Showing posts with label နိုင်မောင်မောင်. Show all posts
Showing posts with label နိုင်မောင်မောင်. Show all posts

Saturday, 23 February 2013

အရဟံဗောဓိရွှေညောင်တော်



'' အရဟံဗောဓိရွှေညောင်တော် ''

                                                                                                                                                                                                                      နိုင်မောင်မောင်

            မြတ်ဗုဒ္ဓ၏သာသနာ၂၅၀၀ တွင်ရဟန္တာအရှင်မြတ်များစိုက်ပျိုးတော်မူခဲ့သော မဟာဗောဓိရွှေညောင်တော်ပင်(၃)ပင်သာရှိပါသည်။မြတ်စွာဘုရားပွင့်တော် မူရာမဟာဗောဓိပင်၏အစေ့ကိုယူ၍သာဝတ္ထိပြည်၊စေတ၀န်ကျောင်းတော်တံခါးဝ၌ညီတော်အာနန္ဒာမထေရ်မြတ်
 ကြီးမှူးစိုက်ပျိုးတော်မူခဲ့သော အာနန္ဒာဗောဓိ၊ မူလ
မဟာဗောဓိပင်ကြီး၏ ဒကိဿဏသာခါလက်ျာတောင်ကိုင်းကို သီရိဓမဿ္မာသောကမင်းကြီး၏ အဓိဌာန်ချက်ဖြင့်ပင့်ဆောင်ပြီး သမီးတော်သင်္ဃမိတ္တထေရီမ စိုက်ပျိုးတော်မူခဲ့သော သီရိလင်္ကာနိုင်ငံ၊ အနူရာဓမြို့ရှိ သင်္ဃမိတ္တဗောဓိနှင့် မစ္ဇျိမဒေသရှိ မဟာဗောဓိပင်၏ ဒကိဿဏသာခါလက်ျာတောင်ကိုင်းအား အဓိဌာန်ဖြင့်  ပင့်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပင်းဂွေးချိုကျေးရွာအုပ်စု၊ ပင်းမြို့ ဟောင်းကျေးရွာတွင်  ဓမ္မဒဿီဘွဲ့ခံ  ရှင်အရဟံမထေရ်မြတ်  ကိုယ်တော်တိုင်  စိုက်ပျိုးတော်မူခဲ့သော ရှင်အရဟံဗောဓိတို့ဖြစ်ပါသည်။ပေါက်ဿကံပြည်(ပုဂံပြည်)တွင် အနော်ရထာမင်း(၃၇၉-၄၂၁)နန်းတက်ချိန်၌ အရည်းကြီး ရဟန်းတို့ တန်ခိုးကြီးထွားနေချိန်ဖြစ်သည်။ အနော်ရထာမင်းမြတ်သည် အရည်းကြီးတို့၏အယူဝါဒကို မနှစ်မြို့ဘဲ စစ်မှန်သော ထေရ၀ါဗုဒ္ဓဘာသာကို  ကိုးကွယ်လိုရာ  နတ်တို့၏ဖန်ဆင်းမှု၊  မုဆိုး(၁)ဦး၏ ယူဆောင်မှုတို့ကြောင့် ရှင်အရဟံမထေရ်မြတ်ကို ဖူးမြော်ခွင့်ရရှိခဲ့လေသည်။ ရှင်အရဟံမထေရ်မြတ်၏ ဟောကြားညွှန်ပြမှုကြောင့် အနော်ရထာမင်းမြတ်သည် စစ်မှန်သော ထေရ၀ါဒဗုဒဿဘာသာကို ကိုးကွယ် ခွင့်ရသည့်အပြင် နိုင်ငံတစ်ဝှမ်း အရည်းကြီးတို့၏အယူဝါဒကို ဆိတ်သုးစေပြီး စစ်မှန်သောထေရ၀ါဒဗုဒ္ဓ    ဘာသာကို တည်ထွန်းပျံ့နှံ့ ကိုးကွယ်စေနိုင်ခဲ့သည်။
