Showing posts with label သတင်းဆောင်းပါး. Show all posts
Showing posts with label သတင်းဆောင်းပါး. Show all posts

Tuesday, 23 June 2015

ဂုဏ်ပြုမှတ်တမ်းလွှာတစ်ခု၏ တန်ဖိုးမှသည် လေးနက်သော ခံယူချက်များဆီသို့




(   ၉ .၆.၂၀၁၅) အင်္ဂါနေ့တွင်ဖြစ်ပါသည်။ မြန်မာ့စီးပွားရေးဘဏ် တာချီလိတ်၏ ခရိုင်မန်နေဂျာ၏ ရုံးခန်းသို့ပညာရေးဌာန တာဝန်တစ်ခုဖြင့် ရောက်ရှိခွင့်ရခဲ့ပါသည်။ ခရိုင်မန်နေဂျာဦးမျိုးမင်းသိန်းက ဘဏ်နှင့်ဆက်နွယ်နေသော ပညာရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဖြင့် ကူညီဆောင်ရွက် ပေးခဲ့ပါသည်။

ခရိုင်မန်နေဂျာ၏ ရုံးခန်းတွင် ဧည့်ခံသည့် ကော်ဖီအား သုံးဆောင်ရင်း ရုံးခန်းတွင် ထားရှိသော
အမှတ်မထင် တွေ့ရှိလိုက်ရသည့် ဂုဏ်ပြုမှတ်တမ်းလွှာအကြောင်းကို ဆွေးနွေးမိပါသည်။

ဆွေးနွေးခြင်း၏နောက်ဆက်တွဲအဖြစ် ၄င်းကတ်ပြားလေးတစ်ခု ၊ ဂုဏ်ပြုမှတ်တမ်းလွှာတစ်ခုသည်
နိုင်ငံတော်၏ အရေးကြီးသည့် ဘဏ္ဍာငွေ ၊တိုင်းပြည့်ဝင်ငွေ ကို ကြိုးစားထမ်းဆောင်ခြင်းကြောင့်
ရရှိခဲ့ကြောင်း သိရှိရပါသည်။

တာချီလိတ်မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၏ အထူးစွမ်းဆောင်ချက်ကြောင့်
နေပြည်တော် မြန်မာ့စီးပွားရေးဘဏ်ရုံးချုပ်မှ ချီးမြှင့်သော ဂုဏ်ပြုမှတ်တမ်းလွှာဖြစ်ကြောင်းသိရှိခဲ့
ရပါသည်။ တာချီလိတ်မြန်မာ့စီးပွားရေးဘဏ် ခရိုင်မန်နေဂျာဦးမျိုးမင်းသိန်းမှာလည်း ၂၀၁၄-၂၀၁၅
ဘဏ္ဍာရေးနှစ်တွင် တက်ကြွစွာ တာဝန်ထမ်းဆောင်ခဲ့ကြောင်းကို လည်း ကြားသိရပါသည်။

တာချီလိတ်မြန်မာ့စီးပွားရေးဘဏ်သည် ခရိုင်မန်နေဂျာ ဦးမျိုးမင်းသိန်းရောက်ရှိစဉ်တွင်
သိသိသာသာဌာနဆိုင်ရာ/ပင်စင်နဲ့ အခြားငွေလွှဲ ဝန်ဆောင်မူကိစ္စတွေကိုလည်း ကိုယ်ချင်းစာတရားနဲ့
အညီဝန်ထမ်းတွေကို လိုက်ပါဆောင်ရွက်နိုင်စေရန် စည်းရုံးဆောင်ရွက်ခဲ့သဖြင့်
မိဘပြည်သူ စိတ်ချမ်းမြေ့မှု ပိုမိုလာခဲ့ရကြောင်း ကိုယ်တွေ့ကြောင့်လည်း သိခဲ့ရဖူးပါသည်။

နိုင်ငံခြားဘဏ်တစ်ခုနှင့် ဆက်နွယ်ဆောင်ရွက်ရသောကဏ္ဍတစ်ခုနှင့်ပတ်သက်၍ နှစ်စဉ် ၀င်ရမည့်
သိန်းပေါင်းများစွာသော ငွေကြေးများ  ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ တာချီလိတ်ဘဏ်မှတစ်ဆင့်
နိုင်ငံတော်အတွက် စတင်ရရှိခဲ့သည့်အတွက် ချီးမြှင့်ခံရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ခေါင်းဆောင်ကောင်းမှ နောက်လိုက်ကောင်းမည် ဆိုသည့်စကားနှင့်အညီ အဖွဲ့အစည်းတစ်ခုတွင်
ခေါင်းဆောင်ရှိ၍ ရပ်တည်နေမည်ဖြစ်သော်လည်း ခေါင်းဆောင်၏ ကြိုးပမ်းအားထုတ်မှုနှင့်
အရည်အချင်းအပေါ်မူတည်၍ အောင်မြင်မှု အတိမ်အနက်ကမူ အမြဲကွာခြားနေမည်သာဖြစ်ပါသည်။

မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့ စွမ်းဆောင်ရည်တစ်ခုကြောင့်ရရှိလာသော ဂုဏ်ပြုမှတ်တမ်းလွှာ
တစ်ခုအား အများပြည်သူတို့အနေဖြင့် တန်ဖိုးထားဂုဏ်ယူစေလိုသော စိတ်စေတနာဖြင့်
လေးစားစွာ တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

