တာချီလိတ်တွင်ခွေးရူးရောဂါကာကွယ်ဆေးအခမဲ့ထိုးနှံပေး
တာချီလိတ်
မတ် ၆
တိရစ္ဆာန်မှလူသို့ကူးစက်တတ်သောရောဂါများတွင်
ခွေးရူးရောဂါသည်လည်းတစ်ခုအပါအ၀င်ဖြစ်သည်။
ခွေးရူးရောဂါသည်
အိမ်မွေးတိရစ္ဆာန်များ ဖြစ်သည့် ခွေးနှင့်ကြောင်တို့မှ လူသို့ကူးစက်နိုင်ပြီး အသက်ဆုံး ရှံး စေပါသည်။ ကမ္ဘာပေါ်တွင် နှစ်စဉ် ၁၅ မိနစ်တွင် လူတစ်ဦး ခွေးရူးရောဂါကြောင့် အသက်ဆုံးရှုံး လျက်ရှိသည်။မြန်မာနိုင်ငံတွင်လည်း
ဗဟိုတိရစ္ဆာန်ရောဂါစစ်ဆေးရေးဓာတ်ခွဲခန်း စစ်ဆေးချက်အရ
နမူနာ ပစ္စည်း၁၀၀တွင်၃၀ရာခိုင်နှုန်း ခွေးရူးရောဂါဗိုင်းရပ်ပိုး
တွေ့ရှိရသည်။ထို့ကြောင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်
ပြည်သူလူထုကျန်းမာရေးအထောက်အပံ့ပြုသည့်အနေဖြင့်
ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း
ကိုအမျိုးသားရေးအသွင်
ဖြင့်ဆောင်ရွက်လျက်ရှိသည်။တာချီလိတ်မြိုတွင်အဆိုပါခွေးရူးရောဂါကာကွယ်ဆေးကို
ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မယ်ဖာ့လုံဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ၂-၃-၂၀၁၄ရက်နေ့မှ
၎-၃-၂၀၁၄ ရက်နေ့အထိ မြို့ပေါ် (၈) ရပ်ကွက်အတွင်း ခွေးကောင်ရေ
၃၃၀ နှင့် ကြောင် ၁ ကောင်တို့အား အခမဲ့ထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။
ခရိုင်ပြန်/ဆက်
0 comments:
Post a Comment