Tuesday, 25 September 2012

ကြွေမ

မနမ်းရက်စရာ
နုညက်လွှာသင်းပျံ့
ဖြူလွှလွှနှင်းပွင့်
အလှတင့်လေတိုင်း
“ပြေးစိုင်းလေသမျှ
နင်ထိသျှပြီပေါ့” လို့
ဆို့ဆို့နင်နင်နဲ့
ပြောခဲ့ပါတဲ့
ငယ်စဉ်ခါထဲကရင်မှနင့်နင့်ဆူး
သက်လျာဦးကို
မော့ဖူးနွဲ့မှီ
မျက်ဖြေရည်ကြည်သာ
“တခဏတာမျှ၊
ရှင်းပြချင်လိုက်တာ”လို့
ဖွဖွဆိုရင်း
တိုးညှင်းညင်သာ
ထွက်ခွာသွားသူ
စိတ်မှာပူနေ
အယူဖြောင့်မှဖြစ်မယ်ကြွေ...။
(မင်းအေးငြိမ်းဈေ)

0 comments:

Post a Comment