Showing posts with label မောင်ဆွေငြိမ်း. Show all posts
Showing posts with label မောင်ဆွေငြိမ်း. Show all posts

Friday, 28 March 2014

နိုင်ငံတ်ာသမ္မတ၏ နိုင်ငံ့စွမ်းဆာင်ရည်ဆုရွေးချယ်ရေးကွင်းဆင်းစစ်ဆေး







တာချီလိတ် မတ် ၂၈
          နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုချီးမြှင့်ရေးအတွက် မွေးမြူရေး၊ရေလုပ်ငန်းနှင့်ကျေးလက်ဒေ သဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးခင်မောင်အေးသည်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနညွန်ကြားရေးမှူး ချုပ်ဦးဝေလင်းမောင်၊ညွှန်ကြားရေးမှူးဒေါက်တာဝေလင်း၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွန်ကြား ရေး မှူး ဦးကိုကိုနိုင်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ် ၂၇ ရက် နံနက် ၁၀ နာရီခွဲက တာချီလိတ်မြို့ ဒေါ်နီနီစိုး ၏ ကျောက်စိမ်းကန် မွေးမြူရေးခြံသို့ ရောက်ရှိလာရာ ဧည့်ခန်းမဆောင်တွင် ပြည်နယ်မွေးမြူ ရေးနှင့်ကုသရေး ဦးစီးဌာန ပြည်နယ်မှူး ဒေါက်တာစိန်ဝင်းနှင့် ခရိုင်ဦးစီးဌာနမှူး ဒေါက်တာစံထွန်းဝေတို့က ၀က်မကြီးအကောင် ၄၀၀၀ မွေးမြူထားရှိမှု၊ အသားထုတ်လုပ်ဖြန့်ဝေမှု၊ ၀က်သားပေါက်များဖြန့်ဝေမှုနှင့် ၆ဧကအ ကျယ် ငါးကန်တွင် ငါးများမွေးမြူထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဒုတိယ၀န်ကြီးက သိလိုသည်များကိုမေးမြန်းရာ မွေးမြူရေးလုပ်ငန်းရှင် ဒေါ်နီနီစိုး က ပြန်လည်ဖြည့်စွက်ရှင်းလင်း တင်ပြသည်။ ဆက်လက်ပြီး ဒုတိယ၀န်ကြီးနှင့်အဖွဲ့သည် မွေးမြူရေးခြံအတွင်းရှိ ငါးသားဖောက်ကန်၊ အစာစပ်စက်ရုံတွင်း အစာသိုလှောင်မှုနှင့် အစာစပ်လုပ်နေမှု၊ ငါးကန်အခြေအနေ၊ ၀က်များမွေးမြူထားရှိမှုအခြေ အနေနှင့် အိမ်သုံး bio gas တည်ဆောက်နေမှုတို့ကို  ကြည့်ရှုစစ်ဆေးသည်။
          မွန်းလွဲပိုင်းတွင် ဒုတိယ၀န်ကြီးနှင့်အဖွဲ့သည် ဖန်မင်ကျေးရွာအုပ်စု ၀မ်ကော့ကျေးရွာတွင် ကျေးလက်ဒေ သဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ထားသော ကျေးလက် သောက်သုံးရေကန်ကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများ၏ မယ်ဟုတ်ရွာလယ်လမ်းအား ကျောက်ချောလမ်းရရှိရေးတင်ပြချက်အား   သက်ဆိုင်ရာဌာန
များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ဟကျမနို ရွာရှိ ဦးကျဟေး ၏ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ သို့ဆက်လက်ထွက်ခွါလာရာ နို့စားနွားများမွေးမြူထားရှိမှု၊ ဒေသနွားမွေးမြူထားရှိမှု၊ လိမ္မောခြံ၊ရော်ဘာခြံနှင့် ငါးမွေးမြူရေး ကန်တို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းရှင်အား မွေးမြူလုပ်ငန်းတိုးချဲ့လုပ်ကိုင်နိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။
          ဆက်လက်ပြီး ဒုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်ထား သော ရန်ကုန်-ဟွေတာ ကျောက်ချောလမ်းအား ကြည့်ရှုစစ်ဆေးရာ ဒေသခံများမှ လမ်းလိုအပ်ချက်များ တင်ပြချက်အပေါ် ဒုတိယ၀န်ကြီးက  ကုမ္ပဏီအား လိုအပ်သည်များ ထပ်မံဆောင်ရွက် ပေးရန်နှင့် ပြည်သူများက လည်း လမ်းရေရှည်တည်တံ့ရေး ၀ိုင်းဝန်းထိန်းသိမ်းကြရန်မှာကြားသည်။ ထိုမှတစ်ဆင့် မယ်လိပါကော် ကျေးရွာ အနီးရှိ သစ်သားတံတား ကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။

