GOLDEN CITY အဆင့်မြင့်အိမ်ရာစီမံကိန်း တာချီလိတ်၌သရုပ်ပြရှင်း
တာချီလိတ် စက်တင်ဘာ ၁
ရန်ကုန်မြို့ရှိ အဆင့်မြင့်အိမ်ရာစီမံကိန်းဖြစ်သော GOLDEN CITY
Project မှ အိမ်ရာစီမံကိန်းနှင့် ပတ်သက်ပြီးသရုပ်ပြရှင်းလင်းခြင်းကို သြဂုတ် ၃၁ ရက်
ညနေ ၅ နာရီက တာချီလိတ်မြို့ Golden
Cherry Hotelတွင်ပြုလုပ်သည်။ရှင်းလင်းပွဲတွင် Project ဒါရိုက်တာ ဦးကျော်စည်သူ က အိမ်ရာစီမံကိန်းနှင့်ပတ်သက်
ပြီးအသေးစိတ်ရှင်းလင်းတင်ပြသည်။ယင်းနောက် တက်ရောက်လာသူများ ကသိလိုသည်များကိုမေးမြန်း
ရာစီမံကိန်းဒါရိုက်တာက ပြန်လည်ရှင်းလင်းဖြေကြားသည်။အဆိုပါစီမံကိန်းသည် ရန်ကင်းမြို့နယ်တွင်
တည်ရှိပြီး ရန်ကုန်မြို့၏အချက်အခြာကျသော နေရာဖြစ် သည်။Project စီမံကိန်းကို Golden
Land Real Estate Development Company ကဆောင်ရွက်ပြီး၊ Singapore Investment
Company က ဟိုတယ်၊ရုံးခန်းများ၊လူနေကွန်ဒိုများအပါဝင်နိုင်ငံတကာအဆင့်မီအရောင်းစင်တာများကို
စင်္ကာပူနိုင်ငံမှ အရည်အသွေးအတိုင်းတာဝန်ယူဆောက်လုပ်သွားမည်ဖြစ်သည်။ပန်းခြံဖွဲ့စည်းပုံကို
သြစတြီးယား နည်းပညာဖြင့်ဆောင်ရွက်ပြီးအဆောက်အဦမှာအထပ်ပေါင်း ၃၃ထပ်ရှိပြီး၊ အဆောင်(၉)ဆောင်
နှင့်အခန်း ပေါင်း ၁၁၀၀ကျော်ပါဝင်သည်။ အခန်းတစ်ခန်းလျှင် အထပ်ပေါ်မူတည်ပြီး ငွေကျပ်သိန်းလေးထောင်မှ
ခြောက် ထောင်ထိဖြစ်စေသည်။အသးစိတ်သိရှိလိုပါက Hotline
+95(0)1-8605111,+95(0)1-8605222 သို့ဆက်သွယ်စုံစမ်းနိုင်
ေ ကြာင်းသိရှိရသည်။
ခရိုင်ပြန်/ဆက်
0 comments:
Post a Comment