&& စွဲငြိ
ဟက်ထိ
မင်းရဲ့အကြည့် မျက်ဝန်းတစ်စုံ ဘ၀တစ်စုံ
ငါဟာ စုံမက်ခဲ့မိပါပြီ။
အကြင်နာသခင်
အချစ်သခင်
ဘ၀သခင် အဖြစ် (တစ်စုံတစ်ဦးက)
မင်းရဲ့အသဲဘ၀င်မှာ
တွယ်ယှဉ်ကာ နေမှန်းသိရက်နဲ့
မင်းကို
မက်မောမိတဲ့ သံယောဇဉ် ဒီရေစီး
တားဆီးမရနိုင်ခဲ့ပါဘူး။
&& အရူးအပေါ
ပြောလိုလည်း ပြောကြပါစေ
ကိုယ့်ရဲ့
ဘ၀တွေကြေမွ
မြေခရစေဦးတော့
မုန်းမရနိုင်ခဲ့ပါဘူး။
အချစ်ဆိုတာ ......
အနိုင်ရဗိုလ်စွဲဖို့
ပြိုင်ပွဲတစ်ခုရဲ့ ပန်းတိုင်မဟုတ်ပါဘူး။
&& ဥပပတ်သန္ဓေ စွဲသလို
ရင်ထဲ အသဲထဲ စိတ်ထဲမှာဖြစ်ပေါ်
စေ့ဆော်သူမရှိပါ
ဝမ်းသာတူလှိုက်လှဲ
ဝမ်းနည်းတူကြင်နာ
နှစ်လွှာပေါင်း တစ်ရွက်ပဲပေါ့
သို့ပေမယ့် ....
မင်းဘ၀အခက်ပွေသွား
ဝေခွဲမရရင်လည်း ...
ကိုယ့်ကိုထားခဲ့ပါ
&& မင်း ....
ကြင်နာသည်ဖြစ်ဖြစ်
မကြင်နာသည်ဖြစ်ဖြစ်
မင်းကို ... ကိုယ်
ပိုင်ဆိုင်ရသည်ဖြစ်ဖြစ်
မပိုင်ဆိုင်ရသည်ဖြစ်ဖြစ်
မင်းကို ချစ်တဲ့ အချစ်တွေနဲ့ပဲ
ကိုယ့်ရဲ့ဘ၀ နေပျော်ပါတယ်အချစ်ရယ် ။
မောင်မြရောင် ( မိုင်းဖုန်း - က )
0 comments:
Post a Comment