Tuesday 29 May 2018

စေတနာဖြင့်တင်ပြမည် ပညာရေးစနစ်သစ် မူလတန်းဆီ


မူလတန္းသင္ရုိးသစ္တြင္ အတန္းတစ္တန္း၏
ဘာသာရပ္တစ္ခုအတြက္ အခန္းအလုိက္စီစဥ္
ထားရွိပါသည္။ တစ္ခန္းခ်င္းစီတြင္ သင္ခန္းစာငယ္
တစ္ခုခ်င္းအလုိက္ ခြဲထားပါသည္။ သင္ခန္းစာ
ငယ္တစ္ခုအားသင္ၾကားရာတြင္ ဆရာဆရာမမ်ား
အတြက္ သင္ခန္းစာငယ္အား သင္ၾကားရမည့္
အခ်ိန္အေရတြက္အတုိင္း တစ္ခ်ိန္စာအတြက္ကုိပင္
သင္ၾကားရမည့္ လုပ္ငန္းလမ္းညႊန္မ်ားကုိ
စနစ္တက် အေသးစိတ္ ျပဳစုထားပါသည္။ ဆရာလမ္းညႊန္မ်ား ေက်ာင္းတုိင္းသုိ႕
သင္တန္းတက္ျပီး ဆရာဆရာမတုိင္းသုိ႕
ပညာေရးဌာနက
ေပးအပ္ထားပါသည္။

ယခင္စနစ္ေဟာင္းပညာေရးတြင္
ဆရာဆရာမမ်ားက အေသးစိတ္
ေဆာင္ရြက္ၾကရျပီး ယခုကဲ့သုိ႕
ေကာငး္မြန္ျပည့္စုံလွေသာ
ဆရာလမ္းညႊန္မ်ားမရွိခဲ့ပါ။
မိဘျပည္သူမ်ားနားလည္လြယ္ေစရန္
ဒုတိယတန္းသင္ရုိးသစ္၏
ျမန္မာစာဘာသာရပ္ အခန္း(၁)
သင္ခန္းစာ(ဂ)ကုိ နမူနာပုံမ်ား
ေပးထားျခင္းျဖစ္ပါသည္။
ေဖာ္ျပပါပုံမ်ားမွာ ဒုတိယတန္းစနစ္သစ္ျမန္မာစာ
၏ အခန္း(၁) ျဖစ္ေသာ အသတ္လကၡဏာ
သိမွတ္စရာ ဗ်ည္းနဲ႕တြဲၾကမွာ ထဲမွ
သင္ခန္းစာ(ဂ)ျဖစ္ေသာ
အင္အင့္အင္းအသတ္မ်ား
သင္ၾကားၾကစုိ႕လား သင္ခန္းစာ
သင္ၾကားခ်ိန္(၉)ခ်ိန္အနက္
တတိယအခ်ိန္ဆုိင္ရာ
ဆရာလမ္းညႊန္စာအုပ္မွ
ညႊန္ၾကားခ်က္မ်ားကုိ
ေဖာ္ျပထားျခင္းျဖစ္ပါသည္။