သကဿရာဇ်(၃၈၈)ခုနှစ်တွင်ရှင်အရဟံမထေရ်မြတ်သည်အနော်ရထာဘုရင်မင်းမြတ်ေ   ဆာက်လုပ်လှူဒါန်းသောေ



ကျာင်းတော်၌သီတင်းသုံးနေစဉ်ဤသို့စိတ်အကြံဖြစ်တော်မူလေသည်။မဇ္ဇျိမဒေသတွင်ဘုရားရှင်တို့ပွင့်တော်မူခဲ့သဖြင့် ဘုရားရှင်တို့၏မဟာဗောဓိပင်နှင့် ရွှေပလဿင်တော်ကို အောင်မြင်တော်မူရာအရပ် ဖြစ်ခဲ့ပေသည်။ ထိုအရပ်ဒေသရှိ ရဟန်း၊ ရှင်၊ လူ ပြည်သူပြည်သားအပေါင်း တို့သည် မဟာဗောဓိပင်ကို ပူဇော်ကန်တော့ရခြင်း၊ ရေသပဿ္ပါယ် သွန်းလောင်းလှူဒါန်းရခြင်းဟူသောဗုဒဿဝေယျာဝစဿအ၀၀တို့ကို  အလွယ်တကူပြုလုပ်ခွင့်ရကြပေသည်။မြန်မာပြည်ရှိ  တိုင်းသူပြည်သား လူအများတို့မှာ ထိုသို့ ပြုလုပ်ခွင့်မရရှိကြပေ။ မာန်ငါးပါးကို အောင်မြင်တော်မူသည့် ဗုဒဿမြတ်စွာဘုရား၏ ကိုယ်စား စေတီထိုက်တော်မူသော မဟာဗောဓိပင်အား မြန်မာပြည်သူပြည်သားအပေါင်းတို့ ဖူးမြော်ခွင့် အလွယ်တကူရနိုင်မည်ဆိုလျှင် အကျိုးထူးမည်ဖြစ်သောကြောင့် မဇဿ္ဇျိမဒေသရှိ မဟာဗောဓိပင်၏ ဒကိဿဏ သာခါလက်ျာတောင်ကိုင်းအား ပင့်ဆောင်၍ မြန်မာပြည်တွင် စိုက်ပျိုးတော်မူလျှင် ကောင်းပေလိမ့်မည် ဟူ၍ ဖြစ်ပေသည်။
           မဟာဗောဓိပင်သည် မြတ်စွာဘုရား၏ ဖွားဘက်တော်ခုနှစ်ပါးဖြစ်သည့် ''ကာဠု၊ ယသော်၊ ညီတော်၊ ဆန္ဒ၊ ကဏ္ဍက၊ သောဏ၊ ဗုဒဟေ '' တွင် တစ်ပါးအပါအ၀င်ဖြစ်ပေသည်။ သဗညုတ ဥာဏ်တော်ကိုရရန် အားထုတ်တော်မူရာ၌ အသုံးပြုတော်မူသော သစ်ပင်ထူးသစ်ပင်မြတ် ဖြစ်သော ကြောင့် ပရိဘောဂစေတီမည်ပါသည်။စေတီတော်သည် ဓါတုစေတီ၊ ဓမစေတီ၊ ဥဒဒိသသစေတီ၊ ပရိဘောဂစေတီဟူ၍ရှိပါသည်။ဘုရားရှင်တို့အသုံးပြုတော်မူသည့် ဗောဓိပင်သည်လည်းကောင်း၊ ဘုရားရှင်၏သပိတ်၊ သကင်န်း၊ ပရိကခရာ၊ တောင်ဝှေး စသောအသုံးအဆောင်များကို ဋဌာပနာထားရာ စေတီတော်သည်လည်းကောင်း ပရိဘောဂ စေတီမည်၏။
                   မြတ်စွာဘုရား၏ သံဝေဂယူသင့်သော ဋဿဌာနများဖြစ်သည့် မြတ်စွာဘုရားဖွားတော်မူရာ လုမဿဗိနီဥယျာဉ်၊ သဗဿဗညုတÓဏ်တော်ကိုရတော်မူပြီး ဘုရားအဖြစ်သို့ရောက်တော်မူရာ မဟာဗောဓိပင်၊ ပဥဿစ၀ဂဿဂီငါးဦးတို့အား တရားဦးဟောတော်မူရာ မိဂဒါဝုန်နှင့် မြတ်စွာဘုရားပရိနိဗဿဗာန်စံတော်မူရာ ကုသိနာရုံ စသည့် သံဝေဇနိယ လေးဌာနတွင်လည်း မဟာဗောဓိပင်သည် တစ်ဌာနအဖြစ် ပါဝင်ပါသည်။