                                                                                                ခရိုင်ပြန်/ဆက်

Sunday, 23 March 2014

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ဒုတိယ၀န်ကြီးဦးစိုးတင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ စီးပွားရေးရာကော်မတီ၏ပို့ဆောင်ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆပ်ကော်မတီ (Delivery Unit) မှ တာချီလိတ်၊မိုင်းဆတ်ခရိုင် အတွင်းရှိပြည်သူ့ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး တာချီလိတ် မတ် ၂၃









          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊  စီးပွားရေးရာကော်မတီ၏   ပို့ ဆောင် ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ေ ဆာက်လုပ်ရေးဝန်ကြီးဌာနမှဒုတိယ၀န်ကြီး ဦးစိုးတင့် သည် ဒုတိယဥက္ကဋ္ဌများဖြစ်သောဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးဝင်းသန်း၊  ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးဦးမြင့်သိန်း ၊ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးစိုင်းနော်ခမ်း တို့နှင့်အတူ ဆပ်ကော်မတီဝင်အဖွဲ့ဝင်များ  လိုက် ပါလျက် မတ် ၂၂ ရက် မွန်းလွဲ(၁) နာရီအချိန်     တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် တာချီလိတ်ခရိုင်၊ မိုင်းဆတ်ခရိုင် အတွင်းရှိ လွှတ်တော်ကိုယ်  စားလှယ် များ၊ခရိုင်၊မြို့နယ်အလိုက် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌများနှင့်ကော်မတီဝင်များ၊ စည်ပင်သာယာရေးကော် မတီများ ၊ပြည် သူ့ ကိုယ်စားလှယ်၊မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ နှင့်တွေ့ဆုံဆွေးနွေး ပွဲ ကျင်းပပြုလုပ်သည်။
ဆပ်ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီးဦးစိုးတင့်ကအဖွင့်အမှာစကး ပြောကြား ရာတွင် ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆပ်ကော်မတီတွင် ၀န်ကြီးဌာန(၄)ခုပါဝင်ဖွဲ့ စည်းထားပါကြောင်း၊နိုင်ငံတော်သမ္မတ၏လမ်းညွှန်မှုဖြင့်ပြည်သူလူထု၏လူမှုစီးပွားဘ၀အမြန်ဆုံးဖွံ့ဖြိုး စေ ရန်ပြည် သူများ၏ဆန္ဒ၊လိုအပ်ချက်များကိ Quick Win အမြန်ဆုံးအကောင်အထည်ဖော် ဆောင် ရွက်ရန် ဆပ်ကော်မတီဝင်များနှင့်အတူ သက်ဆိုင်ရာဝန်ကြီးဌာနများမှတာဝန်ရှိသူများနှင့်အတူလာရောက်ခြင်းဖြစ် ပါကြောင်း၊ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်တာဝန်ယူဆောင်ရွက်လျက်ရှိသောလမ်း၊ တံတား၊ အဆောက် အဦ၊လေယာဉ်ကွင်းနှင့်အိမ်ရာစီမံကိန်းဆိုင်ရာများ၊TownPlanရေးဆွဲခြင်းနှင့်သက်ဆိုင်သည့် လုပ်ငန်းစဉ်များအားပြည်သူများသိရှိနိုင်ရန်၊ဆွေးနွေးခဲ့ပြီးပြည်သူ့ကိုယ်စားလှယ်များအနေဖြင့် လည်း ပြည် သူများ၏ဆန္ဒ၊       လိုအပ်ချက်များအား ပွင့်ပွင့် လင်းလင်းဆွေးနွေးပြောကြားစေ လိုပါကြောင်း၊ပြည်သူ့ ဆန္ဒ၊ပြည်သူ့အသံကို နား ထောင်ခြင်းဖြင့် ပြည်သူအတွက်အမှန်တကယ်အကျိုးရှိစေမည့်အကြံဥာဏ်ကောင်း များရယူ၍သက်ဆိုင်ရာကဏ္ဍအလိုက်လုပ်ငန်းများအားအချိန်တိုအတွင်းအမြန်ဆုံး     အကောင်အထည်ဖော်
ဆောင် ရွက်နိုင်မည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
          ဆက်လက်၍ ဆပ်ကော်မတီဒုတိယဥက္ကဋ္ဌဆက်သွယ်ရေးနှင့်သတင်းအချက် အလက်   နည်းပညာ ၀န်ကြီး ဌာန၊  ဒုတိယ၀န်ကြီးဦးဝင်းသန်းနှင့်ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊      ဒုတိယ၀န်ကြီးဦးမြင့်သိန်းတို့က ၀န်ကြီးဌာန အလိုက်ဆောင်ရွက်နေသည့်လုပ်ငန်းဆိုင်ရာများကိုရှင်းလင်းပြောကြားသည်။      ၎င်းနောက် တွေ့ဆုံပွဲသို့
တက်ရောက် လာသည့် ပြည်သူ့ကိုယ်စားလှယ်များမှမေးခွန်းပေါင်း(၃၀)ခုမေးမြန်းဆွေးနွေးရာ ဆပ်ကော်မတီ အနေဖြင့်    မေးခွန်း( ၂၀) ခု အားချက်ချင်း ဖြေရှင်း ဆောင်ရွက်ပေးခဲ့ပြီး၊    မေးခွန်း (၉)အား ဆက်လက် တင်ပြ ဆောင်ရွက် ပေးမည်ဖြစ် ကြောင်း၊မေးခွန်း( ၁   )ခုအားသက်ဆိုင်ရာဆပ်ကော်မတီသို့ ညှိနှိုင်းအကြောင်းကြား  ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။ဆက်လက်၍ ဆပ် ကော်မတီဥက္ကဋ္ဌဒုတိယ၀န်ကြီး ဦးစိုးတင့်ကမိမိတို့ဆပ်ကော်မတီအနေဖြင့်တိုင်းနှင့်ပြည်နယ်(၁၀)ခု သို့သွားရောက်ခဲ့ပြီး၊ပြည်သူ့ကိုယ်စားလှယ်များနှင့်တွေ့ဆုံမေးမြန်းဆွေးနွေးခဲ့ပြီးဖြစ်ပါကြောင်း၊သွားရောက်ခဲ့ပြီးသည့် ခရိုင်များမှပြည်သူ့ကိုယ်စားလှယ်များ၏ မေးမြန်းဆွေးနွေးချက်များအပေါ်ဆပ်ကော်မတီအနေဖြင့် နေ့စဉ်ထုတ်မြန်မာ့အ လင်းနှင့်ကြေးမုံသတင်းစာများတွင်ပွင့်လင်းမြင်သာစွာမှုရှိစေရန်သတင်းထုတ်ပြန်ပေးလျက်ရှိပါကြောင်း ဆပ်ကော် မတီနှင့်ပြည်သူ့ကိုယ်စားလှယ်များ၊အပြန်အလှန်တွေ့ဆုံမေးမြန်းဖြေရှင်းခဲ့သည်များအား မြို့နယ်ရပ်ကွက်၊ကျေးရွာအ ဆင့်ပြည်သူများထိ သိရှိ အောင် Report Back လုပ်၍ချပြဆွေးနွေးခြင်းဖြင့်ပြည်သူလိုအပ်ချက်ဆန္ဒများအား အမြန်ဆုံး ဖြည့်ဆည်းအကောင်အထည် ဖော်နိုင်မည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားပြီးတွေ့ဆုံပွဲကို ညနေ ၄ နာရီ ခွဲ တွင်ရုပ်သိမ်း ကြောင်းသိရှိရသည်။

