Sunday, 28 September 2014

တာချီလိတ်မြို့ဝမ်ကောင်းမြို့မဈေးသစ်ကြီး ပျံကျဈေးသည်များအတွက် မဲစနစ်ဖြင့်နေရာချထား

တာချီလိတ်မြို့ဝမ်ကောင်းမြို့မဈေးသစ်ကြီး  ပျံကျဈေးသည်များအတွက်  မဲစနစ်ဖြင့်နေရာချထား
တာချီလိတ် စက်တင်ဘာ ၂၈

          တာချီလိတ်မြို့ ၀မ်ကောင်းမြို့မဈေးအား ခေတ်နှင့်အညီဖြစ်စေရန် အဆင့်မြင့်ဈေးသစ်ကြီးအဖြစ်ပြန်
လည်တည်ဆောက်ခဲ့သည်။ယင်းသို့အသစ်ပြန်လည်တည်ဆောက်ရာတွင် ယခင်ဈေးပြင်ပတွင်ရောင်းချနေ သောပျံကျဈေးသည်များအနေဖြင့်နေရာပြန်လည်ရရှိရေး တောင်းဆိုမှုများရှိခဲ့သည်။ မြို့နယ်စည်ပင်သာယာ ရေးကော်မတီအနေဖြင့် ပျံကျဈေးသည်များ နေရာရရှိရေးအတွက် စီမံဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီတွင် အောင်မြတ်ခန်းမ၌ မဲစနစ်ဖြင့် နေရာချထားခြင်းအခမ်းအနားပြုလုပ်သည်။ အခမ်း အနားတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းကျော်ဇံက ရှေးယခင်က၀မ်ကောင်းမြို့မဈေး သည်နံနက်ပိုင်းလောက်သာစည်ကားခဲ့ကြောင်း၊တိုးတက်လာသောလူဦးရေကြောင့်နောက်ပိုင်းတွင် ညနေပိုင်း အထိအရောင်းအ၀ယ်များဖြင့်စည်ကားလာခဲ့ကြောင်း၊ပြောင်းလဲလာသောခေတ်စနစ်နှင့်အညီ အဆင့်မြင့်ဈေး သစ်ကြီးဆောက်လုပ်ရန်လိုအပ်လာသဖြင့်ယခင်မြေဧရိယာပေါ်မှာပင်အဆင့်မြင့်ဈေးသစ်ကြီးတည်ဆောက်ခဲ့ ကြောင်း၊ပျံကျဈေးသည်များနေရာရရှိရေးအတွက် ကော်မတီအနေဖြင့်စီစဉ်ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း စသည်ဖြင့်အမှာစကားပြောကြားပြီး မြိျု့နယ်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဦးကျော်ဇင် က ပျံကျဈေးသည်များသည် ယခင်က မိုးမလုံလေမလုံဖြင့်ဈေးရောင်းချခဲ့ရာမှယခုဆို မိုးလုံလေလုံ အဆင့် မြင့်မြင့်ဖြင့်ရောင်းချရမှာဖြစ်ကြောင်း၊တဲပေါ်မှတိုက်ပေါ်သို့တင်ပေးခဲ့ကြောင်း၊ အားလုံးမျှတမှုဖြစ်စေရန် ကော်မတီဆုံးဖြတ်ချက်အရမဲစနစ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။ ယင်းနောက် ပျံကျ ဈေးသည်များအား မဲစနစ်ဖြင့်နေရာချထားပေးရာ မြေညီထပ် ဆိုင်ခန်းနေရာ ၁၉ နေရာနှင့် ပထမထပ်ဆိုင်ခန်း နေရာ ၇၁ နေရာ စုစုပေါင်း ဆိုင်ခန်း ၉၀ နေရာအား မဲစနစ်ဖြင့်နေရာချထားပေးခဲ့ကြောင်းသိရှိရသည်။

                                                                                                ခရိုင်ပြန်/ဆက်






0 comments:

Post a Comment