Saturday 2 June 2018

တာချီလိတ်မြို့နယ် မိုင်းကိုးအုပ်စု အမက(ခွဲ)နမ့်ဖုန်းကျောင်းအဆင့်တိုးခြင်း အခမ်းအနား ကျင်းပပြုလုပ်ခြင်း။


 (၂.၅.၁၈) စနေနေ့နံနက် (၁၀း၀၀) နာရီတွင် တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု နမ့်ဖုန်း လားဟူ
ရွာတွင် အခြေခံပညာမူလတန်းကျောင်းခွဲ  ကျောင်းအဆင့်တိုးရရှိခြင်း အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့
ပါသည်။ အဆိုပါအခမ်းအနားအား ကျေးရွာနာယကအဘနှင့် လက်ထောက်မြိုနယ်ပညာရေးမှူးဦးမြင့်ဝင်းလှ တို့က ဖဲကြိုးဖြတ်၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပါသည်။
အခမ်းအနားတွင် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမြင့်ဝင်းလှက အဖွင့်အမှာစကားပြောကြားခဲ့ပြီး
ကျေးရွာ အမျိုးသမီးခေါင်းဆောင်ဒေါ်နာရှဲက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။


အခမ်းအနားသို့   ကျောင်းနယ်မြေမှူးအထကခွဲဝမ်ပုံ ကျောင်းအုပ်ကြီးဒေါ်တင်အေး၊ အလက၀မ်တုံကျောင်းအုပ်ဆရာကြီးဦးမြင့်သောင်းတို့နှင့်အတူ ကျောင်းအုပ်စုနယ်မြေအတွင်း
ဆရာဆရာမများ၊ကျေးရွာအုပ်စုအတွင်းမှဖိတ်ကြားထားသူများ၊ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများ
နမ့်ဖုန်း ရွာသူရွာသားများ တက်ရောက်ခဲ့ကြပါသည်။



အခမ်းအနားတွင် အမကခွဲ ဆက်လက်တိုးတက်အောင်မြင်စေရေးအတွက် လက်ထောက်မြို့နယ်
ပညာရေးမှူးဦးမြင့်ဝင်းလှနှင့် ရပ်ရွာတာဝန်ရှိသူများ ဆွေးနွေညှိနှိုင်း ခဲကြပါသည်။


အခမ်းအနားအပြီးတွင် တက်ရောက်လာသူများအား မှတ်တမ်းဓာတ်ပုံများရိုက်ကူးခြင်းနှင့်
နမ့်ဖုန်းရွာမှ နေ့လည်စာဖြင့် တက်ရောက်လာသူများအား တည်ခင်းဧည့်ခံခဲ့ကြပါသည်။
အဆိုပါကျေးရွာသည် မိုင်းကိုးကျေးရွာအုပ်စု နယ်မြေအတွင်းရှိသောလည်း နယ်မြေအနေအထားအရ
မိုင်းဖုန်း(က)ကျေးရွာအုပ်စုနှင့်လမ်းပန်းဆက်သွယ်ရေး ဆက်စပ်နေကြောင်းသိရပါသည်။
ထို့ပြင် မယ်ခေါင်မြစ်နဘေးတွင်ရှိပြီး  သာယာလှပသောကျေးရွာလေးတစ်ခုလည်းဖြစ်ပါသည်။
ပညာတတ်များ မကြာခင်ပေါ်ထွန်းလာပြီး ရွာအကျိုးရပ်အကျိုးသ.ယ်ပိုးနိုင်မည် ပညာတတ်များ
ပေါ်ထွန်းလာတော့မည်ဖြစ်သဖြင့် အမကခွဲအဖြစ် ကိုယ်ထူကိုယ်ထကျောင်းလေးအခြေအနေမှ
အဆင့်တိုးမြှင့်ပေးခဲ့သည် ပညာရေးဝန်ကြီးဌာနအား ကျေးရွာသူရွာသားများက အထူးကျေးဇူးတင်လျက်ရှိပါကြောင်းသိရှိရပါသည်။

သတင်းရေးသားသူ  -  မြတ်မျိုးမြင့်မာန်

0 comments:

Post a Comment