Showing posts with label မှိုင်း(ဓာတု). Show all posts
Showing posts with label မှိုင်း(ဓာတု). Show all posts
Friday, 10 November 2017
Thursday, 2 November 2017
လူသားကောင်းများသို့
Monday, 9 October 2017
ပန်းချစ်သူရေ သိပါစေ။
ပန်းချစ်သူရေ
သင့်ဦးခေါင်းပေါ်မှာ
လှပတဲ့ပန်းတွေကို
တစ်ပြိုင်တည်း ပန်ချင်တယ်ဆိုရင်
သင်မဟုတ်သေးဘူးဆိုတာ
သင့်ကိုယ်သင် သိပါစေလေ။
ပန်းချစ်သူရေ
ပန်ဆင်ပြီး ညိုးနွမ်းနေတဲ့
ညှိုးနွမ်းနေတဲ့ပန်းကလေးကိုမှ
သင်ဦးခေါင်းမှာ ပန်ဆင်ချင်တယ်ဆိုရင်
သင်မဟုတ်သေးဘူးဆိုတာ
သင့်ကိုယ်သင် သိပါစေလေ။
ပန်းချစ်သူရေ
သင်းပျံ့မွှေးလွန်းတဲ့ပန်းကိုမှ
သင်ဦးခေါင်းထက်မှာ
ပန်ဆင်ချင်တယ်ဆိုရင်
သင်မဟုတ်သေးဘူးဆိုတာ
သင့်ကိုယ်သင် သိပါစေလေ။
ပန်းချစ်သူရေ
ပြန်လည် မရရှိနိုင်တော့တဲ့
ဟိုးအဝေးကို ရောက်ရှိနေပြီဖြစ်တဲ့
သင့်ကို မေ့နေပြီဖြစ်တဲ့ ပန်းကလေးကိုမှ
သင်ဦးခေါင်းထက်မှာ
ပန်ဆင်ချင်တယ်ဆိုရင်
သင်မဟုတ်သေးဘူးဆိုတာ
သင့်ကိုယ်သင် သိပါစေလေ။
ပန်းချစ်သူရေ
သင်မဟုတ်သေးပါဘူးလို့ ပြောတာက
သင် ပန်းဝေဒနာတွေ ခံစားရမှာစိုးလို့
ပြောမိတာကို သိပါစေ ပန်းချစ်သူရေ။
မှိုင်း(ဓာတု)
၉.၁၀.၂၀၁၇
Sunday, 16 August 2015
မျှော်လင့်ခြင်းဖြင့်သာ ........... သို့မဟုတ် သပြေတစ်ခက်ဖြင့် အနေခက်သူတစ်ဦးအကြောင်း
၁၆.၈.၂၀၁၅ မွန်းလွဲ(၁၂း၃၀) နာရီတွင် စပ်ဆိုပြီးစီးသည်။
စာပေညီအစ်ကို ဦးစိုင်းအောင်ကြိုင် (စာရေးဆရာနန်းရွှေလီကြိုင်)၏ မေတ္တာရပ်ခံချက်အရ
၎င်း၏ ခံစားချက်များအား မျှယူခံစား ရေးစပ်ခြင်းဖြစ်ကြောင်း ၀န်ခံပါသည်။
Wednesday, 3 December 2014
ပန်း၏မာယာ မတွေးသာ သို့မဟုတ် အလွမ်းကဗျာ (၁)
*** ရင်မှာသိုထား လှတစ်ပါးအား
ပန်းများသခင် စိတ်အထင်နဲ့
ရင်မှာချိတ်ဆွဲ ပန်ဆင်ဆဲမှာ
ညှိုးမဲနွမ်းကြွေ အလှမြေခ
တွေးလာခဏ ဆွေးတစ်ညမှာ
ပန်း၏မာယာ တွေးမိပါ၏။
ပန်းများသခင် စိတ်အထင်နဲ့
ရင်မှာချိတ်ဆွဲ ပန်ဆင်ဆဲမှာ
ညှိုးမဲနွမ်းကြွေ အလှမြေခ
တွေးလာခဏ ဆွေးတစ်ညမှာ
ပန်း၏မာယာ တွေးမိပါ၏။
*** တော်ဝင်သဇင် ပန်းသခင်လည်း
နိဂုံးပျက်ပြယ် ရှိလိမ့်မယ်ထင်
အလှညွှန့်ဖူး စပယ်ဦးလည်း
နိဂုံးပျက်ပြယ် ရှိလိမ့်မယ်ထင်
ရနံ့မပြယ် ခရေရယ်လည်း
နိဂုံးပျက်ပြယ် ရှိလိမ့်မယ်ထင်
စိတ်ဘ၀င်မှာ ...................