                   သို့ဖြစ်၍ ရှင်အရဟံမထေရ်မြတ်သည် အနော်ရထာမင်းမြတ်နှင့် ညှိနှိုင်း၍ ဗုဒဿဓမြတ်စွာ ဘုရားပွင့်တော်မူရာ မဟာဗောဓိပင်စေတီအား မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းတို့ အလွယ်တကူပူဇော် ရစေခြင်းအကျိုးငှာ မဇဿဈိမဒေသသို့ အဘိညာဉ်၏အခြေဖြစ်သော စတုတဿထဈာန်သမာပတ်ကိုဝင်စားကာ အဓိဌာန်ပြုတော်မူလျက် ကောင်းကင်ဈာန်ခရီးဖြင့်ြွကချီတော်မူခဲ့လေသည်။
                   မဟာဗောဓိပင်ရှိရာအရပ်သို့ရောက်သော် ကောင်းကင်မှ ဆင်းသက်တော်မူလျက် မဟာ ဗောဓိပင်အား ရှိခိုးပူဇော်ပြီး ဒကဿခိဏသာခါ လက်ျာတောင်ကိုင်းကို ဆေးဒါန်းမြင်းသီလာတို့နှင့် ရစ်ပတ်၍ '' မြန်မာပြည်ဖွား ရဟန်း၊ ရှင်၊ လူများ ပူဇော်ထိုက်ပါလျှင် ပင်စည်လုံးမှကင်းကွာပါစေသား '' ဟု အဓိဌာန်ပြုဆိုသည့်ခဏတွင်ပင် မဟာဗောဓိပင်၏ ဒကိဿခဏသာခါလက်ျာတောင်ကိုင်းမှာရှင်အရဟံမထေရ်မြတ်၏လက်တော်ဝယ်အလိုလိုတည်တော်မူလာ
ခဲ့လေသည်။ရှင်အရဟံမထေရ်မြတ်သည် မဟာဗောဓိရွှေညောင်တော်ကိုင်းကို ပင့်ဆောင်တော်မူကာ အောင်သပြေမြို့(ပင်းမြို့)ဟောင်း၏ အနောက်မြောက်ယွန်းယွန်း (၆)မိုင်ခန့်အကွာရှိ လေးစန်းတောင် (လေးခင်းတောင်-ယခု ပင့်ခဲ့တော့တောင်)တောင်တန်း၏ တောင်ထိပ်ပေါ်တွင် ရွှေဖျဉ်း၌တည်တော်မူပြီး ယာယီ ကိန်းဝပ် စံစေတော်မူခဲ့လေသည်။
ရှင်အရဟံမထေရ်မြတ်သည်  မဟာဗောဓိရွှေညောင်တော်ပင်  ကျိန်းဝပ်တော်မူမည့် မြေထူးမြေမြတ်ကို  အချိန်ယူ၍ ရွေးချယ်တော်မူခဲ့လေသည်။  အဆိုပါ မြေထူးမြေမြတ် တည်ရှိရာ နေရာကား တမပဒီပတိုင်း(ဗမာလူမျိုးတို့၏နေရင်းဒေသ)၊ သုနာပရနတတိုင်း၊ ကမေဗာဇတိုင်း၊ ယောနကတိုင်း နှင့် ရာမညတိုင်း ဟုဆိုအပ်သော တိုင်း(၅)တိုင်း၏ အလယ်ဗဟိုနေရာဖြစ်သည့် ပေါကကံ(ပုဂံ)ပြည်၏ အရှေ့တောင်ဘက် လေးယူဇနာ(မိုင် ၅၀ခန့်)အကွာရှိ အောင်သပြေမြို့(ပင်းမြို့)ဟောင်း၏ အရှေ့တောင် အရပ် ဖြစ်ပေသည်။
                   သကဿကရာဇ်(၃၈၈)ခုနှစ်၊ ကဆုန်လပြည့်နေ့၊ တနဂင်ဿနွေနေ့ မွန်းတည့်ချိန်တွင် အောင်သပြေ မြို့(ပင်းမြို့)၏ အရှေ့တောင်အရပ်ရှိ မြေထူးမြေမြတ်၌ မဟာဗောဓိရွှေညောင်တော်ပင်အား ရှင်အရဟံ မထေရ်မြတ်ကိုယ်တော်တိုင် စိုက်ပျိုးတော်မူခဲ့လေသည်။ ဗုဒဿဓမြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် မဟာဗောဓိပင်  စိုက်ပျိုးတော်မူချိန်တွင်  မဟာပထ၀ီမြေကြီးသည်  ပြိုကွဲလုမတတ် အထက်အောက် မြင့်ချီနိမ့်ချီ သိမ့်သိမ့်တုန်ကာ အိုးထိန်းစက်ကဲ့သို့ မြေငလျှင်ကြီး လှုပ်ခါခဲ့လေသည်။
