Showing posts with label မင်းအေးငြိမ်းဈေ. Show all posts
Showing posts with label မင်းအေးငြိမ်းဈေ. Show all posts

Wednesday, 9 October 2013

တယ်လီနော် ကုမ္ပဏီက chairman ကြီးရဲ့၊'' မြန်မာ တွေရဲ့ ဖြူစင်တဲ့စိတ်ထားတွေကို
တိုးရစ် အနေနဲ့ လာလည်တုံးကတွေ့ခဲ့ရလို့ မြန်မာပြည်မှာရင်းနှီးမြုပ်နှံဖို့ ဆုံးဖြတ်ခဲ့တာ''
ဆိုတဲ့စကားရယ်၊
ကိုထူးဆန်း ရဲ့ ရွာမှာ ပြောရဲ၊မေးရဲ၊ဖြေရဲတဲ့သူတွေက ရွာလူမိုက်တွေနဲ့၊ တောဂေါ်လီတွေ
ဖြစ်ကြောင်းသုံးသပ်ချက်ရယ်..
ရွှေဘ ကိုအထိမခံတဲ့သူတွေနဲ့၊ ဦးကျောက်လုံးကို အမှုန့်ချေချင်နေသေးတဲ့သူတွေ အကြောင်း
စဉ်းစားမိရင်း ကျွန်တော့် ကိုယ်တွေ့လေးတွေနဲ့ဆက်စပ်ပြီး အတွေးပွားခဲ့ရပါတယ်၊
အလုပ်အဆင်မပြေတဲ့ ရွာသားအချို့ကို ကျွန်တော့် ခြံထဲမှာ နေရာချထားပေးဖြစ်ပါတယ်၊
လစာလဲ သင့်အောင်ပေးထားခဲ့ပါတယ်၊
တစ်နေ့ ခြံထဲကသူတို့တွေ စလောင်းနဲ့ တီဗွီ နဲ့ကြည့်နိုင်အောင် ခြံဝင်းထဲလှည့်ကြည့်နေမိပါတယ်၊
အဲဒါကိုသူတို့မြင်တော့ ဘာကြည့်နေတာလဲ တဲ့၊
ကျွန်တော်ကလဲ ဂြိုဟ်တု စလောင်းဆင်ဖို့နေရာလိုက်ကြည့်နေကြောင်း ဖြေမိပါတယ်၊
နောက်တစ်ပတ်လောက် ခြံထဲရောက်တော့ ဆို့သွားရတယ်၊
ကျွန်တော်အမြတ်တနိုး စိုက်ထားတဲ့ အပင်တွေကို ခုတ်ထားလိုက်တာဗျာ၊
အမြစ်တောင်မကျန်ဘူး၊
ကျွန်တော်တော်တော်စိတ်မကောင်းဖြစ်သွားလို့ မေးရတော့တယ်၊
အဲဒီအပင်တွေကို ဘာဖြစ်လို့ခုတ်ပစ်လိုက်ရတာလဲ လို့၊
အဲဒီအခါ ကျွန်တော်စလောင်းဆင်တဲ့အခါ အသင့်ဖြစ်အောင် ၊အပင်တွေအကုန်ခုတ်ပစ်တာ တဲ့၊
စဉ်းစားကြည့်နော်၊ ကျွန်တော် ဘာမှမခိုင်းခဲ့ဘူး၊ နေရာတောင်မသတ်မှတ်ရသေးဘူး၊
အပြတ်ရှင်းလိုက်ကြတာဗျာ၊
ဒီတော့လဲ ပြောပါရစေ၊
အမြစ်ပါမကျန် ရှင်းလင်းခံခဲ့တဲ့နေရာမှာ ကျွန်တော်မြတ်နိုးတဲ့အပင်တွေ
အသစ်ပြန်စိုက်ရပါဦးမယ်၊
အချိန်လဲ အများကြီးယူရပါဦးမယ် လို့....။

(ထိန်မင်း)

Tuesday, 25 September 2012

မြက်ခင်း

ရှင်ဖို့ လိုတယ်
သန်ဖို့လိုတယ်

ရှည်လာက
ဖြတ်ကြ...။
(မင်းအေးငြိမ်းဈေ)

