Thursday, 19 June 2014

မူလွန်-၀မ်ပုံ ကျောင်းဆောင်သစ်ပန္နက်ချပွဲ နှင့် တာချီလိတ်မြို့နယ်ပညာရေးမှူး၏ မိုင်းဖုန်းနယ်မြေ ကွင်းဆင်းခရီး



(၁၉.၆.၁၄) နံနက် ၇နာရီခွဲတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)ကျေးရွာအုပ်စု ၀မ်ပုံအခြေခံပညာမူလတန်းလွန်ကျောင်းတွင်  (၁၂၀ပေx၃၀ပေ)အာစီ ကျောင်းဆောင်သစ် ပန္နက်ချပွဲ နှင့် သံဃာတော်များ ကြွရောက်၍ မြေသန့်မင်္ဂလာ အန္တရာယ်ကင်းကမ္မ၀ါ နှင့်ပရိတ်ရွတ်ဆို ပူဇော်ခြင်းများ ပြုလုပ်ခဲ့ကြရာ တာချီလိတ်မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ
မိုင်းဖုန်း(ခ)ကျောင်းအုပ်စုမှူး ဦးမြင့်ဝင်းလှ ၊ မူလွန်ဝမ်ပုံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းအေး နှင့် ဆရာဆရာမများဝမ်ပုံ ရေကြောင်းရဲတပ်ဖွဲ့စုမှူး  ဒုရဲမှူးကြီးအောင်ဇော်မြင့် နှင့် ရဲအရာရှိများ ၊ တပ်ဖွဲ့ဝင်များ ၊ ရေအရင်းအမြစ်ဦးစီးဌာန၊၀မ်ပုံမှဒုညွှန်ကြားရေးမှူး ဦးအေးချို၊ဒေသတာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်အားပေးခဲ့ကြောင်း သိရှိရပါသည်။





မြို့နယ်ပညာရေးမှူးဦးစိန်ထွန်းလှသည် မူလွန်-၀မ်ပုံ မှ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု အမက-ပါတောင်းရှိရာ ပါတောင်းကျေးရွာသို့ ဆက်လက်ရောက်ရှိခဲ့ပြီး အမက-ပါတောင်းတွင် တာဝန်ထမ်းဆောင်သည့် ကျောင်းအုပ်ကြီးမှာ ပြောင်းရွှေ့သဖြင့်လည်း
ကောင်း၊ လက်ထောက်မူပြမှာ ရာထူးတိုးဖြင့်ပြောင်းရွှေ့သွားသဖြင့်လည်းကောင်း သင်ကြားရေးအခက်အခဲနှင့်ပတ်သတ်၍ဒေသနှင့် ညှိနှိုင်းပြီး မူလွန်ပါခုတ်မှ ဆရာမတစ်ဦး ခေတ္တသင်ကြားနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။




ထို့်နောက် မြို့နယ်ပညာရေးမှူးဦးစိန်ထွန်းလှဦးဆောင်သောပညာရေးအဖွဲ့သည်
ဒေသတာဝန်ရှိသူများလိုက်ပါလျက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ပါတောင်းပလောင်ရွာရှိ ကိုယ်ထူကိုယ်ထ စာသင်နေသော ကျောင်းသို့ ဆက်လက် သွားရောက်ခဲ့ပြီး အခြေခံပညာမူလတန်းကျောင်းခွဲ လျှောက်ထားဆောင်ရွက်နိုင်ရေးအတွက် ပါတောင်းပလောင်ရွာ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)နှင့်(ခ)ကျေးရွာအုပ်စုများ၏  နောက်ကျော လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသေးသော တောင်ပေါ်ဒေသများတွင် ပလောင်တိုင်းရင်းသား အချို့ ကျေးရွာများ တည်ထောင်နေထိုင်ကြကြောင်း နှင့် ၄င်းဒေသတိုင်းရင်းသားများ ပညာရေးအပါအ၀င် ကျန်းမာရေးစသည် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကူညီဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိကြောင်း သိရှိရပါသည်။



                                                                 
                                                                            
                                                                      သတင်းပေးပို့သူ - မြတ်မျိုးမြင့်မာန်

0 comments:

Post a Comment