Monday, 16 June 2014




မြန်မာနိုင်ငံ အိမ်၊ခြံ၊မြေ ၀န်ဆောင်မှု အသင်း တာချီလိတ်(ရုံးခွဲ)ဖွင့်
တာချီလိတ် ဇွန် ၁၇

          မြန်မာနိုင်ငံ အိမ်၊ခြံ၊မြေ ၀န်ဆောင်မှုအသင်း ကြီး အနေဖြင့် တာချီလိတ်ရှိ အသင်းဝင်များ အား ၀န်ဆောင်မှု အရည်အချင်း ပြည့်ဝစေရေးအတွက် ဈေးကွက်နှင့်အရောင်းပညာ၊ဖောက်သည်ဆက်ဆံရေးစီမံ ခန့်ခွဲမှု၊ အိမ်ခြံမြေ၀န်ဆောင်မှုနှင့် ဆက်စပ်နေသော ဥပဒေနည်းဥပဒေ စည်းမျဉ်းများနှင့် ညွှန်ကြားချက်များ၊ သတင်း၊ဆက်သွယ်မှုနှင့်ပြည်သူ့ဆက်ဆံရေး၊ စီးပွားရေးလုပ်ငန်းဆိုင်ရာ ကိုယ်ကျင့်တရားပညာ၊မြို့ပြအိမ်ရာ ဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊မြို့တော်စည်ပင်၊မြေယာနှင့်အဆောက်အုံများဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ မှတ်ပုံတင်စာချုပ်စာတမ်းနည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ စသည့် ဘာသာရပ်များကိုအခမဲ့သင်တန်း ပို့ချပေးပြီး အမှုဆောင်အဖွဲ့ဖွဲ့စည်းကာ တာချီလိတ်(ရုံးခွဲ)အဖြစ် ဇွန် ၁၆ ရက် နံနက် ၉နာရီ ၁၅ မိနစ်က ဗိုလ်ချုပ်လမ်း ၊နေမင်း ရောင်းဝယ်ရေး တိုက်ခန်းတွင်ဖွင့်လှစ်သည်။ ရုံးခွဲအား စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီးဇော်နိုင်ဦး၊ခရိုင်အုပ်ချုပ်ရေးမှူးဦးတင်ဝင်းရွှေနှင့်မြန်မာနိုင်ငံ အိမ်၊ခြံ၊မြေ ၀န်ဆောင်မှုအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးခင်မောင်သန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် ဥက္ကဋ္ဌ ဦးခင်မောင်သန်းက အသင်းဆိုင်ရာကိစ္စများ ရှင်းလင်း    တင်ပြပြီး၊  ရှမ်းပြည်နယ်အသင်း
ဥက္ကဋ္ဌ ဒေါက်တာစိုင်းအောင်ကျော်က ရုံးခွဲဖွင့်လှစ်ရသည့်ရည်ရွယ်ချက်များကို ရှင်းလင်း တင်ပြသည်။ ထို့နောက်  တာချီလိတ်အသင်း အတွင်းရေးမှူး ဒေါ်နန်းစင် က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရှိရသည်။

0 comments:

Post a Comment