Saturday, 25 October 2014

တာချီလိတ်မြို့တွင် ယဉ်ကျေးလိမ္မာ ဆရာဖြစ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ



(၂၅.၁၀.၁၄) မွန်းလွဲ(၁)နာရီတွင် တာချီလိတ်မြို့ အထက-တာချီလိတ်ခန်းမတွင်  ယဉ်ကျေးလိမ္မာ ဆရာဖြစ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တာချီလိတ်မြို့ အလိုတော်ပြည့်ဆရာတော်
မှ ကြွရောက်ချီးမြှ့င့်ပြီး သြ၀ါဒပေးခဲ့ပါသည်။





အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ
ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် သင်တန်းသားဆရာဆရာမများတက်ရောက်ခဲ့ကြ
ပါသည်။







သင်တန်းဆင်းပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းဝင်းက အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် မြန်မာနိုင်ငံသာသနာ့နုဂ္ဂဟအသင်မှဆရာလေးဒေါ်ဇ၀နဇာဏီက သင်တန်းဖွင့်လှစ်ရခြင်း
ရည်ရွယ်ချက်နှင့် ရှေ့ဆက်သာသနာပြုလုပ်ငန်းလမ်းညွှန်ပြောကြားခဲ့ပါသည်။



  


ဆက်လက်ပြီး ပညာရေးနယ်မြေအလိုက် သင်တန်းစာအုပ်များပေးအပ်လက်ခံခြင်းကိုဆက်လက်ဆောင်
ရွက်ရာမြို့နယ်လ၀ကမှူး ဦးသိန်းလွင်ကပေးအပ်ပြီး  သက်ဆိုင်ရာပညာရေးနယ်မြေအလိုက်ကျောင်းအုပ်ကြီး
များက လက်ခံကြပါသည်။

သင်တန်းဆင်းလက်မှတ်များကို ဆရာလေးဒေါ်ဇ၀နဇာဏီက ပေးအပ်ပြီး သင်တန်းသူတစ်ဦးက လက်ခံခဲ့ပါသည်။



ထို့နောက်မြို့နယ်ပညာရေးမှူးကိုယ်စား အထက-တာချီလိတ်ကျောင်းအုပ်ဆရာကြီးဦးလှဝင်းက
ရှေ့ဆက်လက် ဆောက်ရွက်မည့်အစီအစဉ်များနှင့် ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်းအနား
ပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။

                                                    သတင်း - မြတ်မျိုးမြင့်မာန်

0 comments:

Post a Comment