တယ်လီနော် ကုမ္ပဏီက chairman ကြီးရဲ့၊'' မြန်မာ တွေရဲ့ ဖြူစင်တဲ့စိတ်ထားတွေကို
တိုးရစ် အနေနဲ့ လာလည်တုံးကတွေ့ခဲ့ရလို့ မြန်မာပြည်မှာရင်းနှီးမြုပ်နှံဖ
ဆိုတဲ့စကားရယ်၊
ကိုထူးဆန်း ရဲ့ ရွာမှာ ပြောရဲ၊မေးရဲ၊ဖြေရဲတဲ့သူတွေက ရွာလူမိုက်တွေနဲ့၊ တောဂေါ်လီတွေ
ဖြစ်ကြောင်းသုံးသပ်ချက်ရယ်..
ရွှေဘ ကိုအထိမခံတဲ့သူတွေနဲ့၊ ဦးကျောက်လုံးကို အမှုန့်ချေချင်နေသေးတဲ့သူတွေ အကြောင်း
စဉ်းစားမိရင်း ကျွန်တော့် ကိုယ်တွေ့လေးတွေနဲ့ဆက်စပ်ပြီး အတွေးပွားခဲ့ရပါတယ်၊
အလုပ်အဆင်မပြေတဲ့ ရွာသားအချို့ကို ကျွန်တော့် ခြံထဲမှာ နေရာချထားပေးဖြစ်ပါတယ်၊
လစာလဲ သင့်အောင်ပေးထားခဲ့ပါတယ်၊
တစ်နေ့ ခြံထဲကသူတို့တွေ စလောင်းနဲ့ တီဗွီ နဲ့ကြည့်နိုင်အောင် ခြံဝင်းထဲလှည့်ကြည့်နေမိပါတယ်၊
အဲဒါကိုသူတို့မြင်တော့ ဘာကြည့်နေတာလဲ တဲ့၊
ကျွန်တော်ကလဲ ဂြိုဟ်တု စလောင်းဆင်ဖို့နေရာလိုက်ကြည့်နေ
နောက်တစ်ပတ်လောက် ခြံထဲရောက်တော့ ဆို့သွားရတယ်၊
ကျွန်တော်အမြတ်တနိုး စိုက်ထားတဲ့ အပင်တွေကို ခုတ်ထားလိုက်တာဗျာ၊
အမြစ်တောင်မကျန်ဘူး၊
ကျွန်တော်တော်တော်စိတ်မကောင်းဖြ
အဲဒီအပင်တွေကို ဘာဖြစ်လို့ခုတ်ပစ်လိုက်ရတာလဲ လို့၊
အဲဒီအခါ ကျွန်တော်စလောင်းဆင်တဲ့အခါ အသင့်ဖြစ်အောင် ၊အပင်တွေအကုန်ခုတ်ပစ်တာ တဲ့၊
စဉ်းစားကြည့်နော်၊ ကျွန်တော် ဘာမှမခိုင်းခဲ့ဘူး၊ နေရာတောင်မသတ်မှတ်ရသေးဘူး၊
အပြတ်ရှင်းလိုက်ကြတာဗျာ၊
ဒီတော့လဲ ပြောပါရစေ၊
အမြစ်ပါမကျန် ရှင်းလင်းခံခဲ့တဲ့နေရာမှာ ကျွန်တော်မြတ်နိုးတဲ့အပင်တွေ
အသစ်ပြန်စိုက်ရပါဦးမယ်၊
အချိန်လဲ အများကြီးယူရပါဦးမယ် လို့....။
(ထိန်မင်း)
0 comments:
Post a Comment