Friday, 21 March 2014

တာချီလိတ်၌ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းဆင်း တာချီလိတ် မတ် ၂၁


          တာချီလိတ်မြို့သည် နယ်စပ်ဒေသမြို့တစ်မြို့ဖြစ်ပြီး ဒေသအတွင်းနေထိုင်ကြသော တိုင်းရင်းသူ လေးများဘ၀ရပ်တည်နိုင်ရေး၊ကိုယ်ပိုင်သက်မွေးလုပ်ငန်းများလုပ်ကိုင်နိုင်ရေးအတွက်နယ်စပ်ရေးရာဝန်ကြီးဌာန၊ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်းမှအခြေခံအိမ်တွင်းမှုလုပ်ငန်းများနှင့် အဆင့်မြင့်စက်ချုပ်သင်တန်းများဖွင့်လှစ်သင်ကြားပေး လျက်ရှိရာ အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ်(၆၆)နှင့်အဆင့်မြင့်စက်ချုပ် သင်တန်း အမှတ်စဉ်(၃၆) သင်တန်းဆင်းပွဲအခမ်းအနားကို မတ် ၂၁ ရက် နံနက် ၈နာရီခွဲက တာချီလိတ်မြို့ အိမ်တွင်းမှု သင်တန်း ကျောင်း စားရိပ်သာခန်းမ တွင်ပြုလုပ်သည်။အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက သင်တန်းဆင်း အမှာစကားပြောကြားသည်။ ယင်းနောက်ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှချီးမြှင့်သောအပ်ချုပ်စက်(၂)လုံးကို ခရိုင်အုပ်ချုပ်ရေးမှူးဦးသောင်းတင်ထွေးက အဆင့်မြင့်စက်မှုထူးချွန်ဆု ရ သင်တန်းသူ မရှို့ဘ အား လည်းကောင်း၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးက အခြေခံ စက်မှုထူးချွန်ဆု သင်တန်းသူ မအေးအေးလှိုင် အား လည်းကောင်း ပေးအပ်သည်။ဆက်လက်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့  အမှုဆောင်အရာရှီ ဒုတိယညွှန် ကြားရေးမှူးဦးကိုကိုက သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး သင်တန်းသူတစ်ဦးကကျေးဇူးတင်စကားပြန် လည်ပြောကြားသည်။ ယင်းနောက် သင်တန်းသူများ ချုပ်လုပ်ထားသော လက်ရာများကို ကြည့်ရှုကြသည်။အဆို ပါသင်တန်းသို့ သင်တန်းသူ ၃၀ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကို ၁၆-၁၂-၂၀၁၃ ရက်နေ့က ဖွင့်လှစ်သင်ကြားခဲ့ ကြောင်းသိရှိရသည်။

Monday, 27 May 2013

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ကာတွန်း၊ပိုစတာပြိုင်ပွဲတာချီလိတ်၌ကျင်းပ







မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ကာတွန်း၊ပိုစတာပြိုင်ပွဲတာချီလိတ်၌ကျင်းပ
တာချီလိတ် မေ ၂၇

          ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲအသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၁၆)ကြိမ်မြောက် ပန်းချီ၊ကာတွန်း၊ပိုစတာနှင့်ကွန်ပျူတာပန်းချီပြိုင် ပွဲကို မေ ၂၇ ရက်နံနက် ၉ နာရီက တာချီလိတ်မြို့ ဆန်ဆိုင်းအခြေခံပညာအထက်တန်းကျောင်းခန်းမတွင်ပြုလုပ် သည်။ ပြိုင်ပွဲသို့ တာချီလိတ်မြို့ပေါ်ရှိ အထက(တာချီလိတ်)၊အထက(ဆန်ဆိုင်း)၊အလက(ပုန်းထွန်)၊အမက (တာလော)၊အမက(ရန်အောင်မြေ)ကျောင်းများမှ ကျောင်းသားကျောင်းသူများ ၀င်ရောက်ယှဉ်ပြိုင်ကြရာ ပန်းချီပြိုင် ပွဲတွင်(၁၉)ဦး၊ကာတွန်းပြိုင်ပွဲတွင်(၂၀)ဦး၊ပိုစတာပြိုင်ပွဲတွင်(၁၈)ဦး၊ကွန်ပျူတာပန်းချီတွင်(၂)ဦး စုစုပေါင်း(၅၉)ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲကျင်းပရာသို့ တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဒုရဲမှူး သန်းရွှေနှင့် ပြိုင်ပွဲကျင်းပရေးကော်မတီများ က ကြည့်ရှုအားပေး ကြီးကြပ်ဆောင်ရွက်သည်။ အဆိုပါပြိုင်ပွဲမှ ပထမ၊ဒုတိယ၊တတိယ ရရှိသူများသည် ကျိုင်းတုံ မြို့ပြည်နယ်အဆင့်တွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရှိရသည်။

Friday, 3 May 2013

တာလေမြို့၌နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်



တာချီလိတ် မေ ၃

တာချီလိတ်ခရိုင် တာလေမြို့နယ်ခွဲ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ
မိုးပွင့်အဆင့်(၅) နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို မေ ၂ ရက် နံနက်(၁၀)နာရီက    တာလေမြို့နယ်ခွဲ၊  နားယောင်းကျေးရွာအုပ်စု  နားအွန်ခရစ်ယာန်  ဘုရားရှိခိုးကျောင်းတွင်ပြုလုပ်သည်။
အခမ်းအနားတွင် တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးဦးကျော်စွာလွင်က မိုးပွင့်အဆင့်(၅) စီမံချက်ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ် များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ခရိုင်ဦးစီးဌာနမှူး ဦးကျော်စွာလွင်၊တာလေမြို့နယ်ဦးစီးမှူးဦးခင်လေးမောင်နှင့်တာဝန်ရှိသူများက  နိုင်ငံသားအရည်အချင်း
ပြည့်မီသူ(၅၀)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။




Tuesday, 1 January 2013

(၆၅)နှစ်မြောက်လွတ်လပ်ရေးနေ့ အကြိုဟောပြော

ဒီနေ့ ၂၀၁၃ခုနှစ်သစ်ရဲ့ ပထမဆုံးနေ့ဖြစ်တဲ့ ဇန်န၀ါရီ ၁ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့နေ့ထူးနေ့မြတ်ဖြစ်တဲ့ (၆၅)နှစ်မြောက်လွတ်လပ်ရေးနေ့ အကြိုဟောပြောပွဲကို တာချီလိတ်မြို့ ဆန်ဆိုင်းအထက ကျောင်း ဆောင်သစ်ခန်းမမှာ ပြုလုပ်ပါတယ်။



ဟောပြောပွဲကို ဆန်ဆိုင်းကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်ရဲ့ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနဲ့ တာချီလိတ်မြို့နယ်စာရေးဆရာအသင်းတို့ ပုးပေါင်းပြီး ဟောပြောကြတာဖြစ်ပါတယ်။ ဟောပြောပွဲမှာ အခမ်းအနားအမှူးအဖြစ် ဆရာဦးလှမျိုးက ဆောင်ရွက်ပေးပြီး ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမြင့်က လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းနှင့်ပတ်သက်ပြီး ရှင်းလင်းအမှာစကား ပြောကြားသွားပါတယ်။


