မယ့်ဖားလုံဖောင်ဒေးရှင်းမှ တာချီလိတ်ပြည်သူ့ဆေးရုံသို့ လူနာတင်ယာဉ်
တစ်စီးပေးအပ်
တာချီလိတ် ဇွန် ၁၂
မြန်မာနိုင်ငံအတွင်း ရေရှည်တည်တံ့သော
အစားထိုး အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးစီမံကိန်း
ဆောင်ရွက်လျက်ရှိသော မယ့်ဖားလုံ ဖောင်ဒေးရှင်းမှ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့
လူနာ တင်ယာဉ်တစ်စီး ပေးအပ်ပွဲကို ဇွန် ၁၂ ရက်
နံနက် ၉ နာရီ က ခရိုင်ပြည်သူ့ဆေးရုံ သင်တန်း ခန်းမတွင်ပြုလုပ်သည်။အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး
ဦးတင်ဝင်းရွှေက အမှာစကားပြောကြားပြီး စီမံကိန်းညွှန်ကြားရေးမှူးဦးခန့်အောင်က လှူဒါန်းရသည့်ရည်ရွယ်ချက်များ
ရှင်းလင်းတင်ပြသည်။ ယင်းနောက်အရိုးအကြောအထူးကုဆရာဝန်
ဒေါက်တာကြီးမြင့်သိန်းက
ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်ပြီးညွှန်ကြားရေးမှူး
ဦးခမ်းအောင်ကယာဉ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများပေးအပ်ရာ
ဒေါက်တာကြီးမြင့်သိန်းကလက်ခံရယူသည်။
အဆိုပါယာဉ်ပေါ်တွင် လူနာ သယ်ယူရန်အတွက် စက်ပစ္စည်းများ အပြည့်အစုံတပ်ဆင်ထားသဖြင့် လူနာများတင်ဆောင်ရာတွင်
ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုအဆင်ပြေသည့်ယာဉ်ဖြစ်ကြောင်းသိရှိရသည်။
ခရိုင်ပြန်/ဆက်
0 comments:
Post a Comment