Showing posts with label သတင်းဓာတ်ပုံ. Show all posts
Showing posts with label သတင်းဓာတ်ပုံ. Show all posts

Tuesday, 4 August 2015

ပါလျိုးကျိုင်းလပ်ဒေသ ရေဘေး တာချီလိတ်မြို့နယ်ပညာရေးမှ ကူညီဆောင်ရွက်ခြင်း


၂၀၁၅ခု သြဂုတ်လ(၄)ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်မြို့နယ်ပညာရေးမှူးဦးစိန်ထွန်းလှ
ဦးဆောင်သော လက်ထောက်မြို့နယ်ပညာရေးမှူးဦးစိုင်းရှဲန်ရွက်ပါဝင်သည့် ပညာရေးဝန်ထမ်း
(၁၃)ဦးသည် ခေါက်ဆွဲဖာများ၊ရေသန့်၊အ၀တ်အစားများ ယူဆောင်လျက် ပါလျိုးကျိုင်းလပ်ဒေသ
ကယ်ဆယ်ရေးဆောင်ရွက်နိုင်ရန်ကွင်းဆင်းခဲ့ပါသည်။

တံတားများကျိုးနေသဖြင့် သွားလာရေးအခက်အခဲများအရ လက်ထောက်မြို့နယ်ပညာရေးမှူး
ဦးစိုင်းရှဲန်ရွက်ဦးစီးစေပြီး  မြို့နယ်ပညာရေးမှူးဦးစိန်ထွန်းလှသည်ပြည်နယ်စစ်ဆေးရေးအဖွဲ့
လာရောက်သည့်ခရီးစဉ်အတွက် တာချီလိတ်မြို့ပေါ် ပြန်လည်ရောက်ရှိပြီး ပညာရေးစီမံခန့်ခွဲရေး
လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ခဲ့ပါသည်။




ဖုန်းသတင်းရရှိချက်များအရ မိုင်းပါလျိုးအုပ်စု နမ့်ဖျန်ကျောင်းမှာ အဆောက်အဦများပြိုပျက်ပြီး
ရေထဲမျောပါသွားခဲ့ကြောင်း ၊ အမက-၀မ်မီးမိုင်မှာ ကျောင်းနံရံများပွင့်ထွက်သွားပြီး ခုံများရေထဲမျောပါသွား
ကြောင်း၊ နမ့်ကိုင်း အခြေခံပညာမူလတန်းလွန်ကျောင်းမှာ ကျောင်းဆောင်ဟောင်းနံရံတခြမ်း
ပြိုကျခြင်း၊ ကျောင်းအဆောက်အဦးတွင်း ကန့်ထားသောနံရံအားလုံးပြိုကျကြောင်း၊ ကျောင်း
အဆောက်အဦးထဲတွင်သစ်ပင်ရွံ့နွံများ ပြည့်နှက်နေကြောင်း ခုံများရေထဲမျောပါကုန်ကြောင်း
ကျောင်းဝန်ထမ်းအိမ်ရာပျက်စီးသွားပြီး အဆောက်အဦးပျက်ထဲတွင် ရွံ့နွံ့ပေါင်လောက်ရှိသေး
ကြောင်း၊အလယ်တန်းပြဆရာမ ဒေါ်မာမာရီ၏သမီး ရေထဲမျောပါ ပျောက်ဆုံးနေကြောင်းသိရှိ
ရပါသည်။




တာချီလိတ်မြို့နယ်ပညာရေးဌာန ကယ်ဆယ်ရေးအဖွဲ့သည် ၅.၈.၁၅ ရက်နေ့ (၉း၀၀)နာရီတွင်
မူလွန်နမ့်ကိုင်းသို့ ရောက်ရှိကူညီလျက်ရှိကြောင်းသိရှိရပါသည်။