                   မဟာဗောဓိရွှေညောင်တော်ပင်(၇)ရက်တိုင် သီတင်းသုံးတော်မူခဲ့သော လေးစန်းတောင် (ပင့်ခဲ့တော့တောင်)ပေါ်တွင် ရှင်အရဟံမထေရ်မြတ်၏ မိန့်မှာချက်အရ အနော်ရထာဘုရင်မင်းမြတ်သည် ဓါတ်တော်၊ မွေတော်များကို ဋဿဌာပနာ၍ စေတီတော်တည်ထားခဲ့ရာ ယခုတိုင် ပင့်ခဲ့တော့စေတီအဖြစ် တည်ရှိလေသည်။  အနော်ရထာမင်းမြတ်သည်  ပင့်ခဲ့တော့စေတီတော်မြတ်အား  တည်ထားပြီးနောက် ရှင်အရဟံမထေရ်မြတ်၏ ဆက်လက်မိန့်မှာချက်အရ ဂေါ်ဓံရှင်ရသေ့နှင့် သတိုးသစဿစာမင်းတို့ တည်ထား  ကိုးကွယ်တော်မူခဲ့သော စိန်ဆင်းတုစေတီတော်ပျက်အား ထပ်မံပြုပြင် တည်ထားတော်မူခဲ့လေသည်။
ဤကဲ့သို့ ရှင်အရဟံမထေရ်မြတ်ကိုယ်တော်တိုင် မဟာဗောဓိရွှေညောင်တော်ပင်အား စိုက်ပျိုးပူဇော်ခြင်း ခိုင်မာထင်ရှားစေရန်နှင့် နောင်လာနောင်သား လူအများတို့ ပူဇော်နိုင်ရန် လေးစန်း တောင်(ပင့်ခဲ့တော့တောင်)၏ အရှေ့မြောက်ဘက် တောင်တန်းတောင်ထိပ်အနီး တောင်စောင်းရှိ ကျောက်တုံးထက်၌ အရှင်မြတ်၏ ၀ဲဘက်ခြေတော်ရာတစ်ဆူကို ချမှတ်ပေးသနားတော်မူခဲ့ပါသည်။ ထိုခြေတော်ရာသည် ထိန်းသိမ်းစောင့်ရှောက်မည့်သူ မရှိဘဲဖြစ်လာခဲ့ရာ ကာလကြာညောင်းလာသည့် အခါချုံနွယ်များပိတ်ဖုံး၍နှစ်အတန်ကြာပျောက်ကွယ်ခဲ့ပါသည်။ထိုခြေတော်ရာကိုဒန့်သလွန်ပင်ကျောင်းဆရာတော်
 ဦးသုနဿတရကအိပ်မက်အရခက်ခဲစွာရှာဖွေပြီးပြုပြင်ထိန်းသိမ်းခဲ့သဖြင့်ယနေ့တိုင်အထင်အရှရှိနေခြင်းဖြစ်ပါသည်
။င်အရဟံခြေတော်ရာသည် ဖနောင့်တော်မှ ခြေမတော်အထိ ၂၇.၅၀ လက်မခန့်၊ ဖနောင့်တော် ၄ လက်မခန့်၊ ခြေမတော်မှ ခြေသန်းတော်အထိ ၁၈ လက်မခန့် ရှိပါသည်။
(ရှင်အရဟံခြေတော်ရာ တည်ရှိရာအရပ်မှာ နတ်မောက်-ရွာမွန်-ကျောက်ပန်းတောင်း ကားလမ်းမကြီးပေါ်ရှိ နတ်မောက်မြို့နယ်၊ ဒန့်သလွန်ပင်ကျေးရွာ၏ အနောက်တောင်ဘက် (၃)မိုင်ခန့် အကွာ ပင့်ခဲ့တော့တောင်တန်း၌ရှိသော ခြေတော်ရာတောင်တွင် တည်ရှိပါသည်။)
                   ရှင်အရဟံမထေရ်မြတ်သည် မဟာဗောဓိရွှေညောင်ပင်အား ဗုဒဓဝေယျာဝစစ ပြုစု အားထုတ်တော်မူလို၍ မဟာဗောဓိပင်၏ အရှေ့တောင်အရပ် (၂)မိုင်ခန့်အကွာ ဆိတ်ငြိမ်ရာအရပ်တွင် ၀ါဆိုတော်မူခဲ့လေသည်။ ရှင်အရဟံမထေရ်မြတ်သည် ၀ါဆိုရာကျောင်းသခင်န်းမှနေ၍ မဟာဗောဓိပင်၏ တန်ခိုးတော်ကို ဖူးမျှော်ပူဇော်ကန်တော့နေရသည်မှာ အားရတင်းတိမ်တော်မူခြင်း