ပန်း၏မာယာ တွေးခဲ့ပါ၏။
နိဂုံးပျက်ပြယ် ရှိလိမ့်မယ်ထင်
အလှညွှန့်ဖူး စပယ်ဦးလည်း
နိဂုံးပျက်ပြယ် ရှိလိမ့်မယ်ထင်
ရနံ့မပြယ် ခရေရယ်လည်း
နိဂုံးပျက်ပြယ် ရှိလိမ့်မယ်ထင်
စိတ်ဘ၀င်မှာ ...................
ပန်း၏မာယာ တွေးခဲ့ပါ၏။
*** ဘယ်ပန်းဘယ်သို့ ဘယ်ဆီမို့လည်း
ပန်ဖို့ရင်ထဲ ဘ၀င်စွဲသူ
ချစ်မြဲသူက ပန်စဉ်ကာလ
တစ်ခဏမှာ...........
ထိုက်တန်တင့်တယ် လှမျိုးကြွယ်ဖို့
စင်ကြယ်မေတ္တာ စေတနာနဲ့
ယုယကာပေး ပန်ဆင်ဖေးမ
ပြုခဲ့ရမူ ...................
ပန်း၏မာယာ ...................
မတွေးသာသည် လွမ်းဦးမည်။
ပန်ဖို့ရင်ထဲ ဘ၀င်စွဲသူ
ချစ်မြဲသူက ပန်စဉ်ကာလ
တစ်ခဏမှာ...........
ထိုက်တန်တင့်တယ် လှမျိုးကြွယ်ဖို့
စင်ကြယ်မေတ္တာ စေတနာနဲ့
ယုယကာပေး ပန်ဆင်ဖေးမ
ပြုခဲ့ရမူ ...................
ပန်း၏မာယာ ...................
မတွေးသာသည် လွမ်းဦးမည်။
မှိုင်း (ဓာတု)
(၃.၁၂.၂၀၁၄) တွင် စပ်ဆိုသည်။
(၃.၁၂.၂၀၁၄) တွင် စပ်ဆိုသည်။
Tuesday, 14 October 2014
အလွမ်းရူး ၏ တောင်းပန်ခြင်း
* မိုးကုန်ဆောင်းပြောင်း အလွမ်းကျောင်းမှာ
ပန်းပေါင်းတစ်ထောင် ပိတုန်းမောင်တို့
ဆွဲဆောင်အရိပ် လိပ်ပြာစိတ်ဖြေ
အတိတ်ဟေမာန် ရောက်ခဲ့ပြန်ပြီ
လွမ်းဟန်ကဗျာ ဖွဲ့သီပါသည်
ကြင်နာချစ်ဖူး အလွမ်းရူးကို
" ခွင့်လွှတ်ပါမေ "
* အနီရောင်လေး ဆင်လာပေးမှ
အဝေးကမြင် ချစ်သူထင်ဖို့
ကြင်နာချစ်ကြောင်း အဖြေတောင်းသူ
ရင်မှာပူလည်း ..............??
အနီရောင်လွှမ်း သူဆင်မြန်းလျက်
ကျောင်းကွေ့ကုက္ကို လှိုင်တက္ကသိုလ်မှာ
ချစ်လာနိမိတ် သူ့အတိတ်ကြောင့်
ဖြေသိမ့်အလွမ်း မြင်ယောင်တမ်းတ
ဆောင်းတညမှာ ..................
