်းကမ်းချက်များထပ်ဆင့်ရှင်းလင်းပွဲကျင်းပ



(၅.၂.၂၀၁၇) တနင်္ဂနွေနေ့ နံနက်(၉)နာရီတွင် တာချီလိတ်မြို့နယ် အထက-တာချီလိတ်ခန်းမ၌
၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲစာစစ်ဌာန ကြီးကြပ်ရေးမှူးများ
လက်ထောက်ကြီးကြပ်ရေးမှူးများ နှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များ ထပ်ဆင့်
ရှင်းလင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

 ထပ်ဆင့်ရှင်းလင်းပွဲသို့ မြို့နယ်ပညာရေးမှူး ၊လက်ထောက်မြို့နယ်ပညာရေးမှူးနှင့် အထက်တန်း အလယ်တန်းမူလတန်းကျောင်းအုပ်ကြီးများနှင့် လက်ထောက်ဆရာဆရာမများတက်ရောက်ခဲ့ကြပါသည်။


အဖွင့်အမှာစကားအား မြို့နယ်ပညာရေးမှူး ဒေါ်မာမာဦးကပြောကြားခဲ့ပြီးထပ်ဆင့်ရှင်းလင်းပွဲ
ဆိုင်ရာများကို သက်ဆိုင်ရာအထက်တန်းကျောင်းအုပ်ကြီးများက အသေးစိတ်ရှင်းလင်းပြောကြား
ခဲ့ပါသည်။



အလားတူ ထပ်ဆင့်ရှင်းလင်းပွဲကို (၅.၂.၂၀၁၇) ခုနံနက်(၉)နာရီတွင် တာချီလိတ်မြို့ တာလေ
အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပခဲ့ကြောင်းသိရှိရပါသည်။


၂၀၁၆-၂၀၁၇ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တာချီလိတ်မြို့နယ်တွင် အထက-
တာချီလိတ်စာစစ်ဌာနနှင့် အထက-တာလေစာစစ်ဌာန (၂)ခုဖွင့်လှစ်၍ ကျင်းပစစ်ဆေးသွားမည်
ဖြစ်ပါသည်။
              ယနေ့ထပ်ဆင့်ရှင်းလင်းပွဲတွင် စတုတ္ထတန်းနှင့်အဌမတန်း စာစစ်ဌာနများအတွက်
တာဝန်ယူကြမည့် ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများ လိုက်နာရန်အတွက်
ကိုလည်း တပါတည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

                                                                         သတင်းတင်ပြသူ -  မြတ်မျိုးမြင့်မာန်


Thursday, 10 December 2015

တာချီလိတ်မြို့နယ်စာရေးဆရာအသင်း မှ စာရေးဆရာများ၏ စာအုပ်မိတ်ဆက်ပွဲ ဖိတ်ကြားခြင်း။



   တာချီလိတ်မြိုနယ်စာရေးဆရာအသင်း မှ စာရေးဆရာများ ဖြစ်ကြသော စာရေးဆရာ နန်းရွှေလီကြိုင်
(ဦးစိုင်းအောင်ကြိုင်)  နှင့် စာရေးဆရာနိုင်မောင်မောင် (ဦးမောင်မောင်နိုင်)တို့၏ စာအုပ်အသစ်များအား
မိတ်ဆက်ပွဲကို  အောက်ဖော်ပြပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ တာချီလိတ်မြို့နယ် စာရေးဆရာအသင်းဝင်များနှင့်တကွ စာပေ၀ါသနာရှင်များအားြ့ကွရောက်နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။

အချိန်      နံနက် (၇)နာရီ မှ (၉)နာရီ
နေ့ရက်    ၁၂.၁၂.၂၀၁၅  (စနေနေ့)
နေရာ     JA (1) ၀မ်ကောင်းရပ်၊တာချီလိတ်မြို့

အကျွေးအမွေးအား နန်းကြီးသုတ်ဖြင့်ဧည့်ခံရန်စီစဉ်ထားပါသည်။



စာရေးဆရာနန်းရွေလီကြိုင်၏ ဒသမမြောက်ထုတ်ဝေသည့် စာအုပ်ဖြစ်ကြောင်း ဘာသာရေးစာအုပ်(၇)အုပ်
နှင့် အခြား(၃)အုပ်ထုတ်ဝေခဲ့ကြောင်းသိရှိရပါသည်။ စာရေးဆရာနိုင်မောင်မောင်၏ ပထမဆုံးထုတ်ဝေ
သည့်စာအုပ်ဖြစ်ကြောင်း သိရှိရပါသည်။





                                             အကျိုးဆောင်ဖိတ်ကြားသူ   -  မြတ်မျိုးမြင့်မာန် (ဦးမြင့်ဝင်းလှ)
                                                                                   တာချီိလိတ်မြို့နယ်စာရေးဆရာအသင်း
                                                                                   အွန်လိုင်းအယ်ဒီတာ



