မရှိခဲ့ချေ။ သို့ဖြစ်ရာ မဟာဗောဓိရွှေညောင်တော်ပင်ရင်းဝယ် နေ့ညမပြတ် ဖူးမျှော်ကန်တော့ ကြည်ညိုလိုခြင်းကြောင့် ကိုယ်တော်မြတ် ၀ါဆိုနေသောကျောင်းမှ ၀ါပန်ခဲ့ပြီး မဟာဗောဓိပင်သို့ သွားရောက်ဖူးမျှော်ကန်တော့ လေသည်။ (ရှင်အရဟံမထေရ်မြတ် ၀ါဆိုခဲ့သောကျောင်းကို ၀ါပန်ကျောင်းဟု ခေါ်တွင်ကြပြီး ထိုကျောင်း အနီး၌ တည်သောရွာကို ၀ါပန်ရွာဟု ယနေ့တိုင် ခေါ်ဝေါ်တည်ရှိလျက်ရှိပါသည်။)
                   ရှင်အရဟံမထေရ်မြတ်သည် ဤအရပ်၊ ဤဒေသသည် သာသနာတော် အရှည်တည်ထွန်း မည့် အရပ်ဒေသဖြစ်သည်ကို သိရှိတော်မူသဖြင့် မဟာဗောဓိပင်၏ တောင်မြောက် နှစ်ဋဿဌာန၌ သကဿကရာဇ် (၃၈၉)ခုနှစ် ၀ါဆိုလအတွင်းတွင် တောင်သိမ်တော်(ပင်းမြို့ဟောင်း)နှင့် မြောက်သိမ်တော်(စာရန်အိုင့်ရွာ) ဟူ၍ သိမ်သမုတ်တော်မူထားခဲ့ရာ ယနေ့တိုင် အထင်အရှားရှိနေပါသည်။
ရှင်အရဟံမထေရ်မြတ်၏ ကျေးဇူးတော်ကြောင့် ပင်းမြို့ဟောင်းနယ်ပယ်တွင် မဟာဗောဓိ ရွှေညောင်တော်၊ ပင့်ခဲ့တော့စေတီတော်၊ တောင်သိမ်တော်၊ မြောက်သိမ်တော်ဟူ၍ တော်လေးတော် အထင်အရှား ကျန်ရစ်တော်မူခဲ့ပါသည်။
                   ဗုဒဓမြတ်စွာဘုရား၏ သံဝေဇနိယ လေးဋဌာနတွင် တစ်ဋဌာနအဖြစ် ပါဝင်တော်မူသော ရှင်အရဟံ၏ မဟာဗောဓိရွှေညောင်တော်ကို ဗုဒဓဘာသာဝင် သူတော်စင်အပေါင်းတို့အနေဖြင့် နိုင်ငံကူး လက်မှတ်မလို၊ လေယာဉ်လက်မှတ်မလိုဘဲ သွားရောက်ကြည်ညို ပူဇော်လိုပါက မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပင်းမြို့ဟောင်းကျေးရွာသို့ နေပြည်တော်-ပျော်ဘွယ်-ရွာမွန်-နတ်မောက်-မကွေး ကားလမ်းမကြီးပေါ်ရှိ ရွာမွန်ကျေးရွာ၏ မြောက်ဘက် (၄)မိုင်ခန့်အကွာ နတ်မောက်-ရွာမွန်-ကျောက် ပန်းတောင်း/မိတဿထီလာ   ကားလမ်းမကြီးဘက်သို့  ဆက်လက်၍  သွားရောက်ဖူးမျှော်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။



                                                                                                          နိုင်မောင်မောင်

Saturday, 10 November 2012

မဃဒေ၀ နှင့် ပုဏ္ဏားခြောက်ယောက်


    

 မဃဒေ၀ နှင့် ပုဏ္ဏားခြောက်ယောက်

မဃဒေ၀ ဟုဆိုလိုက်သည်နှင့် မန်လည်ဆရာတော်ဘုရားကြီးဟုလူတိုင်းသိကြပေလိမ့်မည်။ြ
ပည့်စုံစွာပြောရလျှင် မဟာသုတကာရီ မဃဒေ၀လင်္ကာသစ်
