Sunday 5 February 2017

တာချီလိတ်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စည်းကမ်းချက်များထပ်ဆင့်ရှင်းလင်းပွဲကျင်းပ



(၅.၂.၂၀၁၇) တနင်္ဂနွေနေ့ နံနက်(၉)နာရီတွင် တာချီလိတ်မြို့နယ် အထက-တာချီလိတ်ခန်းမ၌
၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲစာစစ်ဌာန ကြီးကြပ်ရေးမှူးများ
လက်ထောက်ကြီးကြပ်ရေးမှူးများ နှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များ ထပ်ဆင့်
ရှင်းလင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

 ထပ်ဆင့်ရှင်းလင်းပွဲသို့ မြို့နယ်ပညာရေးမှူး ၊လက်ထောက်မြို့နယ်ပညာရေးမှူးနှင့် အထက်တန်း အလယ်တန်းမူလတန်းကျောင်းအုပ်ကြီးများနှင့် လက်ထောက်ဆရာဆရာမများတက်ရောက်ခဲ့ကြပါသည်။


အဖွင့်အမှာစကားအား မြို့နယ်ပညာရေးမှူး ဒေါ်မာမာဦးကပြောကြားခဲ့ပြီးထပ်ဆင့်ရှင်းလင်းပွဲ
ဆိုင်ရာများကို သက်ဆိုင်ရာအထက်တန်းကျောင်းအုပ်ကြီးများက အသေးစိတ်ရှင်းလင်းပြောကြား
ခဲ့ပါသည်။



အလားတူ ထပ်ဆင့်ရှင်းလင်းပွဲကို (၅.၂.၂၀၁၇) ခုနံနက်(၉)နာရီတွင် တာချီလိတ်မြို့ တာလေ
အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပခဲ့ကြောင်းသိရှိရပါသည်။


၂၀၁၆-၂၀၁၇ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တာချီလိတ်မြို့နယ်တွင် အထက-
တာချီလိတ်စာစစ်ဌာနနှင့် အထက-တာလေစာစစ်ဌာန (၂)ခုဖွင့်လှစ်၍ ကျင်းပစစ်ဆေးသွားမည်
ဖြစ်ပါသည်။
              ယနေ့ထပ်ဆင့်ရှင်းလင်းပွဲတွင် စတုတ္ထတန်းနှင့်အဌမတန်း စာစစ်ဌာနများအတွက်
တာဝန်ယူကြမည့် ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများ လိုက်နာရန်အတွက်
ကိုလည်း တပါတည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

                                                                         သတင်းတင်ပြသူ -  မြတ်မျိုးမြင့်မာန်


0 comments:

Post a Comment