အခွန်ဆိုင်ရာလုပ်ငန်းရပ်များတာချီလိတ်၌ရှင်း
တာချီလိတ် မေ ၁၀
ပြည်တွင်းအခွန်များဦးစီးဌာန
တာချီလိတ်မြို့နယ်အခွန်ဦးစီးဌာနမှ အခွန်အကောက်ဆိုင်ရာဥပဒေ
များပြုပြင်ပြောင်းလဲမှုနှင့် အခွန်ဆိုင်ရာလုပ်ငန်းရပ်များ ရှင်းလင်းဆွေးနွေးပွဲကို မေ ၉ ရက်ညနေ ၃နာရီခွဲက
အောင်မြတ်ခန်းမတွင်ပြုလုပ်သည်။ အခမ်းအနားတွင်
ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက
အမှာစကား
ပြောကြားရာတွင် “နိုင်ငံတော်က အသစ်ထပ်မံပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ပြည်ထောင်စု၏ အခွန်အကောက်
ဥပဒေများအရ သတ်မှတ်ထားသည့် အခွန်ရာခိုင်နှုန်းများသည်
အာဆီယံနိုင်ငံများ၏ အခွန်ရာခိုင်နှုန်းများ
နှင့်နှိုင်းယှဉ်ကြည့်ပါက သင့်တင်မျှတသည်ကိုတွေ့ရကြောင်း၊ ကောက်ခံရာမှာလည်း လုပ်ငန်းက၀င်ငွေ
အားလုံးအပေါ်မှာ ကောက်ခံတာမဟုတ်ဘဲ
အခြေခံသက်သာခွင့်၊ ဇနီးသားသမီးများရဲ့စရိတ်
၊ဆီလျော်တဲ့
စရိတ်၊ စီမံစရိတ်များကို ခုနှိမ်ပေးပြီး ကျန်တဲ့အသားတင်အမြတ်အပေါ်မှာ သာပေးဆောင်ရသည့်အတွက်
အခွန်ပေးဆောင်သူများအနေဖြင့် အခွန်ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ လွယ်ကူအဆင်ပြေစွာ
အခွန်ထမ်းဆောင်
နိုင်မှာဖြစ်ကြောင်း” စသည်ဖြင့်ပြောကြားသည်။ ယင်းနောက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အခွန်အများဆုံးထမ်း
ဆောင်ခဲ့သည့် ပထမဆု ဦးမောင်ဝင်း(Myanmar Richy Regina Hotel)နှင့်ဆုရရှိသူများအားလည်း
ကောင်း၊၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ် အခွန်အများဆုံးထမ်းဆောင်ခဲ့သည့်ပထမဆု
ဦးစိုင်းနွန်+ဒေါ်နန်းစံဟွန်
(Golden Lake Co.Ltd)နှင့်ဆုရရှိသူများအားလည်းကောင်း ဂုဏ်ပြုမှတ် တမ်းလွှာ
များပေးအပ် သည်။ ဆက်လက်ပြီး ရှမ်းပြည်နယ်အခွန်ဦးစီးဌာနမှူး သူရ ဦးထင်ကျော်မိုးကအခွန်အကောက်ဆိုင်ရာ
ဥပဒေနှင့်ဝင်ငွေခွန်၊ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပြုပြင်ပြောင်းလဲမှုများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသူများ၏သိလိုသည်များမေးမြန်းချက်များကို ပြည်နယ်အခွန်ဦးစီးဌာနမှူးက
ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရှိရသည်။
မောင်ဆွေငြိမ်း(iprd )
0 comments:
Post a Comment