Tuesday, 20 May 2014

တာချီလိတ်မြို့နယ်စာရေးဆရာအသင်း(၁၅)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ










တာချီလိတ်မြို့နယ်စာရေးဆရာအသင်း(၁၅)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ
တာချီလိတ် မေ ၂၀

          တာချီလိတ်မြို့နယ်စာရေးဆရာအသင်း ဖွဲ့စည်းတည်ထောင်ခဲ့သည့် (၁၅)နှစ်မြောက်အထိမ်းအမှတ်
အခမ်းအနားကို မေ ၁၉ ရက် ည ၇     နာရီက စိမ်းလန်းသောတောင် ခန်းမတွင်  ကျင်းပသည်။အခမ်းအနား
တွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စာရေး ဆရာအသင်း စတင်ဖွဲ့စည်းစဉ်က ပါဝင်ဆောင်ရွက်ခဲ့သည့် မြို့နယ်စာရေးဆရာအသင်းနာယက ဦးစိုးစိုး(စိုးသီဟစိုး)က ယခင် မြို့နယ်စာပေနှင့်စာနယ်ဇင်း စတင်ဖွဲ့စည်းခဲ့သည့် သမိုင်းကြောင်းနှင့်ယခု မြို့နယ်စာရေးဆရာ အသင်းဖွဲ့စည်းထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် မြို့နယ်စာရေးဆရာ အသင်းနာယက ဒေါက်တာမြင့်အောင်(မောင်မြန်မာ)က  တာချီလိတ်မြို့သည် တစ်ဖက်နိုင်ငံနှင့် ထိစပ် နေသည့် အတွက် ဒေသခံပြည်သူများ မြန်မာစာပေကို တန်ဖိုးထားပြီး မြန်မာ့ယဉ်ကျေးမှုများ ထိန်းသိမ်း ကာကွယ်နိုင်ရန် မြို့နယ်စာရေးဆရာအသင်းက ကြိုးပမ်း ဆောင်ရွက်ချက်များကို ရှင်းလင်း တင်ပြ သည်။ဆက်လက်ပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးထိန်မင်း(မင်းအေးငြိမ်းဈေ)က ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ အဖွဲ့ဝင် ဦးမြင့်ဝင်းလှ(မြတ်မျိုးမြင့်မာန်)က မြို့နယ်စာရေးဆရာအသင်း၏ ၀က်ဆိုဒ်မှပြည်သူများ အသိပညာပေးရေးဆောင်ရွက်မှုများကိုလည်းကောင်း၊ ဘဏ္ဍာရေးမှူး ရဲအုပ်စံသိန်း(မောင်ဖိုးစံ-ဒူးယား)က စာရေး ဆရာ အသင်းရုံးဖြစ် မြောက်ရေး နှင့် အခမ်းအနားဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးခဲ့သော အလှူရှင်များအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အခမ်းအနားတွင် ရှေ့လုပ်ငန်းစဉ်တစ်ခုဖြစ်သော တာချီလိတ်မြို့ သမိုင်း ကို မြို့နယ်စာရေးဆရာအသင်းမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

                                                                             မောင်ဆွေငြိမ်း(iprd)

0 comments:

Post a Comment