ကျမ်းမြတ်တော်ကြီးဖြစ်ပြီး သီကုံး  ထုံးဖွဲ့ခဲ့သော ဆရာတော်ကြီးမှာ အဂ္ဂမဟာပဏ္ဏိတ မကာရလောပအကျော် ကျေးဇူးရှင်ပထမ မန်လည်ဆရာတော်ဘုရားကြီး အရှင်ဇ၀န
၁၂၀၃-၁၂၈၂ ဖြစ်ပါသည်။ ဆရာတော်ကြီးသည် မဃဒေ၀လင်္ကာသစ်ကျမ်းအပါအ၀င် ကျမ်းစာပေါင်း မြောက်မြားစွာကိုရေးသားပြုစုခဲ့ပါသည်။ မဃဒေ၀လင်္ကာသစ်ကို ဆရာတော်သည် ၁၂၆၆ခု တော်သလင်းလပြည့်ကျော် ၁၄ရက် သောကြာနေ့ည၈နာရီ အချိန်တွင် အောင်မြင်စွာ
စီကုံးရေးသားခဲ့ပါသည်။ ဆရာတော်ကြီးသည် ငယ်စဉ်အရွယ် စာပေလေ့လာစဉ်အချိန်က အထူးကြည်ညိုခဲ့ဘူးသည့် နေမိဇာတ်တော်လာ မဃဒေ၀မင်း၏အထ္တုပ္ပတ္တိကို  ၀ိတ္တာရ ဝေဖန်၍
 မြန်မာစကားသံဖြင့် လင်္ကာသွား ဝေဖြာအောင် စီကုံးရေးသားတော်မူခဲ့ခြင်းဖြစ်ပါသည်။ မဃဒေ၀ဟူသော ပုဒ်၌ မဃသဒ္ဒါသည် နှစ်သက်ခြင်းအနက် မဃတိုင်းဟူသော အနက်တို့ကို ဟောသည် ။ဒေ၀ါသဒ္ဒါသည်ကား နတ်အနက် ဘုရင်အနက် မိုးတိမ်အနက် ကောင်းကင်အနက်တို့ ဟောသည်။ မဃဒေ၀ နှစ်ပုဒ်ပေါင်း အနက်ကား ပြည်သူတို့ နှစ်သက်သောမင်း သို့မဟုတ် မဃတိုင်းကို အစိုးရသော မင်းဟုဆိုလိုသည်။ဤမဃဒေ၀ဇာတ်တော်ကို ဦးစွာကဗျာလင်္ကာဖွဲ့ဆိုသူကား သျှင်အဂသာမိ(၈၄၁-၉၁၄)ဖြစ်လေသည်။သျှင်အဂသာမိသည် သက္ကရာဇ် ၉၀၀ပြည့်နှစ်တွင်နေမိမဂ္ဃဂိုင်းခန်းပျို့၊ဘုံခန်းပျို့
၊ငရဲခန်းပျို့ တို့ကိုရေးသားခဲ့သည်။
        ထိုမဂ္ဃဂိုင်းပျို့ ပင်ဖြစ်၍ ပျို့ဟောင်းဟုခေါ်သည်။ ထိုပျို့ဟောင်းကိုခွဲ၍ မန်လည်ဆရာတော်ကိုယ်တိုင် မဃဒေ၀လင်္ကာသစ်ဟု အမည်မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။ မဃဒေ၀လင်္ကာသစ်သည် ကြီးမားသော ဗဟုသုတများကို ပေးစွမ်းနိုင်သဖြင့် မဟာသုတကာရီ ဟူသောဝိသေသနဖြင့် အထူးပြုခြင်းဖြစ်
ပေသည်။ မဟာသုတကာရီ မဃဒေ၀လင်္ကာသစ်ကြီးပေါ်ထွန်းခဲ့သည်မှာ နှစ်တစ်ရာတိုင်ခဲ့ပြီဖြစ်ပါသည်။ မဃဒေ၀လင်္ကာသစ် ရာပြည့်အကြို ရာပြည့်အထိမ်းအမှတ်ဂျာနယ်မဂ္ဂဇင်းများနှင့် အခြားသော ဘာသာရေးဆိုင်ရာမဂ္ဂဇင်းများတွင် စပ်လျဉ်းသော ဆောင်းပါး ကဗျာ ၀တ္တုများကို ဖတ်ရှုခဲ့ရပါ
သည်။အချို့အချို့သောဆရာများ၏ စာမူများတွင် မာဃဒေ၀လင်္ကာသစ်ဟူ၍ ဖေါ်ပြပါရှိလေရာ များစွာ စိတ်အနှောက်အယှက်ဖြစ်မိပါသည်။မာဃဟုဖေါ်ပြ သုံးနှုန်းထားခြင်းသည် ဆရာတော်ကြီး၏ မူလအနက်အဓိပ္ပာယ်ကို လွဲမှားစေပါသည်။
    စာပေရေးသားသူ(သို့မဟုတ်)စာပေရိုက်နှိပ်သူ တစ်ဦးဦး၏ လွဲမှားမှုကို အထူးဂရုထား၍