အဲဒီနောက်မှာတော့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်ကြည်(မောင်ဆွေငြိမ်း)က လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်ရာမှာ လူငယ်များရဲ အခန်းကဏ္ဍဟာ အရေးကြီးတဲ့အကြောင်း၊ ဆက်လက်ပြီး စာရေးဆရာအသင်းမှ ဦးမြင့်ဝင်းလှ(မြတ်မျိုးမြင့်မာန်)က ကျောင်းသားကျောင်းသူအားလုံးသည် တိုင်းရင်းသားညီအစ်ကို မောင်နှမများဖြစ်ကြကြီး တိုင်းရင်းသားအားလုံးစုစည်းထားတဲ့ မြန်မာနိုင်ငံသားများဖြစ်ကြကြောင်း၊ မြန်မာနိုင်ငံသားအားလုံးသည် မြန်မာလွတ်လပ်ရေးကို တန်ဖိုးထားဖို့ထားဖို့လိုကြောင်း၊ စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးထိန်မင်း (မင်းအေးငြိမ်းဈေ)က လူငယ်များမိမိကိုယ်ကို ထိန်းသိမ်းခြင်းဖြင့် လွတ်လပ်ရေးကိုကာကွယ်ကြပါခေါင်းစဉ်ဖြင့် လူငယ်များ ဆောင်ရန်/ရှောင်ရန် အချက်များကို ရှင်းလင်းဟောပြောသွားပါတယ်။




အဲဒီနောက်မှာတော့ ကျောင်းသားများအား ဟောပြောချက်များမှ ကောက်နှုတ်ပြီး မေးခွန်းများမေးမြန်းပြီး ဆုများချီးမြှင့်ခဲ့ပါတယ်။ ဒီနေ့အခမ်းအနားမှာ ကျောင်းသား ၁၅၀ ခန့် တက်ရောက်ကြပြီး ဟောပြောပွဲ အစအဆုံး စိတ်ပါဝင်စားစွာ နားထောင်ကြတာကိုတွေ့ရပါတယ်။


Sunday, 30 December 2012

တာချီလိတ်မြို့မှာ ရတနာရွှေဆိုင်တစ်ခုထပ်မံဖွင့်လှစ်

တာချီလိတ်မြို့မှာ ရတနာရွှေဆိုင်တစ်ခုထပ်မံဖွင့်လှစ်
တာချီလိတ် ဒီဇင်ဘာ ၃၁

     တာချီလိတ်မြို့မှာ ရတနာရွေဆိုင်တစ်ခု မနေ့ကမနက်က ထပ်မံဖွင့်လှစ်ပါတယ်။ ဆိုင်ပိုင်ရှင်ကတော့
လားဟူတိုင်းရင်းသား တစ်ဦးဖြစ်တဲ့ ဦးဝီလ်ဆင်မိုး(ခ)ကိုဂျင်မီဖြစ်ပါတယ်။ ဆိုင်တည်နေရာကတော့
ကားကြီးကွင်း အနီး ယခင် ရွှေမြို့တော် ကားဂိတ် အဆောက်အဦဖြစ်ပါတယ်။ အခုလိုရွှေဆိုင်တွေတိုးလာ
ခြင်းဟာ တာချီလိတ်မြို့ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပြယုတ် တစ်ခုလို့ဆိုရမှာပါ။ အရင်တုံးကတော့
တာချီလိတ်မှာ ထင်ရှားတဲ့ ရွှေဆိုင်ဆိုလို့ လေးငါးဆိုင်လောက်ပဲရှိပါတယ်။ အခုဆိုရင် ရတနာရွှေဆိုင် ၁၀ခု
အထက်မှုာရှိနေပါပြီ၊ ပြီးခဲ့တဲ့ နှစ်ဝက်လောက်တုံးက လည်း အာခါတိုင်းရင်းသားပိုင် ရွှေဆိုင်တစ်ခုဖွင့်လှစ်
ခဲ့ပါသေးတယ်။ တစ်ဆက်တည်းမှာပဲ ဦးဂျင်မီအနေနဲ့ အရှေ့ပိုင်းကူးသန်းရောင်းဝယ်ရေး သမ၀ါယမပိုင်ဖြစ်တဲ့ စက်သုံးဆီအရောင်းဆိုင်ပါဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ စက်သုံးဆီအရောင်းဆိုင်ဖွင့်ပွဲ
မှာတော့ နိုင်ငံကျော်အဆိုတော်များတဲ့ အယ်လ်လွန်းဝါ၊ အယ်လ်ကိုင်ယာ၊ချောစုခင်နဲ့ နေနေတို့က စင်တင်