ယခုေဆာင္းပါးငယ္ကုိ ေရးသားရျခင္းမွာ
မိဘျပည္သူမ်ားအတြက္
အထူးရည္ရြယ္ပါသည္။
မိမိတုိ႕၏ သားသမီးမ်ားကုိ
ေက်ာင္းလႊတ္ရုံျဖင့္ မျပီးပါ။
ပညာေရးစနစ္ေျပာင္းႏွင့္
သားသမီး အတန္းလုိက္
တတ္ေျမာက္ေရးကုိ
ထိန္းေက်ာင္းေပးမွသာ
မိဘျပည္သူမ်ားကုိယ္တုိင္
မသင္ၾကားခဲ့ရေသးေသာ
ပညာေရးစနစ္သစ္ကုိ
ပုိမုိေအာင္ျမင္ႏုိင္ျပီး
ျမန္မာ့ပညာေရး အမွန္တကယ္
တုိးတက္လာမည္ျဖစ္ပါသည္။
ထုိ႕ျပင္ သင္ရုိးသစ္ႏွင့္
နီးလ်က္ႏွင့္ေ၀းေနေသာ
ထက္လယ္ေက်ာင္းအုပ္ၾကီးမ်ား
မူအုပ္မ်ား၊ပညာေရးအရာရွိအခ်ိဳ႕အားလည္း
ကူညီျခင္းလည္း ျဖစ္ပါသည္။
ဤကဲ့သုိ႕ စနစ္တက်
ေသေသခ်ာခ်ာ ေငြကုန္ေၾကးက်မ်ားစြာ
ျဖင့္ ပညာေရး၀န္ၾကီးဌာနမွ
ေဆာင္ရြက္ေနေသာ ပညာေရးစနစ္
ကုိ လူမွဳကြန္ယက္စာမ်က္ႏွာမွ
ျမန္မာစာေရးတတ္သူတုိ႕၏
သြားပုတ္ေလလြင့္ ေျပာေနသူတုိ႕၏
စကားမ်ားကုိလည္း ျပန္လည္ေခ်ပ
တင္ျပလုိျခင္းလည္းျဖစ္ပါသည္။
အထက္တြင္တင္ျပခဲ့သည္အတုိင္း
စနစ္တက် ပီပီျပင္ျပင္
ဆရာဆရာမမ်ား အခက္အခဲမရွိ
ကုိးကားလုိက္နာျပီး သင္ၾကားေပးရန္
သင္တန္းမ်ား ဆရာလမ္းညႊန္မ်ား
ေပးအပ္ထားျပီး ျဖစ္ေသာ္လည္း
ဆရာဆရာမမ်ား၏ ကၽြမ္းက်င္
တတ္ေျမာက္လာသည့္ ျမန္မာစာ
အေျခအေနအရ သင္ျပနည္းမ်ားကုိလည္း
ေရြးခ်ယ္ႏုိ္င္ေအာင္ လမ္းညႊန္ထားပါသည္။
အထက္ပါ ဥပမာေပးထားသည့္
သင္ခန္းစာတြင္ စာလုံးေပါင္းနည္းကုိပင္
ေဖာ္ျပထားသည့္ ၾကိဳက္ႏွစ္သက္ရာ
စာလုံးေပါင္းနည္းကုိ သုံးႏုိင္ေၾကာင္း
လမ္းညႊန္ထားပါသည္။
သုိ႕ေသာ္လည္း ပထမတန္းသင္ရုိးသစ္တြင္
သင္လာသည့္ စာလုံးေပါင္းနည္းအတုိင္း
ဒုတိယတန္းသင္ရုိးသစ္တြင္ ဆက္လက္
သင္ၾကားမည့္ ကေလးမ်ားအား
သင္ၾကားေပးျခင္းကသာ
ေက်ာင္းသားေက်ာင္းသူမ်ား
နားလည္သေဘာေပါက္ျပီး
ျမန္မာစာကုိ စာလုံးမေပါင္းဘဲ
ရြတ္ဖတ္ႏုိ္င္သည့္စြမး္ရည္
ျမင့္မားလာမည္ျဖစ္ပါသည္။
သုိ႕ျဖစ္ပါ၍ သက္ဆုိင္ရာ
ေက်ာင္းအုပ္ၾကီးမ်ားက
မူလတန္းသင္ရုိးသစ္သင္
ဆရာဆရာမမ်ားကုိ
ဘာသာရပ္ဆုိင္ရာမ်ားကုိ
စနစ္သစ္လမ္းညႊန္ခ်က္မ်ားနဲ႕အညီ
ေက်ာင္းသားေက်ာင္းသူမ်ား
ေကာင္းမြန္စြာ တတ္ေျမာက္လာေစေရး
အတြက္ တည့္မတ္ထိန္းေက်ာင္းမွသာ
ပုိမုိေအာင္ျမင္မည္ျဖစ္သည္။
အလားတူ မိဘျပည္သူမ်ားကလည္း
စနစ္သစ္ပညာေရးအေျပာင္းအလဲ
သင္ခန္းစာ သင္နည္းမ်ားကုိ
ဆရာဆရာမမ်ား၊ ေက်ာင္းအုပ္ၾကီးမ်ား၊
ပညာေရး၀န္ထမ္းမ်ားႏွင့္ ပူးေပါင္း
ေဆြးေႏြးလ်က္ မိမိတုိ႕ သားသမီးမ်ား
ပညာေရးစနစ္သစ္ကုိ
အျပည့္အ၀ရရွိေစေရးႏွင့္
ပညာေရးစနစ္သစ္ ေအာင္ျမင္ေစရန္
ၾကိဳးပမ္းေဆာင္ရြက္သြားၾကပါေစေၾကာင္း
ဆုမြန္ေကာင္းေတာင္းလ်က္
ယခုတင္ျပျခင္းကုိ နိဂုံးခ်ဳပ္ပါသည္။

