Wednesday 19 August 2020

ကျွန်တော် မချစ်တဲ့ ကိုဗစ် (၂)

 

ကျွန်တော် မချစ်တဲ့ ကိုဗစ် (၂)

 



ကျွန်တော် မချစ်တဲ့ ကိုဗစ်ရေ
မင်းရဲ့သက်တမ်း
ကမ္ဘာကို ဖြတ်သန်းနေတာ
ပူစရာတွေကတော့ နေ့စဉ်ပါဘဲ။
မြန်မာမှာတော့
ပြည်တွင်းကူးစက်မှု
မတွေ့လို့ အခြေအနေ
ကောင်းနိုးနိုး မျှော်ကိုးခဲ့ကြပါရဲ့။
အစိုးရကော
လွှတ်တော်မကျန်
ထွေအုပ် ပညာ တပ်မတော်အပါ
ကျန်းမာ ဌာနအဖွဲ့အစည်းအစုံ
လူပုဂ္ဂိုလ် အကုန်လည်း
နေ့မနား ညမအား
ကိုဗစ်အတွက်
ဗျာများနေရတာကတော့
နေ့စဉ်နဲ့အမျှပါဘဲ။
ပညာရေးတွေလည်း
ကျောင်းတွေဖွင့်ဖို့ပြင်ရင်း
ကိုဗစ်ကာကွယ်ဖို့ နည်းလမ်းစုံ
မကျက်မှတ်ဘဲ အလွတ်ရခဲ့ကြပါပြီ။
ယနေ့ည ၈နာရီသတင်း
ပြည်တွင်းကူးစက်မှုအစ
သတိတွေမှတ်
မပေါ့ဆတတ်မှ
ဖြစ်တော့မှာပါ။
အသိသတိ မပြတ်ရှိဖို့
ကိုယ်လည်းနှိုးဆော်
သင်လည်းနှိုးဆော်
ဂရုစိုက်သော်မှ
ကျွန်တော်တို့ မချစ်တဲ့ကိုဗစ်
မြန်မာမှာ ဖြစ်သော်လည်း
အခြေအနေ မဆိုးမှာပါမိတ်ဆွေ..
လူနာတွေ မတိုးမှာပါမိတ်ဆွေ..။

မြတ်မျိုးမြင့်မာန်


ယနေ့ (၁၆.၈.၂၀၂၀) ပြည်ပခရီးမရှိသော ပြည်တွင်းကူးစက်လူနာတစ်ဦး
တွေ့ရှိမှုကို ပညာပေးရေးသားခြင်းဖြစ်ပါသည်။

0 comments:

Post a Comment