တာချီလိတ်မဟာသင်္ကြန် ဆုပေးပွဲနှင့်ပိတ်ပွဲအောင်မြင်စွာကျင်းပပြီးစီး
တာချီလိတ် ဧပြီ ၁၇
၁၃၇၅ခုနှစ်၊ မြန်မာ့ရိုးရာ
မဟာသင်္ကြန်ပွဲတော်ကို တာချီလိတ်မြို့ရှိ တိုင်းရင်းသားပြည်သူများ သည် သင်္ကြန်အကြိုနေ့မှစတင်ပြီး မြန်မာ့ရိုးရာအစဉ်အလာမပျက် ပျော်ရွှင်စွာပါဝင်ဆင်နွဲခဲ့ကြသည်။
ယိမ်းပြိုင်ပွဲများ ကို လည်း သင်္ကြန်အကြိုနေ့မှ သင်္ကြန်အကြတ်နေ့ထိ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့(၁၄)ဖွဲ့ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ ညနေ ၆
နာရီတွင်
ဆုပေးပွဲနှင့်ပိတ်ပွဲအခမ်းအနားကို ရှမ်းရိုးမကွင်းဗဟို မဏ္ဍပ်၌ ပြုလုပ်သည်။
အခမ်းအနားမကျင်းပမီ
ယိမ်းအဖွဲ့များက သင်္ကြန်အကများဖြင့်ဖျော်ဖြေတင်ဆက်ပြီး ဧည့်သည်အဆိုတော်
ခေတ္တရာ တမာချို
က မြန်မာ့ဆိုင်းဝိုင်းဖြင့်တွဲဖက်ကာမြန်မာသံစဉ်သီချင်းများဖြင့်
သီဆိုဧည့်ခံသည်။ထို့ပြင်
mrtv 4 ဇာတ်လမ်းတွဲမှ သရုပ်ဆောင် မင်းသားဟန်မင်းသန့်နှင့် မင်းသမီး
မေမီကျော်ကျော်တို့ကလည်းသင်္ကြန်သီချင်းဖြင့်သီဆိုဖျော်ဖြေသည်။ဆက်လက်ပြီးဆုပေးပွဲအခမ်းအနားကျင်းပရာ
ပထမဆုရ
မကာဟိုခမ်းရပ်ကွက်ယိမ်း၊ ဒုတိယဆု အကောက်ခွန်ဦးစီးဌာနယိမ်း၊ တတိယဆု ခမရ(၅၂၆)ယိမ်း အဖွဲ့နှင့် ပါဝင်ယှဉ်ပြိုင်ဆုများကို
တာဝန်ရှိသူများကဆုများအသီးသီးချီးမြှင့်ကြသည်။
ယင်းနောက် ၁၃၇၅ခုနှစ်၊မဟာသင်္ကြန်အား မြနန္ဒာသီချင်းဖြင့်သီဆိုကာ အောင်မြင်စည်ကားစွာ
ပိတ်သိမ်းခဲ့ကြောင်းသိရှိရသည်။
ခရိုင်ပြန်/ဆက်
0 comments:
Post a Comment