Saturday, 24 May 2014

ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရှိ ဦးအောင်ဇေယျ စေတီတော်အား စိန်ဖူးတော်တင်လှူ

ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရှိ ဦးအောင်ဇေယျ စေတီတော်အား စိန်ဖူးတော်တင်လှူ
တာချီလိတ် မေ ၂၄






          ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရှိအလောင်းမင်းတရာကြီး ဦးအောင်ဇေယျ  တည်ထားခဲ့သော     အောင်သစ္စာ
စေတီတော်သည်နှစ်ကာလကြာမြင့်ပြီဖြစ်သဖြင့် ရွှေသင်္ကန်းနှင့် စိန်ဖူးတော် ပြုပြင်မွမ်းမံရန် လိုအပ် နေပြီဖြစ်သဖြင့် ပဲခူးမြို့ ပတ္တမြားကျောင်းတိုက်မှ ပတ္တမြားဆရာတော် နှင့်အလှူရှင်များက တာချီလိတ်မြို့ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးအားအမှူးထားပြီး ပြီးခဲ့သည့်မတ်လ ၂၄ ရက်နေ့ က ရွှေသင်္ကန်း ကပ်လှူခြင်းနှင့်ပြုပြင်မွမ်းမံခြင်းများ ဆောင်ရွက်ခဲ့သည်။ ယနေ့ မေလ ၂၄ ရက် တစ်လပြည့်မြောက်နေ့တွင် စိန်ဖူးတော်၊ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်းအခမ်းအနားကို နံနက် ၈ နာရီတွင် အဆိုပါ ဘုရားကုန်းတော်၌ ကျင်းပသည်။ အခမ်းအနားသို့ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးနှင့်ပတ္တမြားဆရာ တော်ဘုရားကြီးအမှူးပြုပြီး မြန်မာနှင့်မယ်ဆိုင်မြို့ရှိဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြပြီး၊မြန် မာနှင့်ထိုင်းဘက်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အလှူရှင်များ တပည့်ဒါယကာ၊ဒါယိကာမများ တက်ရောက်ကြသည်။
အစီအစဉ်အရ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးနှင့်တာဝန်ရှိသူများက ရတနာစိန်ဖူးတော်တင်လှူမည့် ငြမ်းထိပ်သို့နေရာယူကြသည်။ ယင်းနောက် ရတနာစိန်ဖူးတော်အား ရထားပျံဖြင့် ပင့်ဆောင်သည်။ထိုသို့ပင့် ဆောင်စဉ် ဆရာတော်သံဃာတော်များက ဇယန္တော ဗောဓိယာမူလေ အစချီသော ဂါထာကို ရွတ်ဖတ်တော် မူကြသည်။ နံနက် ၈နာရီ ၁၅ မိနစ်တွင်ရတနာစိတ်ဖူးတော်သည်ငြမ်းထိပ်သို့ရောက်ရှိပြီး နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီးနှင့် တာဝန်ရှိသူများက တင်လှူပူဇော်ကြသည်။ ဆက်လက်ပြီး ဆရာတော်သံဃာတော် များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ၊ဆရာတော်သံဃာတော်များက     ပရိတ်တရားတော်များချီးမြင့်
သည်။ယင်းနောက် ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစု စုအတွက် ရေစက်သွန်းချ အမျှဝေကာ အခမ်းအနားကို    ဗုဒ္ဓသာသနံ၊စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ  အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။

                                                                                      ခရိုင်ပြန်/ဆက်

0 comments:

Post a Comment