ဒို့မြို့လေးက
ဖွံ့ဖြိုးတိုးတက်နေတယ်
ဒီတော့လှုပ်လှုပ်ရှားရှားနဲ့ပေါ့
ထို့နည်းတူ
ဘာလုပ်လုပ်တော်တော်မြန်နေတယ်
သွားသုတ်သုတ်
စားသုတ်သုတ် နဲ့
မြန်မြန်မြန်မြန် ဆိုတာ
မတွေ့ချင်မှအဆုံး
ဒီလိုမြန်နှုံးမြင့်နဲ့သွားနေတော့
လိုရာကိုအမြန်ဆုံးရောက်သွားနိုင်တယ်
ထို့နည်းတူ
အမှားတွေဆီကိုလဲအမြန်ဆုံးရောက်သွားနိုင်တယ်
သေရွာဆီကိုလဲအမြန်ဆုံးရောက်သွားနိုင်တယ်
သေခြာတာကတော့
ပတ်ဝန်းကျင်မှာ
နှလုံးရောဂါသည်တွေအမြန်နှုံးနဲ့တိုးလာတယ်ဆိုတာပါပဲ၊
(မင်းအေးငြိမ်းဈေ)
0 comments:
Post a Comment