Friday 8 June 2018

တာချီလိတ်မြို့နယ်၊တာလေမြို့၊နားယောင်းကျေးရွာအုပ်စုတောင်သုံးလုံးရွာတွင် အမက(ခွဲ)မှ အမကကျောင်းအဆင့်တိုးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခြင်း။


ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် ၊တာချီလိတ်မြို့နယ် ၊တာလေမြို့ ၊နားယောင်းကျေးရွာအုပ်စု
တောင်သုံးလုံးရွာတွင် ယနေ့နံနက်(၉း၀၀)နာရီတွင် တောင်သုံးလုံး အခြေခံပညာမူလတန်းကျောင်း(ခွဲ)မှ
အခြေခံပညာမူလတန်းကျောင်းအဆင့်သို့ တိုးမြှင့်သည့် အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ တာချီလိတ်မြို့နယ်ပညာရေးမှူးကိုယ်စား လက်ထောက်မြိုနယ်ပညာရေးမှူးဦးမြင့်ဝင်းလှ၊
တာလေကျောင်းနယ်မြေမှူး အထကတာလေကျောင်းအုပ်ကြီးဦးကျော်ဆန်း၊ အထကခွဲနားအွန်ကျောင်းအုပ်ကြီး ဦးစိုင်းရှဲန်တို့နှင့်အတူ ကျောင်းအုပ်စုမှူးနှင့်ကျောင်းအုပ်ကြီးများ
တောင်သုံးလုံးရွာသူကြီးနှင့် တာဝန်ရှိသူများ၊ တာချီလိတ်မြို့ပေါ်မှ အလှူရှင်လုပ်ငန်းရှင်များ
မိဘပြည်သူများ၊ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြပါသည်။


အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးကိုယ်စား လက်ထောက်မြို့နယ်ပညာရေးမှူးဦးမြင့်ဝင်းလှက အဖွင့်
အမှာစကားပြောကြားပါသည်။ ထို့နောက်ကျောင်းနယ်မြေမှူး အထကတာလေကျောင်းအုပ်ဆရာကြီး
ဦးကျော်ဆန်းက ကျောင်းအဆင့်တိုးခြင်းနှင့်ပတ်သက်၍ အကျယ်တစ်ဝင့် ရှင်းလင်းပြောကြားပါသည်။
အခမ်းအနားတွင် တောင်သုံးလုံးရွာသူကြီး ဦးလီဆာကိုယ်စား တောင်သုံးလုံးရွာနေတာချီလိတ် မြို့နယ် စိုက်ပျိုးရေးဌာနမှ လက်ထောက်ဦးစီးမှူး ဦးရွှေဟုန်းတန်က ကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်။

အခမ်းအနားအား နံနက်(၁၁း၀၀)နာရီတွင် အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။
ကျေးရွာမှ နေ့လည်စာဖြင့် ဧည့်သည်များအား ကျွေးမွေးဧည့်ခံကြောင်း သိရှိရပါသည်။

သတင်းပေးပို့သူ ၊ မြတ်မျိုးမြင့်မာန်

0 comments:

Post a Comment