အလွမ်းကဗျာ ဖွဲ့သီပါသည်
ကြင်နာချစ်ဖူး အလွမ်းရူးကို
" ခွင့်လွှတ်ပါမေ "
မှိုင်း(ဓာတု)
စပ်ဆိုသည့်နေ့ - ၁၄.၁၀.၁၄ ။
အနှစ်နှစ်ဆယ်ကျော် ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ)၏
ကျောင်းကွေ့ ကုက္ကို ပင်ကြီး ရှိရာ ကားဂိတ်နေရာတွင် အချစ်တစ်ခု
စတင်ဖြစ်တည်မှု အား ဆောင်းအ၀င်ကာလတွင် ခံစားစပ်ဆိုပါသည်။
Saturday, 28 December 2013
အလွမ်းနိမိတ်
ဆရာသူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးပါတယ်။ သူထက်အများကြီးငယ်တဲ့ ဆရာမတစ်ယောက်ကို ချစ်ခဲ့
သူဖြစ်ပါတယ်။ တစ်ဖက်သတ်ချစ်သူအဖြစ် ချစ်ခဲ့ပြီး ဇန်န၀ါရီလ ကျောင်းကဗန်ဒါပင် အရွက်တွေကြွေ
ပြီဆို သူချစ်ရတဲ့ဆရာမလေးနဲ့ နေ့တိုင်းမတွေ့ရတော့မယ့် နွေရက်ကိုနီးပြီ ဆိုတာသိလို့ သူက
နွေကို မုန်းတယ်လို့ ဆိုခဲ့ဖူးပါတယ်။ သူ့ကိုယ်စား စပ်ဆိုမိတာပါ။
လေးစားလျက် - မှိုင်း(ဓာတု) ၂၈.၁၂.၁၃
Wednesday, 24 April 2013
အလွမ်းသင့် နှလုံးသား (၁)
မြတ်မျိုးမြင့်မာန်၏ http://myatmyomyintm2012.blogspot.com/ မှ ထပ်ဆင့် ဖေါ်ပြပါသည်။
@ နွေဥသြသံ လွမ်းချင်းပန်သ
ဂိမ္မာန်ညမှာ တမ်းတစိတ်ကူး
ချစ်သူရူးဆဲ ....................
ကဗျာထဲမှာ မင်းနဲ့ငါ။
@ ရင်ခုန်တဲ့အသံ စမ်းသပ်ညံကြ
ဂိမ္မာန်ညမှာ အွန်လိုင်းတွေကြား
ပြေးကစားဆဲ ....................
စာသားထဲမှာ မင်းနဲ့ငါ။
@ ပြန်ဆုံမယ့်ဟန် တွေးမိပြန်က
ဂိမ္မာန်ညမှာ လေပြေအလား
အေးချမ်းသွားဆဲ ...............
ပီတိထဲမှာ မင်းနဲ့ငါ။
မှိုင်း(ဓာတု)
(၂၄.၄.၂၀၁၃) စပ်ဆိုပြီးစီးပါသည်။ အွန်လိုင်းဖြင့် ဆက်သွယ်ကြရသော အချစ်စစ်ဖြင့်ချစ်ကြသည့်
အဝေးရောက်ချစ်သူများအတွက် အမှတ်တရ စပ်ဆိုပါသည်။
@ နွေဥသြသံ လွမ်းချင်းပန်သ
ဂိမ္မာန်ညမှာ တမ်းတစိတ်ကူး
ချစ်သူရူးဆဲ ....................
ကဗျာထဲမှာ မင်းနဲ့ငါ။
@ ရင်ခုန်တဲ့အသံ စမ်းသပ်ညံကြ
ဂိမ္မာန်ညမှာ အွန်လိုင်းတွေကြား
ပြေးကစားဆဲ ....................
စာသားထဲမှာ မင်းနဲ့ငါ။
@ ပြန်ဆုံမယ့်ဟန် တွေးမိပြန်က
ဂိမ္မာန်ညမှာ လေပြေအလား
အေးချမ်းသွားဆဲ ...............
ပီတိထဲမှာ မင်းနဲ့ငါ။
မှိုင်း(ဓာတု)
(၂၄.၄.၂၀၁၃) စပ်ဆိုပြီးစီးပါသည်။ အွန်လိုင်းဖြင့် ဆက်သွယ်ကြရသော အချစ်စစ်ဖြင့်ချစ်ကြသည့်
အဝေးရောက်ချစ်သူများအတွက် အမှတ်တရ စပ်ဆိုပါသည်။
Sunday, 14 April 2013
မချစ်ရတော့ဘူးလားလို့ ........... ချစ်သူရယ်
http://myatmyomyintm2012.blogspot.com မှ တစ်ဆင့် ကဗျာရှင်ကိုယ်တိုင် ထပ်ဆင့်ကူးယူဖေါ်ပြသည်။
သမုဒယနဲ့ ၀င်းပတဲ့ မျက်လုံးအစုံ
ဆုံမိတဲ့ အခိုက်အတန့်မှာ
ခုန်မိခဲ့ နှလုံးသားဝေဒနာ
ဒုတိယမ္ပိ နိုးထအလာ။
အယုအယနဲ့ ချစ်သူ့ရဲ့ စကားလုံးပုံလွှာ
ကြုံမိတဲ့ အခိုက်အတန့်မှာ
ယုံမိတဲ့ နှလုံးသားရင်မှာ
ဒုတိယမ္ပိ နိုးထအလာ။
တစ်နေ့ကပေါ့ တွေ့ရတဲ့
အဖြစ်လေး တစ်စုံတစ်ရာ
စိမ်းကားမလား ချစ်သူ့ အမူအရာ
ကြုံမိတဲ့ အခိုက်အတန့်မှာ
မချစ်ရဲတော့ဘူးလား .........