တာချီလိတ်မြို့နယ်ပညာရေးဌာနသည် (၅.၈.၁၅) ရက်နေ့ နံနက်(၉း၀၀) နာရီတွင် မြို့နယ်တွင်း
ရှိ ပညာရေးဌာန ကျောင်းအုပ်ကြီးများအား အရေးပေါ်ခေါ်ယူတွေ့ဆုံ၍ ရေးဘေးကူညီရေးလုပ်ငန်း
များ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေးပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင်
မြို့နယ်ပညာရေးမှူးဦးစိန်ထွန်းလှ ၊လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမြင့်ဝင်းလှတို့မှ ဦးဆောင်ပြီး
ကယ်ဆယ်ရေးအတွက် လိုအပ်သည့် အစီအစဉ်များကို ချပြ ညှိနှိုင်းပြီး ညနေ(၂း၀၀) နာရီတွင်
တာချီလိတ်မြို့နယ်ပညာရေးဝန်ထမ်းများ ဒုတိယအကြိမ်လှူဒါန်းသည့် ငွေနှင့်ပစ္စည်းများကို
သွားရောက်ပို့ဆောင်ရန် ဆုံးဖြတ်၍ အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း
သတင်းရရှိပါသည်။

တာချီလိတ်ခရိုင်ပြန်/ဆက်မှ ဓာတ်ပုံမှတ်တမ်းအချို့ကို မှီငြမ်းတင်ပြခဲ့ကြောင်း ၀န်ခံပါသည်။

                                သတင်း / ဓာတ်ပုံ   မြတ်မျိုးမြင့်မာန်

Monday, 15 June 2015

ဘိန်းအစားထိုးသီးနှံမျိုးစေ့ နှင့် နှစ်ချင်းနှစ်ရှည် ပျိုးပင်များ ပေးအပ်



ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးလျော့နည်းပပျောက် ရေးအတွက် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ တောင်သူများအား ဘိန်းအစားထိုး သီးနှံမျိုးစေ့များ၊ နှစ်ချင်း၊ နှစ်ရှည်ပျိုးပင်များ နှင့် ဓာတ်မြေသြဇာများ အခမဲ့ပေးအပ်ပွဲကို ယနေ့ ဇွန်လ ၁၅ ရက်၊ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။



အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ အား ယင်းမာစီမံချက် လူထုလှုပ်ရှားမှုအသွင်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အသိပညာပေး ဟောပြောပွဲများကျင်းပခြင်း၊တိရစ္ဆာန်ကာကွယ်ကုသရေးလုပ်ငန်းများဆောင်ရွက်ခြင်း အပြင် ဘိန်းအစားထိုး သီးနှံ မျိုးစေ့များ၊ နှစ်ချင်းနှစ်ရှည်ပျိုးပင်များနှင့် ဓာတ်မြေသြဇာများပေးအပ်ခြင်းဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း တစ်ခုအဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။


ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ် က ဘိန်းအစားထိုးသီးနှံစိုက် ပျိုးရေးအတွက် မျိုးစေ့ နှင့် ပျိုးပင်များ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က အစားထိုးသီးနှံမျိုးစေ့၊ နှစ်ချင်း၊ နှစ်ရှည်ပျိုးပင်များနှင့်ဓာတ်မြေသြဇာများအား ကျေးရွာအုပ်စုများမှ တောင်သူကိုယ်စားလှယ်များထံပေးအပ်သည်။


ဆက်လက်၍ မွန်းလွဲ ၁ နာရီတွင် ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးနည်းပညာပေးသင်တန်းအား ဖွင့်လှစ်ရာ မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ် နှင့် ၀န်ထမ်းများက သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်(၁၄)ချက်၊ ပိုးမွှားရောဂါ ကာကွယ်နည်း၊ နှိမ်နင်းနည်း နှင့်ပိုးသတ်ဆေးစနစ်တကျကိုင်တွယ်သုံးစွဲနည်း ၊ မြေအသုံးချနည်းပညာ၊ မျိုးကောင်း မျိုးသန့် သုံးစွဲရေး နည်းပညာ အကြောင်း သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။
ဝေယံလင်း(iprd)

