တာချီလိတ်၌ ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ရေး
ပတ်ဝန်းကျင်ဆိုင်ရာလေ့လာဆန်းစစ်တွေ့ရှိချက်များ ဒုတိယအကြိမ်ရှင်းလင်း
တာချီလိတ် သြဂုတ် ၉
တာချီလိတ်မြို့နှင့် ၁၄ မိုင်ခန့်အကွာ
မိုင်းဟဲကျေးရွာအုပ်စုတွင် တည်ဆောက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ
စီမံကိန်းအပေါ် ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်ခြင်း တွေ့ရှိချက်များနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်များ
ဒုတိယအကြိမ် ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို သြဂုတ် ၈ ရက် မွန်းလွဲ
ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်သည်။အခမ်းအနားတွင်
တာဝန်ယူ တည်ဆောက်မည့် မင်းခေတ်သစ်ကုမ္ပဏီမှ အမှုဆောင်အင်ဂျင်နီယာ ဦးလှသွင်ကစက်ရုံတည်ဆောက်ခြင်း၏
ရည်ရွယ်ချက်များ၊ စက်ရုံတည်ဆောက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက်
လူမှုပတ်ဝန်းကျင်အကြံပေးအရာရှိ ဒေါ်ခင်ဥမ္မာထွေးက စက်ရုံတည်ဆောက်မည့်နေရာနှင့် ပတ်ဝန်းကျင်ဒေသများသို့
ကွင်းဆင်းပြီး မြေထု၊လေထု၊ရေထု လေ့လာ တွေ့ရှိချက်များ၊ ဒေသခံပြည်သူတို့၏လိုအပ်ချက်များ၊
ကုမ္ပဏီက ဖြည့်ဆည်းဆောင်ရွက်ပေးရမည့်အချက်များ စသည်တို့ကိုရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး
ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက စက်ရုံတည်ဆောက်ရာတွင် နိုင်ငံတကာစံချိန်စံညွှန်းနှင့်ကိုက်ညီရေး၊
ကုမ္ပဏီအနေဖြင့်ပြီးပြည့်စုံ သည့်စီမံချက်ကို ပြည်သူသို့အသိပေးရှင်းလင်းတင်ပြရေးစသည်ဖြင့်
ဆွေးနွေးပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများမှ ကောက်ခံမည့်မီတာခနှုန်းထား၊စက်ရုံတည်ဆောက်ခြင်းအတွက်
ကောင်းကျိုး၊ဆိုးကျိုး များ၊ပတ်ဝန်းကျင်ကျေးရွာများနှင့်ဘာသာရေးအဆောက်အဦများမီးဖြန့်ဝေမည့်အစီအစဉ်များ၊စွန့်ပစ္စည်းများ
ထား ရှိမည့်အခြေအနေများကို မေးမြန်းရာ ကုမ္ပဏီ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားသည်။
အခမ်းအနားသို့
ခရိုင်မြိုနယ် စီမံခန့်ခွဲမှုကော်မတီ၊မြို့ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီ၊မြို့နယ်စည်ပင်သာယာရေး
ကော်မတီ၊ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊နိုင်ငံရေးပါတီများ၊ မိုင်းဟဲကျေးရွာအုပ်စုမှ
ကျေးရွာသားများတက် ရောက်ကြကြောင်းသိရှိရသည်။
ခရိုင်ပြန်/ဆက်
0 comments:
Post a Comment