Monday, 7 September 2015

တာချီလိတ်တွင် ဆရာဆရာမများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်




တာချီလိတ်မြို့နယ် တာလော့အခြေခံပညာမူလတန်းလွန်ကျောင်း၌ တာချီလိတ်မြို့နယ်
ဆရာဆရာမများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို (၇.၉.၁၅) နံနက်တွင်
ကျင်းပပြုလုပ်ရာ မြို့နယ်ပညာရေးမှူးဦးစိန်ထွန်းလှ ၊သင်တန်းကြီးကြပ်သူ ဦးစီးအရာရှိ
ဒေါ်မာလာခိုင်၊သင်တန်းတာဝန်ခံ လက်ထောက်မြို့နယ်ပညာရေးမှူးဦးမြင့်ဝင်းလှ
သင်တန်းနည်းပြကျောင်းအုပ်ကြီးများ၊သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။







သင်တန်းကို (၇.၉.၁၅) မှ (၁၆.၉.၁၅) အထိ ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
မကြာမီပြောင်းလဲလာမည့် မြန်မာနိုင်ငံ၏သင်ရိုးညွှန်းတမ်းသစ်များတွင် ပါဝင်မည့်
သင်ကြားနည်းစနစ်များ၊နည်းပညာများကို သင်ကြားပို့ချခြင်းဖြစ်ပြီး
ပညာရေးဝန်ကြီးဌာနနှင့်ယူနီဆက်တို့ ပူးပေါင်းဆောင်ရွက်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

                           သတင်း /ဓာတ်ပုံ  မြတ်မျိုးမြင့်မာန်

Saturday, 24 January 2015

တာချီလိတ်မြို့နယ်တွင် ကျောင်းအဆင့် ပညာရေးစုံညီပွဲတော်များနှင့်ပညာရည်ချွန်ဆုပေးပွဲများကျင်းပလျက်ရှိ




တာချီလိတ်မြို့နယ်တွင် မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ ဦးဆောင်မှုဖြင့် (၉.၁.၁၅) ရက်နေ့တွင်
မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို အောင်မြတ်ခန်းမတွင် ခမ်းနားစွာကျင်းပပြီးစီးခဲ့ပါသည်။


၁၀.၁.၁၄ ရက်နေ့မှာ ယနေ့အထိ တာချီလိတ်မြို့နယ်အတွင်းရှိ အထက်တန်း အလယ်တန်း
မူလတန်းကျောင်းများသည် ကျောင်းအဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ
များကို ကျင်းပပြုလုပ်လျက်ရှိရာ ဒေသခံကျောင်းအကျိုးဆောင်အဖွဲ့များ၊မိဘဆရာအသင်းများကတက်ကြွစွာအားပေးကူညီလျက်ရှိကြောင်းသိရှိရပါသည်။


          တာချီလိတ်မြို့နယ်ပညာရေးမှူးဦးစိန်ထွန်းလှ၊ဒုမြို့နယ်ပညာရေးမှူးဦးညွန့်ဝင်း၊
လက်ထောက်မြို့နယ်ပညာရေးမှူးဦးမြင့်ဝင်းလှတို့က ကျောင်းအသီးသီးရှိ ပညာရေးစုံညီပွဲတော်
နှင့် ပညာရည်ချွန်ဆုပေးပွဲများအား တက်ရောက်အားပေးလျက်ရှိကြောင်း သိရှိရပါသည်။









ယနေ့(၂၄.၁.၁၅) ရက်နေ့တွင် တာချီလိတ်မြို့နယ်တွင် အမက-၀မ်မိုင်(၂)နှင့်အမက-နမ့်လုတ်တို့တွင်
ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲများကျင်းပခဲ့ကြောင်းကိုလည်း သိရှိရပါသည်။




                                            သတင်း/ဓာတ်ပုံ - မြတ်မျိုးမြင့်မာန်


Sunday, 11 January 2015


Friday, 26 December 2014

ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း ၏ မိုင်းဖုန်းပညာရေး ကူညီပံ့ပိုးမှု




(၂၇.၁၂.၁၄) ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်လွှတ်တော်
ကိုယ်စားလှယ်ဒေါ်တင်မေထွန်းသည် တာချီလိတ်ခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ
တာဝန်ရှိသူများ လိုက်ပါလျက် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု နမ့်လွတ်ရွာ
အမက-၀မ်မိုင်(၁)သို့ ပညာရေးပံ့ပိုးရန် ရောက်ရှိလာပြီး
ကျောင်းတွင်လိုအပ်နေသော စာရေးခုံနှင့်
ထိုင်ခုံရှည် (၆)စုံအား တပါတည်း လှူဒါန်းခဲ့ပါသည်။