ကြွေမ

မနမ်းရက်စရာ
နုညက်လွှာသင်းပျံ့
ဖြူလွှလွှနှင်းပွင့်
အလှတင့်လေတိုင်း
“ပြေးစိုင်းလေသမျှ
နင်ထိသျှပြီပေါ့” လို့
ဆို့ဆို့နင်နင်နဲ့
ပြောခဲ့ပါတဲ့
ငယ်စဉ်ခါထဲကရင်မှနင့်နင့်ဆူး
သက်လျာဦးကို
မော့ဖူးနွဲ့မှီ
မျက်ဖြေရည်ကြည်သာ
“တခဏတာမျှ၊
ရှင်းပြချင်လိုက်တာ”လို့
ဖွဖွဆိုရင်း
တိုးညှင်းညင်သာ
ထွက်ခွာသွားသူ
စိတ်မှာပူနေ
အယူဖြောင့်မှဖြစ်မယ်ကြွေ...။
(မင်းအေးငြိမ်းဈေ)

Thursday, 20 September 2012

ကူးစက်ရောဂါ

ဒို့မြို့လေးက
ဖွံ့ဖြိုးတိုးတက်နေတယ်
ဒီတော့လှုပ်လှုပ်ရှားရှားနဲ့ပေါ့
ထို့နည်းတူ
ဘာလုပ်လုပ်တော်တော်မြန်နေတယ်
သွားသုတ်သုတ်
စားသုတ်သုတ် နဲ့
မြန်မြန်မြန်မြန် ဆိုတာ
မတွေ့ချင်မှအဆုံး
ဒီလိုမြန်နှုံးမြင့်နဲ့သွားနေတော့
လိုရာကိုအမြန်ဆုံးရောက်သွားနိုင်တယ်
ထို့နည်းတူ
အမှားတွေဆီကိုလဲအမြန်ဆုံးရောက်သွားနိုင်တယ်
သေရွာဆီကိုလဲအမြန်ဆုံးရောက်သွားနိုင်တယ်
သေခြာတာကတော့
ပတ်ဝန်းကျင်မှာ
နှလုံးရောဂါသည်တွေအမြန်နှုံးနဲ့တိုးလာတယ်ဆိုတာပါပဲ၊
(မင်းအေးငြိမ်းဈေ)






ကြောင်တောင်ကန်း

အစားထိုးမရနိုင်တာက
မိဘ နဲ့အချိန်
တန်ဘိုးအရှိဆုံးကလဲ
ဒါပဲ
ခက်တာက
လေကို
အခမဲ့ရနေလေတော့.......။
(မင်းအေးငြိမ်းဈေ)

ကျန်တာ အသာထား

ကျွန်တော်
မပျော်ဘူး

အိုဇုံးလွှာပေါက်နေတယ်
ရေတွေကြီးနေတယ်
ငလျင်တွေလှုပ်နေတယ်
မိုးတွေခေါင်နေတယ်

ဒါထက်အရေးကြီးတာက
ကျွန်တော့သားလေး
ကိုယ်နွေးနေတယ်...။
(မင်းအေးငြိမ်းဈေ)

Wednesday, 19 September 2012

ပေါ်လီယာနာငိုချင်းချတဲ့နေ့

ပျားတွေက
များမှများ
ရှဉ့်တွေကတော့
ဟော့ဟော့ရမ်းရမ်း
အိမ်ရှင်
ကျူပင်မျက်ခုံးလှုပ်နေတယ်...။
(မင်းအေးငြိမ်းဈေ)

ခရီးသွားလမ်းညွှန်

ပင်လယ်ပြင်ကိုဖြတ်တော့မယ်ဆိုရင်
အားရှိဖို့တော့လိုမယ်
တက်နဲ့ရွက်ကိုအားကိုးတယ်ဆိုလဲ
တက်နဲ့ရွက်အကြောင်း
ကောင်းကောင်းသိဖို့လိုမယ်
တစ်ခုတော့ရှိပါတယ်
မထင်တာတွေဖြစ်လာခဲ့ရင်
ဖြစ်တတ်ပါတယ်လို့
သဘောထားလိုက်ဖို့ပါ၊
(မင်းအေးငြိမ်းဈေ)

Tuesday, 18 September 2012

တန်ဘိုး

တစ်ရာဘိုး
ခိုးသူ

တစ်သန်းဘိုး
ခိုးသူ

ငတ်၍သေသည့်
သား၏ဖခင်....။
(မင်းအေးငြိမ်းဈေ)

ရနံ့သက်သေ

ရနံ့သက်သေ

မြေခကြွေကျ မြခရေ
သေမှရှင်ရ ပန်းတေလေ....။