မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း မတည်ငွေ စာကြည့်တိုက်
တာချီလိတ်၌ဖွင့်
တာချီလိတ် ဇွန် ၂၃
မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း
မတည်ငွေဖြင့် ဆောက်လုပ်ခဲ့သည့် တာချီလိတ် မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ကော်မယ်လိတ်ကျေးရွာ
ရွှေစံအိမ် စာကြည့်တိုက်ဖွင့်ပွဲကို ဇွန် ၂၂ ရက် မွန်းလွဲ ၁ နာရီက အဆိုပါစာကြည်တိုက်
အဆောက်အအုံရှေ့တွင်ပြုလုပ်သည်။ ရှေးဦးစွာ အာခါတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးပီတာသောင်စိန်က
အမှာစကားးပြောကြားသည်။ ယင်းနောက် စာကြည့်တိုက်အား အာခါတိုင်းရင်း သားရေးရာဝန်ကြီးဦးပီတာသောင်းစိန်၊လားဟူတိုင်းရင်းသားရေးရာဝန်ကြီးဦးရှာမွေလရှဲန်၊ခရိုင်အုပ်ချုပ်ရေးမှူး
ဦးတင်ဝင်းရွှေ၊ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
ဒေါ်တင်မေထွန်းနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်ကြည်တို့က
ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် စာကြည့်တိုက်အတွက် အလှူငွေနှင့် စာအုပ်များလှူဒါန်းရာ
တာဝန်ရှိသူများကလက်ခံရယူပြီး ဒေသခံတိုင်းရင်းသား ဦးအင်ဒရူး ကကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါစာကြည့်တိုက်သည် အလျား ၂၄ ပေ၊အနံ ၂၀ ပေ အုပ်ကာ သွပ်မိုး တစ်ထပ်အဆောက်အဦဖြစ်ပြီး
ငွေကျပ် ၅၅ သိန်း ဖြင့်ဆောက်လုပ်ခဲ့သည်။ အဆောက်အဦအတွက် မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေး
ရှင်းက ကျပ် ၁၀ သိန်း၊ အာခါတိုင်းရင်းသားရေးရာဝန်ကြီးက ကျပ် ၁၀ သိန်း၊ အမျိုးသာလွှတ်တော်ကိုယ်စား
လှယ် ဦးဝီလ်ဆင်မိုးက ကျပ် ၂၅ သိန်း၊ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းက ကျပ်
၇သိန်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကျပ် ၃ သိန်း ထည့်ဝင်လှူဒါန်းခဲ့သည်။
ယခုဖွင့်လှစ် လိုက် သည့် ကော်မယ်လိတ်ကျေးရွာသည် အာခါတိုင်းရင်းသားများနေထိုင်ကြပြီး
တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး လူငယ်များလည်းရှိကြောင်း ၊ ဘိုးစဉ်ဘောင်ဆက် စာကြည့်တိုက်
ဆိုတာ မရှိခဲ့သဖြင့် ယခုလို စာကြည့်တိုက် တစ်တိုက် ဖွင့်လှစ်ပေးသည့်အတွက် ၀မ်းသာမိကြောင်း
ဒေသခံတစ်ဦးမှ ရင်ဖွင့်စကားပြောကြားသည်။
ခရိုင်ပြန်/ဆက်
0 comments:
Post a Comment