ကိုယ့်သောကဝေဒနာ
အချစ်ဆူးကြောင့် ....
ရူးခဲ့ပြန်ပြီ တစ်ခါ။
အခုကျတော့ ချစ်သူ့အဖြေလွှာ
ဖြေရှင်းခဲ့ ........................
မစိမ်းကားတဲ့ အရိပ်ပြ အကြင်နာ
တိုးမြှင့်ပေါ့ ချစ်သူ့ အကြင်နာ
မချစ်ရဲဘူး နောက်လှည့်ဖို့ ကိုယ့်စိတ်တွေဟာ
သိပ်ချစ်လို့ ......
မေ့ပစ်ပေါ့ ........ တစ်နေ့က ဝေဒနာ။
မှိုင်း (ဓာတု)
၁၅.၄.၂၀၁၃ တွင် အပြီးသတ်ရေးစပ်ပြီးစီးသဖြင့် တင်ပြသည်။
Sunday, 7 April 2013
သန့်စင်တဲ့အချစ်
လွန်ခဲတဲ့ (၁၆)နှစ်လောက်က တာလေမှာ ပညာရေးတာဝန်တွေထမ်းဆောင်တုန်း ညီငယ် တစ်ယောက်က
သူချစ်တဲ့သူကို သူကိုယ်တိုင်ဆွဲထားတဲ့ ပန်းချီကားပေါ်မှာ ကဗျာလေးတစ်ပုဒ်ရေးချင်လို့
အကူအညီတောင်းရာကဒီကဗျာလေး စပ်ပေးခဲ့ဖူးပါတယ်။ မနေ့က အရှုပ်တွေရှင်းရင်း
ဒိုင်ယာရီဟောင်းရဲ့စာမျက်နှာတစ်ခုမှာ မှတ်သားခဲ့တာမို့ တင်ပြပါတယ်။
၂၉.၃.၂၀၁၃ ရက်နေ့က အချစ်ကဗျာများနှင့် ရသစာစုခံစားမှုများ မှိုင်း(ဓာတု) ဘလော့မှာ ဖေါ်ပြပြီးတာကို
ထပ်မံတင်ပြခြင်းဖြစ်ပါတယ်။ ကျွန်တော့် ကဗျာလေးတွေကို နှစ်သက်ရင်ဖြင့် ကျွန်တော့်ရဲ့ 
http://myatmyomyintm2012.blogspot.com ကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။
Saturday, 16 February 2013
သခင်ရယ်နားလည်ပါ
သခင်ရယ်နားလည်ပါ
အို ......... သခင်လရောင်ကိုသာ ထာဝရလိုလားသော ငွေကြာဖြူ ကုမုဒြာသည် လည်းကောင်း
တစ်နှစ်လျှင် တစ်ရာသီသာ တွန်ကျူးလေ့ရှိသည့်
ဥသြသံကို တမ်းတသောသူသည်လည်းကောင်း
တစ်နှစ်လျှင် တစ်ခါမျှသာ ပွင့်လန်းတတ်သော
ပန်းပိတောက်အား ရော်ရမ်းမိသူသည်လည်းကောင်း
သူတို့လိုလားသော အချိန်သည်
ရောက်ရှိလာအုံးမည် သခင် ။ ။
အို .......... သခင်
မျှော်လင့်ခြင်းကို မထားရှိရန်
သခင်အခါခါ ပြောဖူးပါသည်
မှောင်ထဲ၌ မဟူရာကျောက် ရှာသူ မဖြစ်လိုပါ
မေတ္တာမီးအိမ်ကို ကိုင်ဆွဲ၍သာ
ချစ်အမှောင်၌ မေတ္တာကို ရှာလိုပါသည်
အကျွန့်ခံစားမှုသည်
မမျှော်လင့်သော မျှော်လင့်ခြင်းဆိုလျှင်
သခင် မည်သို့ အဖြေရှာမည်နည်း။
အို ............. သခင်
အကျွန်သည် တစ်ရံတစ်ခါက ဆန္ဒကို ဦးစားပေးခဲ့ပါသည်
အကျွန်သည် တစ်ရံတစ်ခါက တွယ်တာမှုကို ဦးစားပေးခဲ့ပါသည်
သို့သော် .....အကျွန်၏ ဦးစားပေးခြင်းသည် အချည်းနှီးပင်သာလား
အကျွန့်ဘ၀တွက်
အမြတ်နိုးဆုံး သန့်စင်ကြင်နာမှုသည်လည်းကောင်း
အလိုလားဆုံး ဘ၀ဖော်မွန်သည်လည်းကောင်း
အနားလည်ဆုံး လေးစားခွင့်လွှတ်ခြင်းသည်လည်းကောင်း
အခုဆိုလျှင် ............
