Friday, 11 April 2014

တာချီလိတ်မြို့ မဟာသင်္ကြန်ကာလ ယာဉ်အန္တရာယ်ကင်းရှင်းရေး ပညာပေးဟောပြော ဆိုင်ကယ်စီးဦးထုပ်များအခမဲ့ဖြန့်ဝေ



တာချီလိတ်မြို့ မဟာသင်္ကြန်ကာလ ယာဉ်အန္တရာယ်ကင်းရှင်းရေး ပညာပေးဟောပြော
ဆိုင်ကယ်စီးဦးထုပ်များအခမဲ့ဖြန့်ဝေ
တာချီလိတ် ဧပြီ ၁၁

          တာချီလိတ်ခရိုင်ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှု ကော်မတီအနေဖြင့်   မဟာသင်္ကြန်ကာလအတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အသိပေးနှိုးဆော်ချက်များထုတ်ပြန်ခြင်း  အပြင်၊အသိပညာပေးဟောပြောခြင်းနှင့် ဆိုင်ကယ်စီးဦးထုပ်များအခမဲ့ဖြန့်ဝေပေးခြင်း အခမ်းအနားကို    ဧပြီ ၁၁ရက်နံနက် ၉ နာရီက အောင်မြတ်ခန်းမတွင်ပြုလုပ်သည်။ အခမ်းအနားတွင် ယာဉ်ထိန်းရဲ    တာဝန်ခံ ရဲအုပ်စံသိန်းကအခမ်းအနားပြုလုပ်ရသည့်ရည်ရွယ်ချက်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပေး နှိုးဆော်ချက် များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက်ယာဉ်ထိန်းရဲတပ်စုမှူး ရဲအုပ်ကျော်ဇေယျက ယာဉ်အန္တရာယ်ကြောင့်အသက်ဆုံးရမှုများ၊  ဆိုင်ကယ်စီးနင်းသူများဆိုင်ကယ်စီးဦးထုပ်   မဆောင်းသည့် အတွက် အသက်ဆုံးရှုံးရသည်ဖြစ်ရပ်များ၊ လမ်းစည်းကမ်းနှင့်ပတ်သက်ပြီးသိသင့်သိထိုက်သည့် အချက်များကို ရှင်းလင်းပြောကြားသည်။ဆက်လက်ပြီး ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ စစ်ဆေးရေးမှူး(၃)  ဦးစိုင်းဆမ်တစ်က ယာဉ်မောင်းလိုင်စင်ထုတ်ပေးခြင်းဆိုင်ရာအချက်များနှင့်    ယာဉ်စည်း
ကမ်း၊လမ်းစည်းကမ်း များကို ရှင်းလင်းတင်ပြသည်။ထို့နောက် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး  အထောက်အကူပြု
ကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်က ဆိုင်ကယ်စီးဦးထုပ်များဖြန့်ဝေပြီးပါက ပြည်သူများအနေဖြင့်   တာဝန်ရှိသူများပညာပေးဟောပြောချက်နှင့်အညီ  လိုက်နာဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားသည်။   ဆက်လက်ပြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းထွန်းနှင့် တာဝန်ရှိသူများကတက်ရောက်လာသူများအား ဆိုင်ကယ်စီးဦးထုပ် ၂၀၀ ကိုအခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရသည်။

                                                                             ခရိုင်ပြန်/ဆက်

0 comments:

Post a Comment