ေလးစားလ်က္ ဦးျမင့္၀င္းလွ
လက္ေထာက္ျမိဳ႕နယ္ပညာေရးမွဴး
တာခ်ီလိတ္ျမိဳ႕


-------------------------------------

မူလတန်းသင်ရိုးသစ်တွင် အတန်းတစ်တန်း၏
ဘာသာရပ်တစ်ခုအတွက် အခန်းအလိုက်စီစဉ်
ထားရှိပါသည်။ တစ်ခန်းချင်းစီတွင် သင်ခန်းစာငယ်
တစ်ခုချင်းအလိုက် ခွဲထားပါသည်။ သင်ခန်းစာ
ငယ်တစ်ခုအားသင်ကြားရာတွင် ဆရာဆရာမများ
အတွက် သင်ခန်းစာငယ်အား သင်ကြားရမည့်
အချိန်အရေတွက်အတိုင်း တစ်ချိန်စာအတွက်ကိုပင်
သင်ကြားရမည့် လုပ်ငန်းလမ်းညွှန်များကို
စနစ်တကျ အသေးစိတ် ပြုစုထားပါသည်။ ဆရာလမ်းညွှန်များ ကျောင်းတိုင်းသို့
သင်တန်းတက်ပြီး ဆရာဆရာမတိုင်းသို့
ပညာရေးဌာနက
ပေးအပ်ထားပါသည်။


ယခင်စနစ်ဟောင်းပညာရေးတွင်
ဆရာဆရာမများက အသေးစိတ်
ဆောင်ရွက်ကြရပြီး ယခုကဲ့သို့
ကောင်းမွန်ပြည့်စုံလှသော
ဆရာလမ်းညွှန်များမရှိခဲ့ပါ။
မိဘပြည်သူများနားလည်လွယ်စေရန်
ဒုတိယတန်းသင်ရိုးသစ်၏
မြန်မာစာဘာသာရပ် အခန်း(၁)
သင်ခန်းစာ(ဂ)ကို နမူနာပုံများ
ပေးထားခြင်းဖြစ်ပါသည်။
ဖော်ပြပါပုံများမှာ ဒုတိယတန်းစနစ်သစ်မြန်မာစာ
၏ အခန်း(၁) ဖြစ်သော အသတ်လက္ခဏာ
သိမှတ်စရာ ဗျည်းနဲ့တွဲကြမှာ ထဲမှ
သင်ခန်းစာ(ဂ)ဖြစ်သော
အင်အင့်အင်းအသတ်များ
သင်ကြားကြစို့လား သင်ခန်းစာ
သင်ကြားချိန်(၉)ချိန်အနက်
တတိယအချိန်ဆိုင်ရာ
ဆရာလမ်းညွှန်စာအုပ်မှ
ညွှန်ကြားချက်များကို
ဖော်ပြထားခြင်းဖြစ်ပါသည်။