သခင်မှ လွဲ၍ မဖြစ်ချင်တော့သည်ကို
သခင်ဟုပင် တင်စားရသော သခင်နားလည်နိုင်ပါစေ။
မှိုင်း ( ဓာတု )
၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် တာချီလိတ်မြို့နယ်စာရေးဆရာအသင်း WEBSITE တွင် ဖော်ပြခဲ့ပြီး
Popular Post တွင် (၄)ပုဒ်မြောက်အဖြစ် ကဗျာတည်ရှိသည့်နေ့အထိ ဖော်ပြခံခဲ့ရသောကဗျာဖြစ်ပါသည်။
လွန်ခဲ့သော ရက်အနည်းငယ်က ဓာတ်ပုံ ဖြင့်ဖော်ပြရန် Edit လုပ်ရာ မိမိအားနည်းချက်ကြောင့် ပျောက်
သွားပါသဖြင့် ထပ်မံတင်ပြခြင်းဖြစ်ပါသည်။
လေးစားစွာဖြင့် - ဦးမြင့်ဝင်းလှ
Thursday, 24 January 2013
Monday, 31 December 2012
ဘာလဲဆိုတာသိပြီးသားပါတဲ့
နှုတ်ခမ်းလေး တွန့်လိုက်တိုင်း
ဘာလဲဆိုတာ သိပြီးသားပါတဲ့။
မင်းပြောတဲ့စကား ဒို့ကြားဖူးပါတယ်။
ပခုံးလေး လှုပ်လိုက်တိုင်း
ဘာလဲဆိုတာ သိပြီးသားပါတဲ့။
မင်းညွှန်းဆိုစကား ဒို့ကြားဖူးပါတယ်။
မျက်စလေး ပစ်လိုက်တိုင်း
ဘာလဲဆိုတာ သိပြီးသားပါတဲ့။
ဒီစကားတွေအကြား
ဒို့လွင့်ပါးဆဲ .........................
ကြည်နူးဆဲအခါ ..............................
သူကအရင် ဒို့ရင်ခွင်ကို
ခွဲစဉ်ခဏ ထိုကာလက စပြီးတော့လေ
အိပ်မရညစဉ် ..........?
မင်းသိနိုင်ခဲ့ရင်ပေါ့လေ။
မှိုင်း(ဓာတု)
(၃၁.၁၂.၁၂)
Thursday, 6 December 2012
တမ်းတခြင်း(၂)
တမ်းတခြင်း(၂)
နှင်းမှုန်ရီဝါး အရုဏ်နားမှာ
ဝေးလွင့်ကွန်းခို မြကျွန်းညို၌
အတိတ်တွဲတူ ပျော်ခဲ့သူကား
သတိတရ လွမ်းမြမြမို့
ခုကားဝေးကွာ တစ်နယ်ခွာလို့
ချစ်သူနန်းရိပ် ဆိတ်ငြိမ်တိတ်လည်း
အင်းလျားကန်ဘောင် မြကျွန်းသောင်ဝယ်
ကိုယ်လေ တစ်ယောက်တည်းလွမ်းနေတယ်။

နေခြည်မွန်းတည့် ဦးတည်လှည့်မှ
ရှေ့နောက်တောင်မြောက် အလွမ်းရောက်လျှက်
ရင်၌နာကျင် သဲဘ၀င်ကား
နေခြည်ပူလည်း ဂရုမစိုက်
မှိုင်တွေလိုက်နှင့် ..........
ရင်တွင်ပူလည်း နှလုံးလှိုက်လှိုက်
သဲမြိုက်မြိုက်နှင့် ................
