သန်းခေါင်စာရင်းကောက်ယူရေးနည်းပြသင်တန်းသင်တန်းတာချီလိတ်၌ဖွင့်
တာချီလိတ်
မတ် ၆
၂၀၁၄ခုနှစ်၊လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့်
နည်းပြ
သင်တန်း ဖွင့်ပွဲကို
မတ် ၆ ရက် နံနက် ၉ နာရီက တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ တွင်ပြုလုပ်သည်။
အအခမ်းအနားသို့ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူ
ပြုကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းနည်းပြများနှင့် သင်တန်း သားများတက်ရောက်ကြ
သည်။ ဖွင့်ပွဲတွင် ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်
အမျိုးသားမှတ်ပုံ ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်စွာလွင်က သင်တန်းဖွင့်အမှာစကားပြောကြားသည်။
သင်တန်းကို မတ်လ ၁၁ ရက်နေ့ထိပို့ချသွားမည်ဖြစ်ရာ ယနေ့သင်တန်းတွင် သင်တန်းသား ၁၈ ဦးတို့အား
ခရိုင်အဆင့်ပို့ချပြီး သင်တန်းသား ၁၈ ဦးမှ မတ် လ ၁၇ ရက်နေ့တွင် မြို့နယ်အဆင့် သင်တန်းသား
၃၁၄ ဦးဆက်လက်ပို့ချ သွာမည်ဖြစ် ကြောင်း သိရှိရသည်။
0 comments:
Post a Comment