(၁၈.၁၁.၁၄) ရက်နေ့ နံနက် (၈း၀၀) နာရီတွင် တာချီလိတ်မြို့တွင် ခရိုင်အဆင့် စတုတ္ထတန်း စာမေးပွဲဆိုင်ရာ မေးခွန်းလွှာပြုစုခြင်း ထပ်ဆင့် ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို
အထက-တာချီလိတ် ကျောင်းခန်းမ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မြို့နယ်ပညာရေးမှူးဦးစိန်ထွန်းလှနှင့် ထက်လယ်မူကျောင်းအုပ်ကြီးများ
စတုတ္ထတန်းသင် ဆရာဆရာမများ အားလုံးတက်ရောက်ခဲ့ပါသည်။အဖွင့်အမှာစကားကို
မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှက ပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် ဘာသာရပ်(၅)ခုကိုယ်စားပြု ဗဟိုအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်
ခဲ့ကြသော ဦးမြင့်ဝင်းလှ (ကျောင်းအုပ်စုမှူး ၊ ကျောင်းအုပ်ကြီး -ဝှေလေလန်မူလွန်)၊
ဆရာမဒေါ်နှင်းနွယ်ဦးအထက-တာချီလိတ်၊ဆရာမဒေါ်သွင်သွင်အေး ၊အထက-ဆန်ဆိုင်း၊ ဆရာမဒေါ်ခင်စန်းဝေ၊အထက-ဟောင်လိတ်၊ဆရာမဒေါ်မူမူစိုး ၊အလက-ပုန်းထွန် တို့က ဘာသာရပ်မေးခွန်းလွှာများ အလိုက်လုပ်ငန်းဆွေးနွေးပွဲ တွင် လမ်းညွှန်ခဲ့သည် အတိုင်း ဆက်လက်ဆောင်ရွက်မည်များကို အသီးသီးညှိနှိုင်း ဆွေးနွေးတင်ပြကြပါသည်။
အခမ်းအနား နိဂုံးချုပ်အနေဖြင့် မရှင်းလင်းသည်များကို မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှက
ဆွေးနွေးညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်ရမည်များကို အသေးစိတ်မှာကြားပြီး အခမ်းအနား
အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။
သတင်း /ဓာတ်ပုံ - မြတ်မျိုးမြင့်မာန်
0 comments:
Post a Comment