ကိုယ့်လွမ်း ဘယ်တော့ပြေပါ့မယ်။
ဆည်းဆာပုဝါ အလှရောင်ခြည်
ပုဇွန်ဆီသို့ နောက်ရပ်ကိုမှ
ဝင်အံ့နေမင်း သူသက်ဆင်းဖို့
မာန်နှင့်တင်းဖြို ကောင်းကင်ညိုသွား
ညလွှာသက်ဖို့ အသင့်ဆိုကြောင့်
ခွဲခဲ့ညနေ မြကျွန်းမြေမှ
လေးတွဲ့ခြေလှမ်း ကိုယ်ယိုင်ရမ်းလျှက်
အားအင်ပျော့နုံး အချစ်ဆုံးရယ်
တို့များ ဘယ်တော့ဆုံကြမယ်။
မှိုင်း(ဓာတု)
၁၉၈၉ တွင်စပ်ဆိုခဲ့ပြီး ၇.၁၂.၁၂ တွင် အနည်းငယ်ပြင်ဆင် ခံစားစပ်ဆိုသည်။
ဆယ်ကျော်သက် တက္ကသိုလ်မှချစ်သူအား ၈.၈.၈၈ အရေးအခင်း ကျောင်းများပိတ်စဉ် ပြန်မဖွင့်မီ အမိရန်ကုန်တက္ကသိုလ် အင်းလျားကန်ဘောင်တွင် ခေတ္တ အလွမ်းပြေ ရောက်ရှိစဉ် ရေးစပ်ခဲ့ပါသည်။
ကျောင်းများ ပြန်ဖွင့်ချိန်တွင် လည်း ကျွန်တော်သည်တာချီလိတ်မြို့နယ်ရှိ မဖွံ့ဖြိုးသေးသောအစွန်အဖျား
ကျသည့် ကျေးရွာလေးရှိကလေးငယ်များ ပညာရေးအတွက် အမိ ရန်ကုန်တက္ကသိုလ်သို့
ပြန်လည်မရောက်ရှိနိုင်တော့ပြီ။
ဘယ်သောအခါမှ ပြန်ဆုံနိုင်ခြင်းမရှိသည်ကို သိရှိသော်လည်း ရင်၌ တမ်းတမှုများသည်ကား ..........?
ထို့အပြင် ဟေမန္တ ဆောင်းရာသီနှင့်လည်း တိုက်ဆိုင်နေပြန်သည်က တစ်ကြောင်း ...........
ယခုတတိယအရွယ်သို့ချဉ်းနင်းဝင်ရောက်သည့် အထီးကျန်ကာလများတွင် အမိတက္ကသိုလ်သို့
အလွမ်းပြေ ပြန်လည်ရောက်ရှိသဖြင့်လည်းကောင်း ..................ဤကဗျာအားဖော်ပြမိပါသည်။
ချစ်ဦးသူအား ပြန်လည်သတိရမိသည့် ကျွန်တော် အပြစ်ရှိသည် ဆိုလျှင်လည်း
ရင့်ကျက်မှုမရှိသေးသူဟု ဆိုလျှင်လည်း ..............................အကျွန်ဝန်ခံရမည်သာ ။
Thursday, 8 November 2012
အချစ်စ
အချစ်စ
ဂုတ်ဝဲတဲ့ ဆံကေသာနဲ့
သွက်လက်တဲ့ မိန်းမပျို
စင်ကြယ်တဲ့ မင်းအလှနဲ့
ယဉ်မြတဲ့ ပြုံးဟန်ရှင်
ရှုံးရန်ပင် တော်လေးပါးဆို
မင်းဆိုတဲ့ လှဘုရင်မ
ဘာနဲ့မှ နှိုင်းနိုင်ဘူးထင်။ ။
ရွှန်းလက်တဲ့ မျက်ဝန်းကြည်
ထွန်းတည်တဲ့ မျက်နှာလွှာ
အေးခြင်းရဲ့ ဂုဏ်ကိုဆောင်
ရိုးစင်းတဲ့ မင်းခြေလှမ်း
လှမ်းလိုက်တိုင်း လျှပ်ရောင်လက်သည်ထင် ။ ။
ကိုယ့်ရင်မှာ တွယ်တာစ
အကြင်နာ တစ်စစတွယ်
ဘယ်လိုပင် ပယ်သော်လည်း
မပြယ်သော ပျိုးမေတ္တာမိုး
ရွာလုလု ပြိုမယောင်ထင်။ ။
မှိုင်း(ဓာတု)
(၉.၁၁.၂၀၁၂) တွင် တင်ပြသည်။
တမ်းတခြင်း(၁)
တမ်းတခြင်း(၁)
ဒေ၀ါမိုးခြိမ်း လျှပ်ဆိုးပျက်ထင်
လောကခွင်၌ ကဆုန်မိုးပြေး
ရေဖွေးဖွေးနှင့် စိန်ပန်းစံပယ်
ပွင့်ဟန်ရွယ်ရည် နေလုံးနီပျောက်
တိမ်ရောက်အာကာ ငွေလှိုင်းဖြာသည်
ကဗျာရှင့်ရင် လွမ်းမိသည်။
လွမ်းမိရင်းသာ လွမ်းနေပါလည်း
အလွမ်းသည်းတွင် ထင်ရစ်ပုံလွှာ
တိတ်ကဗျာများ အလွမ်းတွေစု
အသဲနုစဉ် စွဲစိတ်ကြင်နာ
တိတ်ကဗျာများ ပြန်မှန်တမ်းဆို
ချစ်သူကိုလည်း ..........................
