တာချီလိတ်မြို့ မဟာသင်္ကြန် နောက်ဆုံးညယိမ်းပြိုင်ပွဲ
အားပေးကြည့်ရှုသူများဖြင့်အထူးစည်ကား
တာချီလိတ် ဧပြီ ၁၆
၁၃၇၅ ခုနှစ်၊ တာချီလိတ်မြို့
မဟာသင်္ကြန် ယိမ်းပြိုင်ပွဲများကို နောက်ဆုံးညအဖြစ် ရှမ်းရိုးမကွင်း
ဗဟိုမဏ္ဍပ်၌ ဧပြီ ၁၅ ရက် ည ၇ နာရီက ဆက်လက်ကျင်းပရာ သင်္ကြန်ချစ်သူ ပရိတ်သတ်များ
ကွင်းလုံးပြည့် လာရောက်ကြည့်ရှုအားပေးကြသည်။ နောက်ဆုံးညယိမ်းပြိုင်ပွဲတွင် စစ်ဗျူဟာအဖွဲ့၊ဆန်ဆိုင်း(က)၊ ဆန်ဆိုင်း(ခ)၊အကောက်ခွန်ဥိးစီးဌာန၊အမှတ်(၃၅၉)ခြေမြန်တပ်ရင်းယိမ်းအဖွဲ့များကဆက်လက်ယှဉ်ပြိုင်
ကြ သည်။ယခုနှစ် ယိမ်းပြိုင်ပွဲတွင်ပြိုင်ပွဲဝင်(၁၅)သင်းရှိပြီး ဆုပေးပွဲနှင့်ပိတ်ပွဲအခမ်းအနားကို
ယနေ့ ဧပြီ ၁၆ ရက် ညနေ ၆ နာရီတွင် ဗဟိုမဏ္ဍပ်၌်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရှိရသည်။
ခရိုင်ပြန်/ဆက်
0 comments:
Post a Comment