Thursday, 17 April 2014

မြန်မာနှစ်ဆန်းတစ်ရက် တာချီလိတ်မြို့၌ ဇီဝိတဒါန ငါးလွှတ် ၊ဘိုးဘွား ၆၃ ဦးအားပူဇော်ကန်တော့








မြန်မာနှစ်ဆန်းတစ်ရက် တာချီလိတ်မြို့၌ ဇီဝိတဒါန ငါးလွှတ် ၊ဘိုးဘွား ၆၃ ဦးအားပူဇော်ကန်တော့
တာချီလိတ် ဧပြီ ၁၇

          မြန်မာနှစ်ဆန်း ၁ ရက်နေ့သည် မြန်မာတို့၏ အမွန်အမြတ်ထားသောနေ့တစ်နေ့ဖြစ်ရာ၊   မြန်မာ တိုင်းရင်းသားအားလုံး ကုသိုလ်ကောင်းမှုများပြုလုပ်ကြသည်။ တာချီလိတ်မြို့တွင်လည်း ဒေသ အုပ်ချုပ် ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များ၊ တိုင်းရင်းသားပြည်သူများ ပူးပေါင်းပြီး နံနက်၇ နာရီတွင် ရွှေဝါနဒီ ပန်းခြံ ရှိ မယ်ခေါင်ချောင်းသို့ ဇီဝိတဒါန ငါးလွှတ်ပွဲပြုလုပ်သည်။ နံနက် ၉ နာရီတွင်
မြို့နယ်ဓမ္မာရုံ၌  ဆရာတော်ကြီးများနှင့် ဘိုးဘွား ၆၃ ဦးတို့အား ပူဇော်ကန်တော့ပွဲပြုလုပ်သည်။     အစီအစဉ်
ပထမ ပိုင်းတွင် ဆရာတော်များအား ပူဇော်ကန်တော့ပြီး ငါးပါးသီလခံယူဆောက်တည်ကာ    လှူဖွယ် ပစ္စည်းများဆက်ကပ်လှူးဒါန်းသည်။ ယင်းနောက် ဒုတိယပိုင်းအစီအစဉ်အဖြစ် အသက် ၇၅ နှစ်အထက်   အဘိုး ၂၀ ဦး၊အဘွား ၄၃ ဦးတို့အား ပူဇော်ကန်တော့ပြီး အသုံးအဆောင်ပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်းသည်။ဆက်လက်ပြီးဘိုးဘွားများအား နေ့လည်စာဖြင့်ဧည့်ခံကျွေးမွေးခြင်း၊ ကျန်းမာရေး ဆေးစစ်ပေးခြင်း၊တစ်ကိုယ်ရေသန့်ရှင်းရေးဆောင်ရွက်ပေးခြင်းတို့ဖြင့် ကုသိုလ်ယူကြသည်။ ယခုနှစ် ဘိုးဘွားများအား လှူဒါန်းသော ငွေနှင့်ပစ္စည်းတန်ဖိုးမှာ ငွေကျပ် ၄၆ သိန်းကျော်ဖြစ်ကြောင်းသိရှိရသည်။

                                                                                      ခရိုင်ပြန်/ဆက်

0 comments:

Post a Comment