တာချီလိတ်၌ မူးယစ်ဆေးဝါးအသိပညာပေးဟောပြော
တာချီလိတ် ဇွန် ၁၈
ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမ၀င်
ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူးယစ်ဆေးဝါးအသိပညာပေးအကြို ဟောပြောပွဲကို
ဇွန် ၁၈ ရက်နံနက် ၉နာရီ ခွဲက တာချီလိတ်မြို့အခြေခံပညာအထက်တန်းကျောင်းခန်းမတွင်ပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းအုပ် ဆရာကြီး ဦးလှဝင်း က အမှာစကားပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်
ဥပဒေအရာရှိ ဦးကျော်ကျော်လင်း က မူးယစ်ဆေးဝါး ဥပဒေအကြောင်းသိကောင်းစရာများကိုလည်းကောင်း၊မြို့နယ်စာရေး
ဆရာအသင်းအဖွဲ့ဝင် ဦးစိုးဝင်းသင်း(စိုင်းမောင်-တောင်ကြီး)က ယနေ့လူငယ်များနှင့်မူးယစ်အန္တရာယ်
အကြောင်းကိုလည်းကောင်း၊ မြို့နယ်ကျန်းမာရေးမှူး ဦးအောင်ဝင်းကြည်က မူးယစ်ဆေးဝါးနှင့်ကျန်းမာရေး
အကြောင်းကိုလည်းကောင်း၊ ခရိုင်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း အတွင်းရေးမှူး ဦးသိန်းထွန်းကမူးယစ်
ဆေးဝါး သမိုင်းကြောင်းကိုလည်းကောင်း အသီးသီးဟောပြောကြသည်။ ထို့နောက် မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့
တပ်ဖွဲ့စု(၃၀) အဖွဲ့ခေါင်းဆောင် ရဲအုပ် မြင့်နိုင်ဦးက တာချီလိတ်မြို့သည် နယ်စပ်မြို့ဖြစ်တာနှင့်အညီ
ကျောင်းသားလူငယ်များ လမ်းမှားမရောက်စေရေးအတွက် ရှောင်ကြဉ် ရမည့်အချက်များ၊မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့်
ဘ၀နိဂုံးမလှသည့်ဖြစ်ရပ်မှန်များ၊ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်မှုကြောင့် ဒုက္ခရောက်ရသည့် ဖြစ်စဉ်များကို ပါဝါပွိုင့်ဖြင့် အသေးစိတ်ရှင်းလင်းဟောပြောသည်။
ဟောပြောပွဲကို မွန်းလွဲ ၁နာရီခွဲ၌
ဆန်ဆိုင်း(အ-ထ-က)တွင်လည်းကောင်း၊ ဇွန် ၁၉ ရက်နေ့ တွင်ဟောင်လိတ် (အ-ထ-က)နှင့်
ရွှေမဟာ ကိုယ်ပိုင်အထက်တန်းကျောင်းတို့တွင်လည်းကောင်း၊ဇွန် ၂၀ ရက်နေ့ တွင် တာလေ(အ-ထ-က)နှင့်
မိုင်းကိုး (အ-ထ-က) တို့တွင်လည်းကောင်း၊ ဇွန် ၂၃ ရက်နေ့တွင် ကျိုင်းလပ် (အ-ထ-က)တို့တွင်လည်းကောင်း
ဆက်လက်ဟောပြောမည်ဖြစ်ကြောင်းသိရှိရသည်။
ခရိုင်ပြန်/ဆက်
0 comments:
Post a Comment