လွမ်း.....လွမ်း........ လွမ်းမိပါသည်။

ကာရံမကျ ကဗျာအလှ မေ
ကာရံမလှ ကဗျာဘ၀ မေ
ကာရံမရ ကဗျာမေ့ မေ
ချစ်သူ မေရယ်....
ခုနေခါမှာ......
မိုးချုန်းသံတိတ် အချစ်ဆိတ်၍
တိမ်လွှာလည်းဝေး ချစ်သူပြေးပြီထင်။
မှိုင်း(ဓာတု)
၇.၁၁.၁၂ ၌ အွန်လိုင်းတွင် တင်ပြသည်။
Monday, 29 October 2012
ချစ်ပုံပြင်(၁) သို့မဟုတ် ကျားမာယာ
ချစ်ပုံပြင်(၁) သို့မဟုတ် ကျားမာယာ
&&& ဘ၀နွမ်းပါလို့
အလှစခန်းမ၀င်ဘဲ
ရင်မခုန်အချစ်မစမ်း
ပညာလမ်းလျှောက်ခဲ့ မေ
ဘ၀လမ်းတွေပေါ်က ပုရိသ
ဥပက္ခာပြုခဲ့တယ်။
&&& တစ်နေ့တစ်လ တစ်နှစ်
သူတစ်ယောက်
မေ့နောက် အရိပ်လိုပါ
မကြင်နာဆိုလဲ သူမသိ
ငူငူကလေး ကြည့်လို့နေတတ်တယ်။
&&& ဟယ်
ဒါအချစ်လေလား
တွယ်တာရစ်နှောင်ငင်ဖို့
အကြောင်းကဖန်လာ
နှောက်ယှက်သူ လူတစ်စု
သူကူမှုကြောင့်သာ...................????
&&& အချစ်ကို မရှာတဲ့မေ
အချစ်ကို တွေ့လေပေါ့
အချစ်ဆိုတဲ့ ကမ္ဘာကြားမှာ
အချစ်မေ ပျော်မွေ့လျှက်
အချစ်အိပ်မက် ကန့်လန့်ကာ
အတွေးတွေနဲ့ပျော်ပါးရင်း........?
&&& တစ်နှစ် ၊ နှစ်နှစ် ၊ သုံးနှစ်
ချစ်ပြီးရင်း ချစ်
ချစ်ကြီးရင့်ခဲ့
ချိန်တွေ အတော်ကြာ
မေ့မောင်ဟာ
ပြန်လာပါ့မယ် ကတိသွယ်ပြီး
နှုတ်ဆက်လက်ပြ ခွဲခဲ့ကြပြီ။
&&& ဒီလိုနဲ့ပဲ
တစ်နှစ် နှစ်နှစ် သုံးနှစ်
မောင်မလာခဲ့
မျှော်ရရက်ကြာ .......... မေ့ရင်မှာ...........???
&&& ရက်စက်လွန်းတဲ့မောင်ရယ်
အသက်လောက် ချစ်ပြီးပါမှ
မေ့ခဲ့တာ သေချာသိတဲ့အခါ..........
&&& လက်ရေ တွက်ပေရဲ့
ခက်လေ မျက်မစွေခဲံ့
သက်ကြွေမဲ့နေတဲ့
မျက်ရည်စက်တွေနဲ့
မိန်းကလေးရယ်.....
