၂၀၁၄ခု သြဂုတ်လ(၃၁) ရက်နေ့ နံနက်(၉)နာရီမှာ မိုင်းဖြတ်ခရိုင် မိုင်းဖြတ်မြို့ ရဲ့
ဘုရင့်နောင်ခန်းမမှာ ကျပန်းစကားပြောပြိုင်ပွဲနဲ့ စကားရည်လုပွဲ ကိုလည်းကောင်း
မိုင်းဖြတ် အထကမှာခရိုင်အဆင့် ပုံပြောနဲ့ကဗျာရွတ်ဆိုပြိုင်ပွဲတို့ကို နှစ်နေရာခွဲပြီး
ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
တာချီလိတ်မြို့နယ်၊မိုင်းဖြတ်မြို့နယ်၊မိုင်းယောင်းမြို့နယ်၊
မိုင်းဆတ်မြို့နယ်နဲ့ မိုင်းပျင်းမြို့နယ်တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ၄င်းပြိုင်ပွဲကို
တာချီလိတ်မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ ဦးဆောင်တဲ့ တာချီလိတ်မြို့နယ်မှ
ပညာရေးဝန်ထမ်း(၉) ဦးတို့က ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများကို
ကြီးကြပ်ပြီး သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
တာချီလိတ်မြို့နယ်က မြို့နယ်အဆင့်ရွေးချယ်လိုက်တဲ့ ကျောင်းသားကျောင်းသူ
(၉) ဦး ရှမ်းအရှေ့ ပညာရေးဌာန၏ ခရိုင်အဆင့် ၀င်ရောက်ယှဉ်ပြိုင်ရာမှာ
ပထမဆု (၅)ဆု ၊ဒုတိယဆု (၂)ဆု ရရှိခဲ့ပြီး(၇)ဦး ထိုက်တန်စွာ ဆုများ ရရှိခဲ့ကြပါတယ်။
၎င်းတို့ကတော့
၁။ မစုစန္ဒာမျိုး အထက-တာချီလိတ် စတုတ္ထတန်း ပုံပြော(ပထမဆု)
၂။ မောင်သော်တာအောင် အထက-ဆန်ဆိုင်း စတုတ္ထတန်း ပုံပြော(ပထမဆု)
၃။ မောင်လင်းသူအောင် အထက-ဆန်ဆိုင်း စတုတ္ထတန်း ကဗျာ(ပထမဆု)
၎။ မအိဇင်မျိုး အထက-ဟောင်လိတ် စတုတ္ထတန်း ကဗျာ(ဒုတိယဆု)
၅။ မမွန်မြတ်ကျော် မူလွန်-တာလော့ ဆဌမတန်း ကျပန်း(ပထမဆု)
၆။မနန်းငေါင်းလိန် အထက-တာချီလိတ် န၀မတန်း စကားရည်လုပွဲ (ပထမဆု)
၇။မဇူးဇူးခိုင် အထက-တာချီလိတ် န၀မတန်း စကားရည်လုပွဲ(ဒုတိယဆု)
တို့ဖြစ်ကြပါတယ်။
ပထမဆုရရှိခဲ့ကြတဲ့ ကျောင်းသားကျောင်းသူ(၅) ဦးကတော့ စက်တင်ဘာလ(၁၅) ရက်နေ့မှာ ပြည်နယ်အဆင့်
ဆက်လက်ယှဉ်ပြိုင်ကြပြီး ပြည်နယ်အဆင့်မှာ ပထမဆု ရရှိကြမယ်ဆိုရင်တော့ ဗဟိုအဆင့် နေပြည်တော်မှာ
ဆက်လက်ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။
ယခုခရိုင်အဆင့်မှာ ဆက်လက်ယှဉ်ပြိုင်ဖို့အတွက် တာချီလိတ်မြို့နယ်စာရေးဆရာအသင်းမှ စာပေပညာရှင်များက
အမှတ်ပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်။
တာချီလိတ်မြို့နယ်မှခရိုင်အဆင့်ဆုများရရှိခဲ့ကြတဲ့ ကျောင်းသားကျောင်းသူများအနေနဲ့ ရှေ့ဆက်လှမ်းကြမယ့်
ပြိုင်ပွဲများမှာလည်း အားဆေးတစ်ခွက်အနေနဲ့ ရရှိစေဖို့ ဒီဆောင်းပါးကို ရေးသားဖို့ ရည်ရွယ်တာဖြစ်ပြီး
တာချီလိတ်က မွေးထုတ်လိုက်တဲ့ မွှေးကြိုင်တဲ့ ပန်းကလေးများ မိုးယံသို့တိုင် ပျံ့နှံ့အောင်မြင်ပါစေလို့
ဆုတောင်းလျက် နိဂုံးချုပ်အပ်ပါတယ်။
သတင်းဆောင်းပါးရှင် - မြတ်မျိုးမြင့်မာန်
0 comments:
Post a Comment