မိုးပွင့်(အထူး)စီမံချက်နှင့်စပ်လျဉ်းပြီး တာချီလိတ်တွင် ရှင်းလင်း




ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား မှတ်ပုံ တင်ရေးဦးစီးဌာနမှ မိုးပွင့်(အထူး)စီမံချက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပွဲကို ယနေ့ ဇွန်လ ၁၅ ရက်၊ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း က မိုးပွင့်(အထူး)စီမံချက် ရှင်းလင်းပွဲကျင်းပရခြင်းနှင့် စပ်လျဉ်းပြီး အဖွင့်အမှာစကားပြောကြားသည်။ 






ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူးလက်ထောက်ညွှန်ကြားရေးမှူး
ဦးထွန်းသိန်း က မိုးပွင့်စီမံချက်(၁ မှ ၇)အထိ ဆောင်ရွက်ရာတွင် အသက် (၁၀) နှစ်ပြည့် ကလေးများ နှင့် အထက် အိမ်ထောင်စုလူဦးရေစာရင်းရှိသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မိုးပွင့်(အထူး)စီမံချက်တွင် (၆၆/၆)အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး အသက်(၁၈) နှစ်ပြည့် မဲပေးနိုင်သူ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေး သူများအား ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ယာယီအိမ် ထောင်စုလူဦးရေစာရင်းမှအိမ်ထောင်စု
လူဦးရေးစာရင်း ပြန်လည်ထုတ်ပေးရာတွင် လိုအပ်ချက်များနှင့် White card ပြန်လည် အပ်နှံခြင်း နှင့် နိုင်ငံသားကတ်ပြန်လည်ဆောင်ရွက်ရာတွင်လိုအပ်သည်များကို အကျယ်တ၀င့် ရှင်းလင်း ဟောပြောပြီး၊ ဒုတိယလ၀ကမှူး ဦးစိန်လွင် က နိုင်ငံသားအဖြစ် စိစစ်ခြင်းဆိုင်ရာ များကို ရှင်းလင်းပြော ကြားသည်။ ယင်းနောက် တက်ရောက်လာသည့် မြို့ပေါ်ရပ်ကွက် နှင့်
ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ နှင့် အဖွဲ့ဝင်များက လုပ်ငန်းများနှင့်စပ်လျဉ်းပြီး သိလိုသည်များအား မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။


ဝေယံလင်း(iprd)

တာချီလိတ်မြို့နယ်ဂီတအစည်းအရုံး ဖွဲ့စည်းတာဝန်ပေးအပ်ပွဲကျင်းပ





ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်ဂီတအစည်းအရုံး ဖွဲ့စည်းတာဝန်ပေးအပ်ပွဲကို ဇွန်လ ၁၄ရက်၊ နံနက် ၁၀ နာရီ က မြို့မဘောလုံးကွင်းအနီး (29)ဘတ် စားသောက်ဆိုင် တွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးလေး နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း တို့က တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားသည်။




ဆက်လက်၍ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ဒုတိယ ဥက္ကဋ္ဌ ဦးလွင်မြင့် က ရှေ့လုပ်ငန်းစဉ်များ နှင့် မြို့နယ်ဂီတအစည်းအရုံးများ ဖွဲ့စည်းတာဝန်ပေးအပ်ရခြင်းကို ရှင်းလင်းပြောကြားပြီး၊ ဗဟိုဒုတိယဥက္ကဋ္ဌ ဦးရေအေး က မြို့နယ်ဂီတအစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့ဝင်များစာရင်းအား ရှင်းလင်းကြေငြာသည်။ ထို့နောက် မြန်မာ နိုင်ငံ ဂီတအစည်းအရုံး(ဗဟို)မှ အလုပ်အမှုဆောင်ကော်မတီဝင် ဦးညွန့်လှိုင်လှိုင် က မြို့နယ်အလုပ်အမှုဆောင် ခန့်အပ်လွှာများအား ပေးအပ်ရာ မြို့နယ်ဂီတအစည်းအရုံး မှ အတွင်းရေးမှူး ဦးစိန်လွင် က လက်ခံယူသည်။