 ဖော်ပြသင့်ပါသည်။ စာဖတ်သူအများစု၏ စိတ်အာရုံ၌ လွဲမှားမှုကို ထင်မှတ်စေတတ်၍ ဖြစ်ပါသည်။ ဆရာတော်ဘုရားကြီး၏ ထင်ရှားသောဝိသေသ တစ်ခုမှာ မကာရလောပပင်ဖြစ်သည်။
မကာရလောပဣဣဣသည် ပါဠိဘာသာစကားဖြစ်ပြီး မကာရ(မ+အက္ခရာ) လောပ -ကျေညက်ခြင်း ၊မတစ်လုံးကျေသည်ဟု ဖေါ်ပြထားသဖြင့် မသိသောအရာဟူ၍ မှတ်ယူနိုင်ပေသည်။
မ တစ်လုံးကျေ၏ အဓိပ္ပါယ်ကို မြန်မာ-အင်္ဂလိပ်အဘိဓာန်တွင် (n) highly knowledgeable person also -မကာရလောပ ဟုဖေါ်ပြထားပါသည်။ မ တစ်လုံးကျေသည် ကို အချို့ပုဂ္ဂိုလ်များကမိန်းမကျမ်းကျေ
သည်ဟု ယူဆကြလေသည်လားမသိပေ။ မန်လည်ဆရာတော်ကြီး၏ မဃဒေဝ
လင်္ကာသစ်အပိုဒ်(၂၉၇)စာကြောင်းရေ (၈)တွင်မယားဟူဘိ၊ထိုနှင့်၊မယှိမကောင်း၊ယှိမကောင်းဘဲ၊
မပေါင်းလည်းခက်၊ပေါင်းလည်းခက်၏ ဟုအထင်အရှား ရေးသားထားလျှက် စာရေးသူအချို့နှင့်ယောက်ကျားများက မိန်းမသားများကို ချိုးနှိမ်လိုသော သဘောဖြင့် မိမိလိုရာဆွဲ၍ မိန်းမဟူဘိ ထိုဣတ္ထိတို့မရှိမကောင်း၊ရှိမကောင်းတည့် ၊မပေါင်းလည်းခက် ပေါင်းလည်းခက်၏ ဟုရေးသားပြောဆိုကာ မန်လည်ဆရာတော်၏ မဃဒေ၀လင်္ကာကို အလွယ်တကူညွန်ပြပြောဆို
 ကြလေသည်။ မိန်းမသည် အမက္ကုတ္တိလိင်( female of the sex able to produce 0ffspring or lay eggs )ကိုဖေါ်ပြထားခြင်းဖြစ်ပြီးမယားသည် ဇနီး လင်ရှိသောသူ (woman who has a husband) ကိုရည်ညွှန်းသည်ဖြစ်ရာ မိန်းမဟူသည် ထိုဣုတ္ထိဟု ဆိုလိုက်သည်နှင့် ရှိရှိသမျှ အမဣုတ္ထိလိင်များဟု မှတ်ယူနိုင်ပေသည်။ ထိုသို့ကြောင့် များပင်လော ။ဆရာတော်ကြီးအားမိန်းမမကောင်းကြောင်း ရေးတဲ့
ဆရာတော်ကြီးဟူ၍ ထင်မှတ်မှားကြပေခြင်းပေလား? မန်လည်ဆရာတော်ကြီးသည် မိန်းမ မကောင်းကြောင်းကိုသာ ရေးဖွဲ့ထားသည်မဟုတ်ပါ။ ချီးမွမ်းသင့်သည့် မိန်းမမြတ်ပညာရှိ
များအကြောင်းကို မဃဒေ၀လင်္ကာသစ်၏ အပိုဒ်( ၃၁၄)တွင်ပညာမည်ညား၊ဤတရားလည်း
၊ယောက်ကျား၌သာ မဟူရာဘူး၊အမရာဒေ၀ီ ဘေရီဓမ္မဒိန္နာစသည် အပ္ပကဟူ၊နည်းငယ်မူကား၊
လူဝယ်ထိုသို့၊မိန်းမတို့လည်း ၊အချို့ပညာရှိတတ်စွာ၏  ဟူ၍လည်းကောင်း အပိုဒ် (၃၁၅)တွင် ကိစ္စတသီး၊အရေးကြီး၍ ၊မပြီးနိုင်က ၊ကျန်မရသော်၊မိန်းမကိုသာ၊တိုင်ပင်ရာဟု၊ပညာရှိများ အစဉ်ကြားလျှက် ထင်ရှားမိန့်မှာ၊ဥဒါန်းလာ၏  ဟူ၍လည်းကောင်းဖွဲ့ဆိုထားပါသည်။ အပိုဒ်(၃၁၃) တွင်မူ  လူရွာဌာန လူ့လောက၌ မိန်းမတို့သာ ကျင့်ယုတ်မာ၍ မိစ္ဆာဆိုးဝါး မဟုတ်ငြားဘူး  ယောက်ကျားတို့သည်လည်း