ယခုဆောင်းပါးငယ်ကို ရေးသားရခြင်းမှာ
မိဘပြည်သူများအတွက်
အထူးရည်ရွယ်ပါသည်။
မိမိတို့၏ သားသမီးများကို
ကျောင်းလွှတ်ရုံဖြင့် မပြီးပါ။
ပညာရေးစနစ်ပြောင်းနှင့်
သားသမီး အတန်းလိုက်
တတ်မြောက်ရေးကို
ထိန်းကျောင်းပေးမှသာ
မိဘပြည်သူများကိုယ်တိုင်
မသင်ကြားခဲ့ရသေးသော
ပညာရေးစနစ်သစ်ကို
ပိုမိုအောင်မြင်နိုင်ပြီး
မြန်မာ့ပညာရေး အမှန်တကယ်
တိုးတက်လာမည်ဖြစ်ပါသည်။
ထို့ပြင် သင်ရိုးသစ်နှင့်
နီးလျက်နှင့်ဝေးနေသော
ထက်လယ်ကျောင်းအုပ်ကြီးများ
မူအုပ်များ၊ပညာရေးအရာရှိအချို့အားလည်း
ကူညီခြင်းလည်း ဖြစ်ပါသည်။
ဤကဲ့သုိ႕ စနစ္တက်
သေသေချာချာ ငွေကုန်ကြေးကျများစွာ
ဖြင့် ပညာရေးဝန်ကြီးဌာနမှ
ဆောင်ရွက်နေသော ပညာရေးစနစ်
ကို လူမှုကွန်ယက်စာမျက်နှာမှ
မြန်မာစာရေးတတ်သူတို့၏
သွားပုတ်လေလွင့် ပြောနေသူတို့၏
စကားများကိုလည်း ပြန်လည်ချေပ
တင်ပြလိုခြင်းလည်းဖြစ်ပါသည်။
အထက်တွင်တင်ပြခဲ့သည်အတိုင်း
စနစ်တကျ ပီပီပြင်ပြင်
ဆရာဆရာမများ အခက်အခဲမရှိ
ကိုးကားလိုက်နာပြီး သင်ကြားပေးရန်
သင်တန်းများ ဆရာလမ်းညွှန်များ
ပေးအပ်ထားပြီး ဖြစ်သော်လည်း
ဆရာဆရာမများ၏ ကျွမ်းကျင်
တတ်မြောက်လာသည့် မြန်မာစာ
အခြေအနေအရ သင်ပြနည်းများကိုလည်း
ရွေးချယ်နိုင်အောင် လမ်းညွှန်ထားပါသည်။

အထက်ပါ ဥပမာပေးထားသည့်
သင်ခန်းစာတွင် စာလုံးပေါင်းနည်းကိုပင်
ဖော်ပြထားသည့် ကြိုက်နှစ်သက်ရာ
စာလုံးပေါင်းနည်းကို သုံးနိုင်ကြောင်း
လမ်းညွှန်ထားပါသည်။
သို့သော်လည်း ပထမတန်းသင်ရိုးသစ်တွင်
သင်လာသည့် စာလုံးပေါင်းနည်းအတိုင်း
ဒုတိယတန်းသင်ရိုးသစ်တွင် ဆက်လက်
သင်ကြားမည့် ကလေးများအား
သင်ကြားပေးခြင်းကသာ
ကျောင်းသားကျောင်းသူများ
နားလည်သဘောပေါက်ပြီး
မြန်မာစာကို စာလုံးမပေါင်းဘဲ
ရွတ်ဖတ်နိုင်သည့်စွမ်းရည်
မြင့်မားလာမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ သက်ဆိုင်ရာ
ကျောင်းအုပ်ကြီးများက
မူလတန်းသင်ရိုးသစ်သင်
ဆရာဆရာမများကို
ဘာသာရပ်ဆိုင်ရာများကို
စနစ်သစ်လမ်းညွှန်ချက်များနဲ့အညီ
ကျောင်းသားကျောင်းသူများ
ကောင်းမွန်စွာ တတ်မြောက်လာစေရေး
အတွက် တည့်မတ်ထိန်းကျောင်းမှသာ
ပိုမိုအောင်မြင်မည်ဖြစ်သည်။
အလားတူ မိဘပြည်သူများကလည်း
စနစ်သစ်ပညာရေးအပြောင်းအလဲ
သင်ခန်းစာ သင်နည်းများကို
ဆရာဆရာမများ၊ ကျောင်းအုပ်ကြီးများ၊
ပညာရေးဝန်ထမ်းများနှင့် ပူးပေါင်း
ဆွေးနွေးလျက် မိမိတို့ သားသမီးများ
ပညာရေးစနစ်သစ်ကို
အပြည့်အဝရရှိစေရေးနှင့်
ပညာရေးစနစ်သစ် အောင်မြင်စေရန်
ကြိုးပမ်းဆောင်ရွက်သွားကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းလျက်
ယခုတင်ပြခြင်းကို နိဂုံးချုပ်ပါသည်။

လေးစားလျက် ဦးမြင့်ဝင်းလှ
လက်ထောက်မြို့နယ်ပညာရေးမှူး
တာချီလိတ်မြို့

0 comments:

Post a Comment