ခရိုင်အဆင့် အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ တာချီလိတ်၌ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
တာချီလိတ် စက်တင်ဘာ ၂၄
(၂၁)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏
ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ဆုချီး မြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာ
၂၃ ရက် ည ၇ နာရီက အောင်မြတ်ခန်းမတွင်ပြုလုပ်သည်။ပြိုင်ပွဲတွင် အခြေခံပညာအဆင့် အသက်
၅နှစ်မှ ၁၀နှစ် အမျိုးသား၊အမျိုးသမီးအဆိုပြိုင်ပွဲ၊အခြေခံပညာအဆင့်အသက် ၁၀နှစ်မှ ၁၅
နှစ် အမျိုးသား၊အမျိုးသမီးအဆိုပြိုင်ပွဲ၊အခြေခံပညာအဆင့် အသက် ၁၅နှစ်မှ ၂၀နှစ် အမျိုးသား၊
အမျိုးသမီးအဆိုပြိုင်ပွဲ၊ ၀ါသနာရှင်အဆင့်အဆိုပြိုင်ပွဲ၊အခြေခံပညာအဆင့် အသက် ၁၅နှစ်မှ
၂၀နှစ်အမျိုး သမီးအကပြိုင်ပွဲ၊အခြေခံပညာအဆင့် အသက်၅နှစ်မှ ၁၀နှစ်အမျိုးသားအကပြိုင်ပွဲ၊အခြေခံပညာအဆင့်
အသက်၁၀နှစ်မှ၁၅နှစ်အမျိုးသမီးအကပြိုင်ပွဲ၊အခြေခံပညာအဆင့် အသက် ၁၅နှစ်မှ၂၀နှစ် တစ်ပင်တိုင်အက
ပြိုင်ပွဲ၊ကဗျာလွတ်အကပြိုင်ပွဲများနှင့် ကျေးလက်ရိုးရာဘုံကထိန်အကပြိုင်ပွဲ ဆုရရှိသူများအား
ပြိုင်ပွဲကျင်းပ ရေးကော်မတီနာယက ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူ များက ဆုများအသီးသီးချီးမြှင့်ကြသည်။အဆိုပါပြိုင်ပွဲကို
စက်တင်ဘာ ၂၂ ရက်နေ့က စတင်ကျင်းပခဲ့ပြီး တာချီလိတ်မြို့ပေါ်ကျောင်းများအပါအ၀င် မိုင်းဖြတ်၊မိုင်းယောင်းမြို့နယ်များမှလည်း
ပါဝင်ယှဉ်ပြိုင်ခဲ့ ကြောင်းသိရှိရသည်။
ခရိုင်ပြန်/ဆက်
0 comments:
Post a Comment