ယင်းနောက် မြို့နယ်ဂီတအစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့ကိုယ်စားဦးစိုင်းဆမ်(ခ)ဦးစိုင်းလွယ်ခမ်းက ကျေးဇူးတင်စကားပြောကြားပြီး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးလေး က နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနား တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူ များက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဝေယံလင်း(iprd)

Tuesday, 3 February 2015

တာချီလိတ်မြို့တွင် သင်ယူတတ်မြောက်မှုလေ့လာကြီးကြပ်ခြင်းဆောင်ရွက်



(၂.၂.၂၀၁၅) နံနက်(၉)နာရီတွင် သင်ယူတတ်မြောက်မှု လေ့လာကြီးကြပ်ခြင်း
 လုပ်ငန်းဆွေးနွေးပွဲကို တာချီလိတ်မြို့နယ် တာလော့မူလွန်ကျောင်းခန်းမတွင်   
ကျင်းပပြုလုပ်ခဲ့ပါသည်။




သင်ယူတတ်မြောက်မှု လေ့လာကြီးကြပ်ခြင်း လုပ်ငန်းဆွေးနွေးပွဲကို
ပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့်ယူနီဆက်တို့ ၏အစီအစဉ်ဖြင့်
ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်




အဆိုပါဆွေးနွေးပွဲကို အမှတ်(၂)အခြေခံပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး
  ဦးမြင့်ဝင်းမှလာရောက်ကြီးကြပ်ဆောင်ရွက်ပို့ချခဲ့ခြင်းဖြစ်ပါသည်။ ၄င်းဆွေးနွေးပွဲသို့ 
တာချီလိတ်မြို့နယ်အတွင်းမှ ကျောင်းအုပ်ကြီး (၂၃)ဦးမှတက်ရောက်ခဲ့ပြီး
  (၄.၂.၁၅)ရက်နေ့နှင့်(၅.၂.၁၅) ရက်နေ့များတွင် မြို့နယ်အတွင်းရှိ
ထက်လယ်မူကျောင်းများမှ (၂)တန်းနှင့်(၄)တန်း ကျောင်းသားကျောင်းသူများ၏
မြန်မာစာနှင့်သချာင်္ တတ်မြောက်မှုများကိုစစ်ဆေးသွားမည်ဖြစ်ပါသည်။




သင်တန်းတက်ရောက်ခဲ့သည့် ကျောင်းအုပ်ကြီးများသည် ၄င်းတို့၏ကျောင်းမဟုတ်သော 
အခြားကျောင်း များသို့ လမ်းညွှန်ချက်အတိုင်းချိတ်ပိတ်ထားသော မေးခွန်းများဖြင့် စစ်ဆေး
ရမည်ဖြစ်ပါသည်။


၎င်းတို့၏ဆောင်ရွက်ချက်များအား လ/ထညွှန်မှူးဦးမြင့်ဝင်းနှင့် လက်ထောက်မြို့နယ်
ပညာရေးမှူး ဦးမြင့်ဝင်းလှတို့က (၄.၂.၁၅) ရက်နေ့တွင် လိုက်လံကြည့်ရှု
စစ်ဆေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

                                    သတင်းဓာတ်ပုံ - မြတ်မျိုးမြင့်မာန်



Thursday, 29 January 2015

တာချီလိတ်တွင် ပြည်ထောင်စုနေ့အကြိုစာစီစာကုံးပြိုင်ပွဲကျင်းပ


(၂၈.၁.၁၅) နံနက်(၉း၀၀)နာရီတွင် တာချီလိတ်မြို့နယ် ပညာရေးဌာနမှ
ကြီးမှူးပြုလုပ်သော ပြည်ထောင်စုနေ့အကြိုစာစီစာကုံးပြိုင်ပွဲကို အထက 
တာချီလိတ်တွင် ကျင်းပပြုလုပ်ရာ တာချီလိတ်မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ
နှင့် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမြင့်ဝင်းလှတို့မှ ကြီးကြပ်ဆောင်ရွက်
ခဲ့ကြောင်း သိရှိရပါသည်။