ပညာနည်းတို့၊စောင့်စည်းမရှိ၊မျိုးဣတ္ထိသို့၊မသိကျေးဇူး၊သူဂုဏ်ထူးကို၊ထိမ်မြူးချေတတ်၊ကျင့်မမြတ်တည့်ဟူ၍လည်း
 ယောက်ကျားယုတ်မာတို့အကြောင်း ရေးဖွဲ့ထားပါသည်။
    မဟာသုတကာရီမဃဒေ၀လင်္ကာသစ်သည် ယောက်ကျားမိန်းမအကြောင်းများကို ရေးဖွဲ့ထားသည်မဟုတ်ပါ။
လင်္ကာစာပေ ပညာနှင့်ပတ်သက်၍ အပိုဒ်(၉၈) တွင် လောင်းမင်းအသျှင်၊ဘ၀ရှင်၏၊ ထက်ခွင်မိုးက
၊မိုးကြိုးချသို့၊ကြီးလှရှိန်ဝါ၊မိန့်အာဏာကို  ဟူ၍လည်းကောင်းရာဇ၀င်နှင့်ပတ်သက်၍ မဟာသမ္မတမင်းကစ၍ သြက္ကာကထိ  အရှိတွက်ကိန်း၊ဂဏန်းချိန်းသော်၊နှစ်သိန်းငါးသောင်း
၊နှစ်ထောင့်ငါးရာ၊ငါးကျိပ်သာ၍သချာင်္နောက်ပွား ၊မင်းခြောက်ပါးတည့်   ဟု အပိုဒ်(၃၁)၌ ရေးသားထားပါသည်။  ကျန်းမာရေးနှင့်ပတ်သက်၍ သားချစ်ယူမှတ်၊ဤလူ့ဇာတ်၌၊
လျောက်ပတ်ကျင့်ငြား၊လျောက်ပတ်စားနှင့်၊ဆေးဝါးစာကြေ၊စားထွေကာလ၊ဗြဟ္မစာရီ၊ဤငါးလီမူ လောကီလူပေါင်း သက်ရှည်ကြောင်းတည့်ဟုအပိုဒ်(၃၂၇)တွင် လည်းကောင်း ၊စစ်ရေးစစ်ရာနှင့်ပတ်သက်၍ အပိုဒ်(၂၀၄)တွင် မိုးစဲမပွင့်၊ချိန်မသင့်ဝယ်၊စစ်ခွင့်စစ်ရေး၊သူဆောင်သွေးတိုင်း၊ရပ်ဝေးမြေတာ၊မချီရာဘူး၊လိမ္မာခွင့်သိ၊ပညာရှိတို့ ဟူ၍လည်းကောင်း၊ အဂ္ဂိရတ်ပညာနှင့်ပတ်သက်၍ ပညာဆေးဝါး၊အပါးပါးတည့်၊ပြဒါးမီးနေ၊သံသေဓာတ်
ပြာ၊ရသာယန၊သြသဓာတု၊အာယုဝါဇီ၊၀သီကရဏ ၊စသည်လိမ်းသပ် ၊စားပျိုအပ်နှင့်ဟု  အပိုဒ်(၁၃၃)၌ လည်းကောင်းဖွဲ့ဆိုရေးသားခဲ့ပါသည်။
    အချုပ်အားဖြင့်ဆိုလျှင် မဃဒေ၀လင်္ကာသစ်သည် လောကုတ္တရာအဖြာဖြာသောဗဟုသုတများကို
 ပေးစွမ်းနိုင်သောအဖိုးထိုက် ကျမ်းမြတ်ရတနာတစ်ပါးဖြစ်ပေသည်။သို့ပါ၍ ကျေးဇူးရှင် ပထမ မန်လည်ဆရာတော်ကြီးနှင့် စပ်ဆိုင်သမျှသောအကြောင်းအရာများကို ထုတ်ဖေါ်ရေးသားကြမည်
ဆိုပါလျှင် သေသေချာချာဂဃနဏလေ့လာ ရေးသားကြခြင်းဖြင့်ဆရာတော်၏ဂုဏ်သိက္ခာကိုစောင့်ထိန်းကြစေလိုပါသည်။သို့မဟုတ်ပါမူ ကျွန်တော်တို့ငယ်စဉ်က သင်ကြားနာယူခဲ့ဘူးသော မျက်မမြင် ပုဏ္ဏားခြောက်ဦး၏ ဆင်ကိုစမ်းသော ပုံပြင်သဖွယ်ဖြစ်မည်မှာ မလွဲဧကန်ပေလိမ့်မည်။        


                                                                                                                       နိုင်မောင်မောင်