Wednesday 19 August 2020

ကျွန်တော် မချစ်တဲ့ ကိုဗစ်

 

ကျွန်တော် မချစ်တဲ့ ကိုဗစ်




ကျွန်တော် မချစ်တဲ့ ကိုဗစ်
*************************
ကနဦးကာလကတော့
အဝေးကြီးမှာ
ဆိုးလိုက်တဲ့ ဒီရောဂါ
သတင်းတစ်ခု အဖြစ်သာ ။
ခုတော့ နီးသထက် နီးလို့လာ
ကိုယ့်မြို့ကိုယ့်ရပ် ကိုယ့်နေရာ
အားလုံးပူပန်စရာ။
လိုက်နာသူတွေ များပေမယ့်
တစ်စုံတစ်ယောက်က
စည်းကမ်း ဖောက်ရင်
စိုးရိမ်စရာ အမှန်ပါ။
ဒီတစ်ခါတော့ တို့မြန်မာ
အားလုံး အားလုံး အားလုံး
စည်းကမ်းရှိကြစေချင်ပါတယ်ဗျာ။
မောင်သီးသန့် (ရန်ကင်း) / မြတ်မျိုးမြင့်မာန်
၃၀.၃.၂၀၂၀ မနက် ၅း၄၂ နာရီ


0 comments:

Post a Comment