Monday, 18 August 2014

AMALAY BEST TRAVELS ခရီးသွားကမ္ပဏီမှ ၀န်ဆောင်မှုလုပ်ငန်းများ တာချီလိတ်၌ရှင်း





AMALAY BEST TRAVELS ခရီးသွားကမ္ပဏီမှ ၀န်ဆောင်မှုလုပ်ငန်းများ တာချီလိတ်၌ရှင်း
တာချီလိတ် သြဂုတ် ၁၇

          AMALAY BEST TRAVELS & TOURS CO,LTD မှ ကုမ္ပဏီ၏ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ရှင်းလင်းခြင်းကို သြဂုတ် ၁၇ ရက် နံနက် ၁၀ နာရီက တာချီလိတ်မြို့ ပါလျှံဘုံကျောင်းခန်းမတွင်ပြုလုပ် သည်။ ၀န်ဆောင်မှုလုပ်ငန်းများနှင့်ပတ်သက်ပြီး မန္တလေးရုံးခွဲမန်နေဂျာ ဦးဇော်အောင်နှင့်ရန်ကုန်ရုံးခွဲ မန်နေဂျာ ဒေါ်နီနီဝင်းတို့က ထိုင်ဝမ်ခရီးစဉ်နှင့်ပတ်သက်ပြီး ထိုင်ဝမ်နိုင်ငံတွင် ပို့ဆောင်ပေးမည့် အထင်ကရ နေရာများ၏ စိတ်ဝင်စားဖွယ်ရာအချက်အလက်များ၊ထိုင်ဝမ်ဗီဇာအတွက် ဆောင်ရွက်ပေးမည့် အစီအစဉ်များ၊
ထိုင်ဝမ်ခရီးစဉ်နှင့်ပတ်သက်ပြီးး အသေးစိတ်အကြောင်းအရာများ ကိုရှင်းလင်းသည်။ ယင်းနောက် တက် ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းရာ ကုမ္ပဏီတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြား သည်။ ထို့နောက် ကုမ္ပဏီမှတက်ရောက်လာသူများအား မန်းရတနာပုံလေကြောင်းလိုင်း ပြည်တွင်းခရီးစဉ် အတွက် လေယာဉ်လက်မှတ် ၅ စောင်ကို ကံစမ်းမဲဖောက်ပေးသည်။ကုမ္ပဏီအနေဖြင့် ပြည်ပနိုင်ငံများဖြစ် သည့် ဟောင်ကောင်၊တရုတ်၊မလေးရှား၊ စင်္ကာပူ၊ဂျပန်၊တောင်ကိုးရီးယားနှင့်ဥရောပနိုင်ငံများသို့လည်း ၀န်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ပေးးလျက်ရှိသည်။ တာချီလိတ်မြို့တွင်ဆက်သွယ်လိုပါက“စံ”  အိမ်ခြံမြေ ရောင်းဝယ်မှုဝန်ဆောင်မှုအသင်းရုံးနှင့် မြန်မာတိုးနယား(၂) ပြည်တွင်းလေယာဉ်လက်မှတ်အရောင်းဌာန တို့တွင် ဆက်သွယ်နိုင်ကြောင်းသိရှိရသည်။

                                                                                                ခရိုင်ပြန်/ဆက်

0 comments:

Post a Comment