                                                           သတင်းဆောင်းပါးရှင် - မြတ်မျိုးမြင့်မာန်


Monday, 12 January 2015

တာချီလိတ်မှ ပညာရေးကြယ်တစ်ပွင့် သို့မဟုတ် အမက-မအိုး ကျောင်းအုပ်ကြီးဦးဇော်မင်း


 ကျွန်တော့်အနေဖြင့် ဂျောပရွာသို့ ခရီးတစ်ခေါက်ခေါင်းစဉ်ဖြင့် ညီငယ် ဦးဇော်မင်း၏ ကျောင်းရှိရာ
ကျေးရွာသို့ ရောက်ရှိခဲ့ဖူးပါသည်။ သူ၏ကြိုးစားအားထုတ်မှုကိုလည်း တင်ပြခဲ့ဖူးပါသည်။ အချိန်ကာလ
သည် တစ်နှစ်ပင်မကကျော်ခဲ့ပြီဖြစ်ပါသည်။ ပညာရေးဌာန အကြီးအကဲရောက်ရှိရန်ခက်ခဲသော
နေရာတွင် သူတာဝန်ထမ်းဆောင်နေသော်လည်း ကလေးများ ပညာတတ်မြောက်ရေးအတွက်
အဘက်ဘက်မှ ကြိုးစားဆောင်ရွက်နေသူဖြစ်ပါသည်။ သူ၏ကြိုးစားမှုများကြောင့် ဘီအီးဒီဘွဲ့
သင်တန်းတက်ရောက်ခွင့်ရခဲ့ပြီး ယခုအခါ ဒုတိယနှစ်ဘီအီးဒီဘွဲ့သင်တန်းကို တက်ရောက်သင်ယူ
နေပြီ ဖြစ်ပါသည်။

သူ့အား ၂၀၁၄ခု ဒီဇင်ဘာလ(၂၁)ရက်တွင်ကျင်းပမည့် ပညာတန်ဆောင် စာပေပြိုင်ပွဲဆုနှင်းသဘင်
တွင် တက်ရောက်ရန်ဖိတ်ကြားခြင်းခံခဲ့ရပါသည်။ အကြောင်းမှာ တစ်နိုင်ငံလုံးမှ ၀င်ရောက်ယှဉ်ပြိုင်
သော မူလတန်းဆင့်သင်ထောက်ကူပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သောကြောင့်ဖြစ်ပါသည်။






ညီငယ် အမက-မအိုးကျောင်းအုပ်ကြီး ဦးဇော်မင်း အတွက် လှိုက်လှဲစွာ ၀မ်းသာဂုဏ်ယူ
မိသလို တာချီလိတ်မြို့နယ်ဂုဏ်ဆောင် ပညာရေးကြယ်တစ်ပွင့်အဖြစ်လည်း မှတ်တမ်း
တင်ခြင်းဖြစ်ပါသည်။ ကျူရှင်မရှိသော လျှပ်စစ်မီးအလင်းရောင်အချိန်ပြည့်မရသော
လမ်းပန်းဆက်သွယ်ရေး ခက်ခဲသေးသော ဤဒေသမျိုးမှ ပညာရေးဝန်ထမ်းကောင်း
တစ်ဦးအား နမူနာထား၍ ယနေ့ ပညာရေးဝန်ထမ်းညီငယ်ညီမငယ်များ အတုယူ
ကြိုးစားစေလိုသော စေတနာဖြင့်လည်း ဤ သတင်းဆောင်းပါးလေးကို ရေးသားခဲ့
ရပါသည်။







  တာချီလိတ်တွင် ပညာရေးတိုးတက်ဖွံ့ဖြိုးစေလိုလျှင် ပညာရေးကို ကြိုးစားဆောင်ရွက်နေသော
ဆောင်ရွက်လိုသော ပညာရေးဝန်ထမ်းကောင်းများကိုလည်း ဖော်ထုတ်ချီးမြှင့်သင့်လှပါသည်။
စာရေးသူကျွန်တော်သည်လည်း ပညာရေးဝန်ထမ်းတစ်ယောက် ဖြစ်သဖြင့်ပြောသည်ဟုလည်း
ထင်မည်စိုးပါသည်။ ကမ္ဘာပေါ်တွင် ပညာရေးကိုအားပေးသော မည်သည့်နိုင်ငံဒေသမဆို
အခြားနိုင်ငံများထက် တိုးတက်ခေတ်မီအောင်မြင်နေသည်ကို စာရေးသူကိုယ်တိုင် ရောက်ရှိခဲ့
ဖူးသဖြင့် လက်တွေ့လုပ်ဆောင်၍ အောင်မြင်ခဲ့သူဖြစ်သဖြင့်လည်း  ဒေသအတွက် စေတနာဖြင့်
တင်ပြရခြင်းဖြစ်ပါသည်။ ပညာသမာအာဘာနတ္တိ ၊ ပညာအလင်းရောင် ဘ၀တန်ဆောင်
ဟူသည်ကို စာဖတ်သူများအနေဖြင့် နားလည်ခံယူပြီး ပညာကို အားပေးကြပါရန်တင်ပြလျှက် သတင်းဆောင်းပါးအားနိဂုံးချုပ်အပ်ပါသည်။

                                                      သတင်းဆောင်းပါးရှင် - မြတ်မျိုးမြင့်မာန်



သတင်းတင်ပြသည့်ရက်စွဲ ။ (၁၂.၁.၂၀၁၄)