မြန်မာနိုင်ငံ အိမ်၊ခြံ၊မြေ ၀န်ဆောင်မှုအသင်း အခမဲ့ပညာပေးသင်တန်း
တာချီလိတ်၌ဖွင့်
တာချီလိတ် ဇွန် ၁၅
မြန်မာနိုင်ငံအိမ်၊ခြံ၊မြေ
ဝန်ဆောင်မှုအသင်း ကြီးသည် မြန်မာနိုင်ငံသားများအားလုံး အိမ်၊ခြံ၊ မြေ ၀န်ဆောင်မှုလုပ်ငန်းများ သိရှိနားလည်ပြီး အာဆီယံနိုင်ငံများထိ ယှဉ်ပြိုင်ထိုးဖောက်နိုင်ရန် ရည်ရွယ်လျက် အိမ်ခြံမြေ၀န်ဆောင်မှုအသင်း
အခမဲ့ပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၁၄) ဖွင့်ပွဲကို ဇွန် ၁၄ ရက် နံ နက် ၈ နာရီ က ဟိုတယ်(တာချီလိတ်) ခန်းမတွင် ပြုလုပ်သည်။ အခမ်းအနားတွင် မြန်မာ နိုင်ငံအိမ်၊ခြံ၊မြေ၀န်ဆောင်မှုအသင်း(ဗဟို)ဥက္ကဋ္ဌ
ဦးခင်မောင်သန်းက အဖွင့်အမှာစကားပြောကြားရာတွင်
အသင်း ကြီးပေါ်ပေါက်လာရခြင်းသည် နိုင်ငံတော်အစိုးရ၏ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အရစနစ်၏လိုအပ်
ချက်နှင့်အညီပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း၊ ဈေးကွက်စီးပွားရေးစနစ်အရ အရည်အချင်းပြည့်ဝသည့်
ဝန်ဆောင်မှုလုပ်ငန်းများသည် အရေးကြီးကြောင်း၊
မကြာမီ အာဆီယံ စီးပွားရေးအသိုက်အမြုံ တွင်
အာဆီယံနိုင်ငံများနှင့် ယှဉ်ပြိုင် ရမှာဖြစ်ကြောင်း၊မိမိတို့ အသင်းသားများအနေဖြင့်
ဝန်ဆောင်မှုလုပ်ငန်းများ သိရှိနားလည်စေရန်
သင်တန်း လာရောက်ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း စသည်ဖြင့်ပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံ အိမ်၊ခြံမြေ ၀န်ဆောင်မှုအသင်းရှမ်းပြည်နယ်၊ဥက္ကဋ္ဌဒေါက်တာစိုင်းအောင်ကျော်က
သင်တန်းဖွင့်လှစ် ရခြင်းအကြောင်း ရင်းများကိုရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံ
အိမ်ခြံမြေ ၀န်ဆောင်မှုအသင်း(ဗဟို)အထွေထွေအတွင်းရေးမှူးဒေါ်မို့မို့အောင်ကအသင်းဖြစ်ပေါ်လာပုံနှင့်လက်ရှိအခြေအနေများကို
တင်ပြသည်။ ထို့နောက် သင်တန်းအမှတ်စဉ်(၉/၂၀၁၃)တက်ရောက်ခဲ့သော အသင်းသား ရဲအုပ်စံသိန်းက
သင်တန်းတက်ရောက်ခြင်းဖြင့် ရရှိမည့် အကျိုးရလဒ်များကို ရှင်းလင်းတင်ပြသည်။ သင်တန်းကို ဇွန် ၁၅ ရက်နေ့ထိ ပို့ချမှာဖြစ်ပြီးသင်တန်းသို့ အသင်းဝင်သင်တန်းသား ၈၁ ဦးတက်ရောက်ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်
0 comments:
Post a Comment