ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြန်/ဆက်ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆင့်ပွားသင်တန်း
တာချီလိတ်၌ဖွင့်
တာချီလိတ် သြဂုတ် ၂၉
နိုင်ငံတော်၏ပြုပြင်ပြောင်းလဲမှုများအား
တတိယအဆင့်အရှိန်မြှင့်တင်မှု(Third
Wave)လုပ်ငန်းစဉ် အရ ပြန်ကြားရေးဝန်ကြီးဌာန
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေး ဆင့်ပွားသင်တန်းဖွင့်ပွဲကို သြဂုတ်
၂၈ ရက်
နံနက် ၉ နာရီက တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးခန်းမတွင်ပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ် ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး
ဦးစိုင်းဆမ်တစ်က (Third Wave)လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး
နိုင်ငံတော်၏ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကိုရှင်းလင်းဆွေးနွေးပြီး၊ပြောင်းလဲလာသော
ခေတ်စနစ်နှင့်အညီ
မိမိတို့ဝန်ထမ်းအားလုံးသည်လည်း မိမိဌာန ၏ရည်ရွယ်ချက်များအောင်မြင်စေရေး
အတွက်ကြိုးစား ဆောင်ရွက်ကြရန်နှင့် ပြုပြင်ပြောင်းလဲရေး ရလဒ်များ
ပြည်သူ့ ထံသို့ရောက်ရှိရေး၊
Good governace Cleangoverment ဖြစ်လာစေရေးလုပ်ငန်းကိုအရှိန်အဟုတ်မြှင့်ဆောင်ရွက်ရေး၊
အရည်အသွေးမြင့်မားရေး၊ကိုယ်ကျင့်တရားကောင်းမွန်အောင်ဆောင်ရွက်ရေး၊ တိုင်းဒေသကြီးပြည်နယ်
အလိုက် စီမံချက်ရေးဆွဲပြီးဖြစ်၍ စီမံချက်ပါအတိုင်း တစ်ဦးချင်းတာဝန်သိမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့်ဆောင်ရွက်ရေး၊ဗဟိုချုပ်ကိုင်မှုလျှော့ချရေး၊မြို့နယ်
အလိုက်ဖွဲ့စည်းထားသည့်ကော်မတီ ၃ ရပ်နှင့်ပူးပေါင်းဆောင်ရွက်ပြီး ဒေသအလိုက်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်
ရေးအတွက် ဆောင်ရွက် ရေးမှာကြားသည်။ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မြို့နယ်ရုံးများအတွက်
ပြန်ကြားရေးဝန်ကြီးဌာနက မီဒီယာလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရာတွင်လုပ်ငန်းများအဆင်ပြေချောမွေ့စေရေးအတွက်
ဗီဒီယို ကင်မရာ(အကြီး)တစ်လုံး၊လက်တော့(၁)လုံး၊ဓာတ်ပုံကင်မရာ(၉)လုံးတို့အား ဒုတိယညွှန်ကြားရေးမှူး
ဦးစိုင်းဆမ်တစ်က သက်ဆိုင်ရာခရိုင်ဦးစီးအရာရှိများထံသို့ပေးအပ်သည်။ အဆိုပါသင်တန်းသို့
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွဲဖက်ပြည်နယ်မှူးနှင့်ခရိုင်ဦးစီးအရာ ရှိများ ၊ မြို့နယ်
ဦးစီးမှူးများ၊ ၀န်ထမ်းများစုစုပေါင်း ၃၂ ဦးတက်ရောက်ကြပြီး သင်တန်းကို သြဂုတ် ၂၉
ရက်နေ့ထိ ပို့ချသွားမည်ဖြစ်ကြောင်းသိရှိရသည်။
0 comments:
Post a Comment