တေးဂီတများနဲ့ဖျော်ဖြေခဲ့ကြပါတယ်။

Saturday, 29 December 2012

(၆၅)နှစ်မြောက်လွတ်လပ်ရေးနေ့ဂုဏ်ပြု၊ တာချီလိတ်မြို့တွင် ကတ္တရာလမ်းသစ်ဖွင့်





(၆၅)နှစ်မြောက်လွတ်လပ်ရေးနေ့ဂုဏ်ပြု၊ တာချီလိတ်မြို့တွင် ကတ္တရာလမ်းသစ်ဖွင့်
တာချီလိတ် ဒီဇင်ဘာ ၃၀

    (၆၅)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်တာချီလိတ်မြို့
ဝမ်ကောင်းရပ်ကွက်၊ ဓမ္မသစ္စာလမ်း ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို
ဒီဇင်ဘာ၂၉ ရက် နံနက် ၉နာရီ က အဆိုပါလမ်းထိပ်မုခ်ဦးတွင်ပြုလုပ်သည်အခမ်းအနား သို့ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစိုင်းလုံးဆိုင်၊ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးတူးမောင်နှင့်တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊တိုင်းရင်းသားပြည်သူများ
တက်ရောက်ကြသည်။
    အစီအစဉ်အရ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးက ရပ်ကွက်လမ်းသွယ်များအား
ကတ္တရာလမ်းအဆင့်ဆောင်ရွက်ပေးရခြင်းနှင့်စပ်လျဉ်းပြီးရှင်းလင်းတင်ပြသည်။ဆက်လက်
ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို
က စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ဘဏ္ဍာနှစ်အတွင်း လမ်းများဆောင်ရွက်ပြီးစီးမှုအခြေအနေကိုရှင်းလင်းတင်ပြသည်။ယင်းနောက် ဒေသခံ ပြည်သူတစ်ဦးက ကျေးဇူးတင်
စကားပြန်လည်ပြောကြားသည်။
    ထို့နောက် အမှုဆောင်အရာရှိ ဦးကိုကိုက အထိမ်းအမှတ်အလံငယ်များအား
ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးတူးမောင်နှင့်တာဝန်ရှိသူများထံပေးအပ်သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီး ဦးတူးမောင်၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးနှင့်အမှု
ဆောင်အရာရှိ ဦးကိုကို တို့က လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ လမ်းသစ်
အားကြည့်ရှုစစ်ဆေးသည်။
    အဆိုပါကတ္တရာလမ်းသစ်သည်အရှည် ၁၂၀၀ပေ၊အကျယ် ၁၂ ပေ ရှိပြီး
စုစုပေါင်းငွေကျပ် ၁၇၆ သိန်းဖြင့် ၂၀၁၂ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေကစတင်
ဆောင်ရွက်  ခဲ့ ကြောင်းသိရှိရသည်။

                                        ခရိုင်ပြန်/ဆက်