ဒီမျှတောင်ချစ်လေသလား။
မှိုင်း(ဓာတု)
အချစ်ကြီးသော သူတစ်ဦး၏ အဆုံးစွန်ခံစားခဲ့ရသည့် လက်တွေ့ဖြစ်ရပ်တစ်ခုအား ခံစားစပ်ဆိုသည်။
အွန်လိုင်းတွင်တင်ပြသည့်နေ့(၂၉.၁၀.၁၂)
Friday, 19 October 2012
အချစ်ဦး မို့ အချစ်ရူး

အချစ်ဦး မို့ အချစ်ရူး
ဆိတ်ငြိမ်သက်ရိပ် ပန်းပွင့်ရက်မြူ
ထက်ကြူလန်းတင့် လှမ်းလင့်လို့ ခြူ
မှန်းချစ်သူရယ်
စိတ်မှာရွယ်စူး မချစ်ဖူးသမို့
ယှဉ်တုပြိုင်ဘက် မယှဉ်တတ်ဘူး
အချစ်ဦးရယ်
ရင်ခုန်သံစ မျက်ဝန်းမှဆုံ
လွမ်းရုံသက်သက် မပြောတတ်သူ
အုံ့ ပုန်းသက်သက် ဖွင့်လာခက်သူ
အလှနှမ အိပ်မက်ညမူ
ဒီသူ့ဘဝ
တဒင်္ဂတော့ ရူးခဲ့ပြီ။
မှိုင်း(ဓာတု)
အချစ်ဦးအား တန်ဖိုးထားသည့် မြန်မာလူငယ်များအတွက် ရည်ရွယ်စပ်ဆိုသည်။
Wednesday, 17 October 2012
စာဖတ်သူများသို့အစီရင်ခံစာ(၂)
စာဖတ်သူများသို့ အစီရင်ခံစာ
ကျွန်တော်သည် တာချီလိတ်စာရေးဆရာအသင်း website တွင် အောက်ပါကလောင်အမည်များဖြင့်
ရေးသားခဲ့သော/ယခုမှရေးသားပြီးသော ကဗျာ၊ဆောင်းပါး၊သတင်း စသည်များကိုရေးသား
တင်ပြလျှက်ရှိပါသည်။
(၁) မြတ်မျိုးမြင့်မာန် (၂) မှိုင်း(ဓာတု) (၃) စိုင်းမြင့်ဝင်းလှ (၄)မောင်သီးသန့်(ရန်ကင်း)
(၅) M4TCL
သို့ဖြစ်ပါ၍ ကျွန်တော်၏ စာပေရေးသားခြင်းဆိုင်ရာများကို အပြုသဘောဖြင့် အကြံပြုလိုပါက
အောက်ပါ လိပ်စာနှင့်ဖုန်းနံပါတ်များသို့ ပေးပို့နိုင်ပါကြောင်း လေးစားစွာ တင်ပြအစီရင်ခံအပ်
ပါသည်။
![]() |
| Add caption |
မြန်မာဖုန်း - ၀၉၄၉၀၃၅၃၄၉
ထိုင်းဖုန်း -၀၈၃၅၆၈၃၃၉၈
အမည်ရင်း -ဦးမြင့်ဝင်းလှ
ပညာအရည်အချင်း -B.Sc(Chem),B.Ed
အလုပ်အကိုင် - ပညာရေး
Friday, 12 October 2012
လမ်းမသိတဲ့ငှက် အလွမ်းရှိတဲ့ငှက်
လမ်းမသိတဲ့ငှက် အလွမ်းရှိတဲ့ငှက်
@@ လမ်းမသိ
နွမ်းချိတဲ့ရင်မှာဆို
နမ်းမိ
လွှမ်းထိတဲ့ တိမ်သလ္လာပျို
မြန်းအတိ
လှမ်းမိတော့ကမ္ဘာကညို ။
@@ လွမ်း၏
မှန်းကြည့်တော့ ဘယ်ဆီကို
တမ်း၏
ကမ်းမရှိတဲ့ ပင်လယ်အို
စန်းအသိ
ပန်းမရှိတဲ့ ကမ္ဘာကကိုယ်။
မှိုင်း(ဓာတု)
စွဲလမ်းသူသည်သာ စွဲလမ်းခြင်း၏ဝေဒနာကို ခံစားရပါသည်။
မေ့ရက်နိုင်လွန်းသူကား ထာဝရမေ့နေဦးမည်သာ။ (၁၂.၁၀.၁၂)တွင် အွန်လိုင်းစာမျက်နှာတွင်တင်ပြသည်။



