ဖြေဆိုသူများ၏ အဖြေလွှာများကို တာချီလိတ်မြို့နယ်စာရေးဆရာအသင်းမှ
စစ်ဆေးပြီး ရွေးချယ်၍ ဆုများချီးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

                              သတင်း/ဓာတ်ပုံ -  မြတ်မျိုးမြင့်မာန်

Sunday, 25 January 2015

တာချီလိတ်မြို့နယ် ပါခုတ်မူလွန်တွင် ပညာရေးစုံညီပွဲတော်ကျင်းပ





တာချီလိတ်မြို့ နယ် ပါခုတ်အခြေခံပညာမူလတန်းလွန်ကျောင်းတွင် (၂၅.၁.၁၅)
ရက်နေ့ နံနက်(၉း၀၀)နာရီတွင် ပညာရေးစုံညီပွဲတော်ကိုကျင်းပခဲ့ရာ တာချီလိတ်
မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့်လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမြင့်ဝင်းလှ
မိုင်းဖုန်း(ခ)ကျောင်းမိသားစုဝင်ကျောင်းအုပ်ကြီးများနှင့်ဆရာဆရာမများ၊ဒေသအာဏာ
ပိုင်များ၊ကျောင်းအကျိုးဆောင်နှင့်မိဘဆရာအသင်းဝင်များ၊ကျောင်းသားကျောင်းသူများ
စုံညီစွာ တက်ရောက်အားပေးခဲ့ကြပါသည်။






အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးဦးစိန်ထွန်းလှက အဖွင့်အမှာစကားပြောကြားပြီး
လက်ထောက်မြို့နယ်ပညာရေးမှူးဦးမြင့်ဝင်းလှက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း
အကြောင်းကို ရှင်းလင်းပြောကြားပါသည်။ထို့နောက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်း
လွှာပေးအပ်ခြင်းနှင့် ထူးချွန်ဆုရကျောင်းသားကျောင်းသူများကို ဆုများချီးမြှင့်ကြပါသည်။






 ထို့နောက် ပါခုတ်မူလွန်ကျောင်းသားကျောင်းသူလေးများက ဖျော်ဖြေရေးအစီအစဉ်များဖြင့်တင်ဆက်ပြီး
ကြာဇံဟင်းခါးဖြင့် တည်ခင်းဧည့်ခံပြီး အခမ်းအနားကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။



                                                    သတင်း/ဓာတ်ပုံ - မြတ်မျိုးမြင့်မာန်

Thursday, 25 December 2014

တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ မြို့ရှောင်လမ်းဖောက်လုပ်ရေး ကွင်းဆင်းစစ်ဆေး





 ယနေ့( ၂၆.၁၂.၁၄) နံနက် ၉း၀၀နာရီတွင် 
 ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏
 ဦးဆောင်မှုဖြင့်တာချီလိတ်မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ 
တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းဝင်းနှင့်
ကော်မတီ အဖွဲ့ဝင်များ၊သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊
အဖွဲ့အစည်းများ၊ရန်အောင်မြေရပ်ကွက် တာဝန်ရှိသူများ၊
နိုင်ငံရေးပါတီမှ တာဝန်ရှိသူများ လိုက်ပါလျက် တာချီလိတ်မြို့နယ်
မြို့ရှောင်လမ်းဖောက်လုပ်နိုင်ရန်အတွက် သတ်မှတ်ထားရှိသော
အလံတိုင်နေရာအမှတ်အသားသို့  အခြေအနေမှန်တိုင်းတာရန်အတွက်
လမ်းအူကြောင်း မှန်ကန်စွာရွေးချယ်နိုင်ရန် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။










အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်တင်မေထွန်းကိုယ်တိုင်
ကြွရောက်၍ အကြံပေးညှိနှိုင်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။





ပြည်သူလူထု ထိခိုက်မှုအနည်းဆုံးဖြစ်အောင်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း နှင့်
လမ်းအနေအထားအရ မဖြစ်မနေ ထိခိုက်နစ်နာသူများအတွက် မနစ်နာစေရန်
အထက်အဖွဲ့အစည်းအဆင့်ဆင့်သို့ တင်ပြသွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

                                            သတင်း/ဓာတ်ပုံ - မြတ်မျိုးမြင့်မာန်



Friday, 12 September 2014

တာချီလိတ်ခရိုင် လူကုန်ကူးမှုတိုက်ဖျက်ရေး အထိမ်းအမှတ်အခမ်းအနား ကျင်းပ





တာချီလိတ်ခရိုင် လူကုန်ကူးမှုတိုက်ဖျက်ရေး အထိမ်းအမှတ်အခမ်းအနား ကို (၁၃.၉.၁၄) နံနက်(၉)
နာရီတွင် တာချီလိတ်မြို့ မေဖလားကွင်း ဟုတ်တက်ခန်းမတွင် ကျင်းပပြုလုပ်ရာ တာချီလိတ်စစ်ဗျူဟာမှူး
ဗိုလ်မှူးကြီးဇော်နိုင်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးတင်ဝင်းရွှေနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီးဝင်ထွန်းနှင့်ရဲတပ်ဖွဲမှတာဝန်ရှိသူများ၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းဝင်းနှင့်ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌဦးစိုင်းကျော်ဇံ၊မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှနှင့်ကျောင်းအုပ်ကြီးများ၊ကျောင်းသားကျောင်းသူများဆုရကျောင်းသားကျောင်းသူများ၊မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာများ၊ဖိတ်ကြားထားသူများတက်ရောက်ကြပါသည်။





အခမ်းအနားတွင် ကဗျာရွတ်ပြိုင်ပွဲကို တပါတည်းကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရေးဆရာအသင်းဝင်များဖြစ်သော တာချီလိတ်မြို့နယ်စာရေးဆရာအသင်းမှ
ဒိုင်ချုပ်အဖြစ် ဦးမြင့်ဝင်းလှ(မြတ်မျိုးမြင့်မာန်) ၊ဒိုင်အဖွဲ့ဝင်များအဖြစ် ရဲအုပ်စံသိန်း(မောင်ဖိုးစံ-ဒူးယား)ဦးဝေယံဦး(နေတစ်စင်း)၊ဦးမောင်မောင်နိုင်(နိုင်မောင်မောင်)နှင့်မြို့နယ်ပြန်ဆက်ဦးစီးမှူးဒေါ်ခိုင်ခိုင်လင်း
တို့က ဆောင်ရွက်ခဲ့ကြပါသည်။






အခမ်းအနားဖြစ်မြောက်ရေးအတွက် တာချီလိတ်လူကုန်ကူးမှုတိုက်ဖျက်ရေး(အထူးရဲတပ်ဖွဲ့)နှင့်
ဝေါဗီးရှင်း(မြန်မာ) တာချီလိတ်တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရပါသည်။

အခမ်းအနားတွင်ဆုရရှိသူများအား တာချီလိတ်ခရိုင်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦး နှင့် တာဝန်ရှိ
ပုဂ္ဂိုလ်များ၊ လူမှုရေးအသင်းအဖွဲများမှ ဥက္ကဌများ၊မြို့မိမြို့ဖကိုယ်စားလှယ်တို့မှ ဆုများချီးမြှင့်ခဲ့ကြောင်း
သိရှိရပါသည်။

                                                                                    သတင်းပေးပို့သူ-မြတ်မျိုးမြင့်မာန်