တာချီလိတ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားကျေးရွာအရောက်ကွင်းဆင်းပေးအပ်
တာချီလိတ် သြဂုတ် ၁၀
တာချီလိတ် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ
မိုးပွင့်အဆင့်(၆)စီမံ ချက်ဖြင့် သြဂုတ် ၈ ရက် နံနက်က မိုင်းကိုးကျေးရွာ ဓမ္မာရုံတွင်
မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ မယ်လိပါကော်၊နာတာကျို၊ကော်မယ်လိတ်ကျေးရွာများသို့
ကွင်းဆင်းဆောင်ရွက်ခဲ့သော နိုင်ငံသား(၅၈)ဦး အား ကျိုင်းတုံမြို့တွဲဖက်ပြည်နယ်ဦးစီးဌာနမှူး
ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုသော် က ပေးအပ် ပြီး(အောက်ပုံ) မိုးပွင့်စီမံချက်ကွင်းဆင်းဆောင်ရွက်ပေးမှုတို့ကို
ပြည်သူများသို့ အသိပညာပေး ဟောပြောခဲ့ကြောင်းသိရှိရသည်။
ခရိုင်ပြန်/ဆက်
0 comments:
Post a Comment