တာချီလိတ်မြို့ အထက-တာချီလိတ်ခန်းမတွင် ယနေ့(၂၇.၇.၁၄) နံနက်ပိုင်း (၉)နာရီအချိန်က
မိုင်းဖြတ်ခရိုင်စု ၂၀၁၄ ခုနှစ် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ
(အခြေခံပညာကဏ္ဍ) ကျင်းပပြုလုပ်ရာ မိုင်းဖြတ်ခရိုင်စုတွင် ပါဝင်သော တာချီလိတ်မြို့နယ်၊
မိုင်းဖြတ်မြို့နယ်၊မိုင်းယောင်းမြို့နယ်မိုင်းတုံမြို့နယ်၊မိုင်းဆတ်မြို့နယ်များမှ မြို့နယ်ပညာရေးမှူးများ၊
ထက်လယ်မူ ကျောင်းအုပ်ကြီးများကိုယ်စားလှယ်ပညာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။
အခမ်းအနားတွင်အဖွင့်အမှာစကားအား ခရိုင်ပညာရေးမှူး ဒေါ်သက်ထားမှပြောကြားခဲ့ပါသည်။
ထို့နောက်ဆွေးနွေးပွဲတွင် အခြေခံပညာအရည်အသွေး မြင့်မားရေးဆိုင်ရာများအား ရှမ်းပြည်နယ်
ပညာရေးညွှန်ကြားရေးမှူးရုံး(ခွဲ)ကျိုင်းတုံမှ လက်ထောက်ညွှန်ကြားရေးမှူး (ကွန်ပျူတာ)ဦးမြင့်အောင်က
လည်းကောင်း၊ဆရာ့အတတ်ပညာမြင့်မားရေးဆိုင်ရာများအား တာချီလိတ်မြို့နယ်ပညာရေးမှူး
ဦးစိန်ထွန်းလှကလည်းကောင်း ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးဆိုင်ရာများအား
ကျိုင်းတုံမြို့နယ် အလက(၅)ထခွဲ မှကျောင်းအုပ်ကြီးဦးလှမျိုးကလည်းကောင်း ၊ရန်ကုန်တက္ကသိုလ်
စိန်ရတုခန်းမတွင် အရေးကြီးသည့် လမ်းညွှန်ဆွေးနွေးချက်ဆိုင်ရာ စာတမ်းများအား ခရိုင်ပညာရေးမှူး
ဒေါ်သက်ထားက လည်းကောင်း အသီးသီး စာတမ်းဆိုင်ရာဖတ်ကြားခြင်း ၊အပြန်အလှန်ဆွေးနွေး
ခြင်းများ ဆောင်ရွက်ပြီး ညနေ(၃)နာရီတွင် အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။
သတင်း / ဓာတ်ပုံ - မြတ်မျိုးမြင့်မာန်
ကူးယူချင်ရင် ခွင့်ပြုချက်တောင်းပါ၊ undefined@undefined.undefined သတင်းအပြည့်အစုံကို အဲ့ဒါကို နိပ်ပြီး ဆက်ဖတ်နိုင်ပါသည်>> http://www.tachileik.net/2014/07/edu_27.html?spref=fb
0 comments:
Post a Comment