Friday, 22 August 2014

တာချီလိတ်မြို့ရန်ရှင်းကျေးရွာ မူလွန်ကျောင်းတွင် အသိပညာပေးဟောပြော

တာချီလိတ်မြို့ရန်ရှင်းကျေးရွာ မူလွန်ကျောင်းတွင် အသိပညာပေးဟောပြော
တာချီလိတ် သြဂုတ် ၂၁

          တာချီလိတ်ခရိုင်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်   ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့နှင့်အတူ  နယ်လှည့်စာကြည့်တိုက်နှင့်    အသိပညာပေး ဟောပြောပွဲကို သြဂုတ် ၂၁ ရက် နံနက် ၉ နာရီက မိုင်းကိုးကျေးရွာအုပ်စု  ရန်ရှင်းမူလတန်းလွန်ကျောင်း တွင် ပြုလုပ်ရာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့်က မြန်မာ့ရိုးရာယဉ်ကျေးမှုမြတ်နိုးထိန်းသိမ်း တတ်စေရေးခေါင်းစဉ်ဖြင့်ဟောပြောရာတွင် ခေတ်ရေစီးကြောင်းပြောင်းလဲလာတာနှင့်အမျှ တိုင်းတစ်ပါးယဉ် ကျေးမှုတွေ ထိုးဖောက်ဝင်ရောက်လာရာဝယ် မြန်မာအမျိုးသမီးများအနေဖြင့် အတုယူမမှားကြရန်နှင့် မြန်မာ့ ရိုးရာယဉ်ကျေးမှု ၀တ်စားဆင်ယဉ်မှု၊တိုင်းးရင်းသားရိုးရာယဉ်ကျေးမှု ၀တ်စားဆင်ယင်မှုကို တန်ဖိုးထား ထိန်းသိမ်းကြရန် စသည်ဖြင့်ဟောပြောသည်။ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်ကြည်က မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးခေါင်းစဉ်ဖြင့် ဟောပြောရာတွင် မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းနှင့် ပြည်ထောင်စုစိတ်ဓာတ်၊မျိုးချစ်စိတ်ဓာတ်တို့ကို ရှင်းလင်းဟောပြော သည်။ ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယူဆောင်လာသော သုတ၊ရသ၊ မဂ္ဂဇင်း၊ဂျာနယ် များ ကျောင်းသားများ ဖတ်ရှုနေမှုကို ခရိုင်အမျိုးသမိးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့်နှင့် အဖွဲ့ဝင်များ၊မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်အေးသန္တာကျော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ဦးစီးအရာရှိ ဦးမောင်ကြည်နှင့်ဝန်ထမ်းများက ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရသည်။

                                                                                      ခရိုင်ပြန်/ဆက်




0 comments:

Post a Comment