တာချီလိတ်မြို့သည် ရွှေတြိဂံဒေသ၌ တည်ရှိနေပြီး မြန်မာပြည် အရပ်ရပ်မှ
ရွှေ့ပြောင်းအလုပ်သမား အများအပြား လာရောက်လုပ်ကိုင်လျှက်ရှိသောမြို့ ဖြစ်ပါသည်။
ထိုသို့ ရွှေ့ပြောင်းလုပ်သားများမှာ ၄င်းတို့၏ မိဘဆွေမျိုး မိသားစုများရှိရာ မြို့များသို့
တာချီလိတ်မြို့မှတစ်ဆင့် ငွေ လွှဲပြောင်း ပေးပို့လျက်ရှိရာ
မြန်မာ့စီးပွားရေးဘဏ်(တာချီလိတ်)သည်လည်း ပါဝင်၍ ၀န်ဆောင်မှုပေးလျက်ရှိပါသည်။
ငွေလွှဲသူ ငွေထုတ်သူများအနေဖြင့် မြန်မာစီးပွားရေးဘဏ်(တာချီလိတ်)တွင် လွယ်ကူလျင်မြန်စွာ
ငွေလွဲ/ငွေထုတ် ယူနိုင်သည်ကို သိရှိရသည့်အပြင် အချို့မှာ လွှဲပို့ငွေ ပြန်လည်ထုတ်ယူလိုခြင်း၊
တဖက်မှ ငွေထုတ်သူအမည်မှား၍ ပြောင်းလဲခြင်းများကိုလည်း အချိန်တိုအတွင်း အခက်အခဲလုံးဝ
မရှိဘဲ ချက်ချင်းဝန်ဆောင်မှုပေးလျက်ရှိကြောင်း တွေ့ရှိရပါသည်။
အချို့သော ငွေလွှဲသူ / ငွေထုတ်သူများမှာ ၄င်းတို့၏ လွဲမှားချက်များဖြစ်သော မှတ်ပုံတင်၊နိုင်ငံသား
စီစစ်ရေးကတ်ပြားအမှတ် ၊ အမည် အနည်းငယ် လွဲမှားခြင်းများအား မန်နေဂျာထံ တိုက်ရိုက်တွေ့ဆုံ
အကူအညီတောင်းခံရာ ချက်ချင်း အဆင်ပြေစွာ ဆောင်ရွက်ပေးကြောင်းကိုလည်း သိရှိရပါသည်။
မြန်မာ့စီးပွားရေးဘဏ် (တာချီလိတ်) မှ ပြည်သူများအား ငွေလွှဲဝန်ဆောင်မှုပေးရာတွင်
ဝန်ဆောင်မှုများကို မန်နေဂျာကိုယ်တိုင် လှိုက်လှဲပျူငှာစွာဖြင့် ၀န်ဆောင်မှုပေးလျက်ရှိသဖြင့်
ပြည်သူများစိတ်ချမ်းမြေ့ပြီး ကျေနပ်မှုအပြည့်ဖြင့် လာရောက်ဆောင်ရွက်လျက်ရှိပါကြောင်း
ရေးသားတင်ပြ အစီရင်ခံလိုက်ရပါသည်။
သတင်းဆောင်းပါးရှင် - မြတ်မျိုးမြင့်မာန်
0 comments:
Post a Comment