Monday, 14 April 2014

တာချီလိတ်မြို့မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲစည်ကားသိုက်မြိုက်စွာကျင်းပ၊ ယိမ်းအဖွဲ့ ၁၅ ဖွဲ့ ယှဉ်ပြိုင်မည်




တာချီလိတ်မြို့မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲစည်ကားသိုက်မြိုက်စွာကျင်းပ၊ ယိမ်းအဖွဲ့ ၁၅ ဖွဲ့ ယှဉ်ပြိုင်မည်
တာချီလိတ် ဧပြီ ၁၃

          တာချီလိတ်မြို့  ၁၃၇၅ခုနှစ်၊မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲကို  ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ညနေ ၃ နာရီက ရှမ်းရိုးမကွင်းရှိဗဟိုမဏ္ဍပ်တွင်ပြုလုပ်သည်။အခမ်းအနားတွင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး
ကနှစ်သစ်နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင်“ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို  မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာနှင့်အညီ ရိုးရာမပျက်ပါဝင်ဆင်နွဲကြရန်၊စိတ်ရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာပါဝင်ဆင်နွဲကြရန်၊မြန်မာမှု၊မြန်မာ့ဟန်၊မြန်မာ့ယဉ်ကျေးမှု အနှစ်သာရ များ၊အမျိုးသား ရေးစရိုက်လက္ခဏာများဆက်လက်ထိန်းသိမ်းကြရန်” စသည်ဖြင့်ပြောကြားသည်။ ယင်းနောက် မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးရဲထူး၊မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဦးစိုင်းကျော်ဇံ၊  မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်၊ပြည်နယ်စည်ပင်သာယာရေး ကော် မတီ ဒု-ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် မြို့မိမြို့ဖ ဦးမောင်လေးတို့ က မဟာသင်္ကြန်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးရာ  ယိမ်းအဖွဲ့များက မြူမှောင်ဝေကင်း သီချင်းဖြင့် ကပြဖျော်ဖြေသည်။ တစ်ဆက်တည်းမှာပင် ထိုင်းနိုင်ငံမယ်ဆိုင်မြို့မှ ဖိတ်ကြားထားသော    ဧည့်သည်တော်များသည် မြန်မာ့ရိုးရာအတာသင်္ကြန်ဖွင့်ပွဲတွင်
မြန်မာတိုင်းရင်းသားများနှင့်အတူ ပျော်ရွင်စွာ အတာရေပက်ဖျန်းပြီး ပါဝင်ဆင်နွဲကြသည်။ ယခုနှစ်တာချီလိတ်
မြို့မဟာသင်္ကြန်ပွဲတော်တွင် ယိမ်းအဖွဲ့ ၁၅ ဖွဲ့ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊    ဧပြီ ၁၃ ရက် ယနေ့ ညနေ ၆ နာရီ
တွင်စတင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဆုပေးပွဲနှင့် ပိတ်ပွဲအခမ်းအးနားကို သင်္ကြန်အတက်နေ့ ညနေ ၆ နာရီတွင်
ရှမ်းရိုးမကွင်းဗဟိုမဏ္ဍပ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။


                                                                                      ခရိုင်ပြန်/ဆက်

0 comments:

Post a Comment