အဆိုပါ လှူဒါန်းခြင်းသို့ မိုင်းဖုန်း(ခ)ကျောင်းမိသားစုမှူး၊
ဝှေလေလန်မူလွန်ကျောင်းအုပ်ကြီးဦးမြင့်ဝင်းလှနှင့်
အမက၀မ်မိုင်(၁)ကျောင်းအုပ်ကြီးဒေါ်ယဉ်ယဉ်နွဲ့နှင့်
ကျောင်းအုပ်ကြီးများ၊ကျေးရွာသူကြီး
များနှင့်ကျောင်းအကျိုးဆောင်၊မိဘဆရာအသင်းဝင်များ
ကျောင်းသားကျောင်းသူများမှ လှိုက်လှဲစွာကြိုဆိုခဲ့ကြကြောင်း
သိရှိရပါသည်။

                     သတင်း/ဓာတ်ပုံ - မြတ်မျိုးမြင့်မာန်




Saturday, 6 December 2014

တာချီလိတ်မြို့တွင် စတုတ္ထတန်းနှင့်အဌမတန်း အကြိုစာမေးပွဲဆိုင်ရာ အစည်းအဝေး ကျင်းပ



(၇.၁၂.၂၀၁၄) နံနက် ၉း၀၀ နာရီတွင် အထက-တာချီလိတ်တွင် တာချီလိတ်ခရိုင်အတွင်း စတုတ္ထတန်းနှင့်
အဌမတန်း အကြိုစာမေးပွဲကျင်းပရေးဆိုင်ရာအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်း
အဝေးသို့ ခရိုင်စုပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး ဒေါ်သက်ထား၊တာချီလိတ်မြို့နယ်ပညာရေးမှူး
ဦးစိန်ထွန်းလှနှင့် ဒုတိယမြို့နယ်ပညာရေးမှူး လက်ထောက်မြို့နယ်ပညာရေးမှူးများ၊ ကြီးကြပ်ရေးမှူး
အဖြစ် တာဝန်ယူကြမည့် ကျောင်းအုပ်ကြီးများတက်ရောက်ခဲ့ပါသည်။



အစည်းအဝေးတွင် ခရိုင်ပညာရေးမှူး ဒေါ်သက်ထားက  မြန်မာ့ပညာရေးမြင့်မားပြီး ကလေးများ ပိုမိုတတ်မြောက်အောင်မြင်ရေးအတွက်စည်းမျဉ်းစည်းကမ်းများကိုလိုက်နာပြီး  စနစ်တကျ တာဝန်ယူဆောင်ရွက်သွားကြရန် နှင့် လိုအပ်သည်များကို အသေးစိတ်မှာကြားပါသည်။ မြို့နယ်
ပညာရေးမှူးဦးစိန်ထွန်းလှ က ဆက်လက်၍ စာစစ်ဌာနအလိုက် တာဝန်ပေးအပ်မည့် လက်ထောက်
ကြီးကြပ်ရေးမှူးများ ဆိုင်ရာနှင့် လုပ်ဆောင်ရန်များကို သက်ဆိုင်ရာနယ်မြေမှူးအုပ်စုမှူးကျောင်းအုပ်
ကြီးများနှင့် ပေါင်းစပ်ညှိနှိုင်းတာဝန်ပေးအပ်ခဲ့ပါသည်။



အဆိုပါစာမေးပွဲများကို (၁၆.၁၂.၁၄) ရက်နေ့မှ (၂၃.၁၂.၁၄) အထိ ကျင်းပသွားမည်ဖြစ်ပါသည်။
တာချီလိတ်မြို့နယ်တွင် စတုတ္ထတန်းစာစစ်ဌာန(၁၈) ခုရှိမည်ဖြစ်ပြီး အဌမတန်းစာစစ်ဌာန(၇)ခု
ဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

ကြီးကြပ်ရေးမှူးများ  တာဝန်ပေးအပ်ရာတွင်လည်း မိမိကျောင်း မိမိနယ်မြေအား တာဝန်ပေးအပ်ခြင်း
မပြုဘဲ သီးခြားနေရာများတွင်သာ တာဝန်ပေးအပ်ကြောင်း သိရှိရပါသည်။

စာမေးပွဲ စည်းကမ်းများအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ကဲ့သို့ စနစ်တကျကြီးကြပ်ဆောင်ရွက်ရန်
စီစဉ်ထားရှိကြောင်းသိရှိရပါသည်။ယင်းကဲ့သို့ဆောင်ရွက်ခြင်းဖြင့် အရည်အသွေးမြင့်မားသော
ကျောင်းသားကျောင်းသူများ ပိုမိုထွန်းကားလာစေမည်ဖြစ်ကြောင်းလည်း  သိရှိရပါသည်။

                                            သတင်း / ဓာတ်ပုံ  -  မြတ်မျိုးမြင့်မာန်