အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားတာချီလိတ်၌ကျင်းပ
တာချီလိတ်
မတ် ၈
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွဲ ဖက်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့်WorldVisionမြန်မာ(တာချီလိတ်)တို့ပူးပေါင်းပြီး
အပြည်ပြည်ဆိုင်ရာ အမျိုး သမီးများနေ့အခမ်းအနားကို မတ် ၈ ရက်နံနက် ၉ နာရီက တာချီလိတ်မြို့အောင်မြတ်ခန်းမတွင်
ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့တွဲဖက်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊တွဲဖက်ပြည်နယ်မှူးဦးကျော်သူနိုင်၊
ခရိုင်အုပ်ချုပ်ရေးမှူးဦးသောင်းတင်ထွေးနှင့်ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များ
တက်ရောက်ကြသည်။ အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးကအမှာ စကားပြောကြားပြီး
ခရိုင်အမျိုး သမီး ရေးရာအဖွဲ့တွဲဖက်အတွင်းရေးမှူး ဒေါ်အိတင်ဇာမျိုးက မြန်မာနိုင်ငံလုံး
ဆိုင်ရာအမျိုးသမီးရေးရာကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များကို ဖတ်ကြားသည်။ယင်းနောက် ကုလသမဂ္ဂအတွင်း
ရေးမှူးချုပ် မစ္စတာ ဘန်ကီးမွန်း၏ သ၀ဏ်လွှာအား World Vision မြန်မာ(တာချီလိတ်)မှ လူထုအခြေပြု
ဒေသ တာဝန်ခံ ဒေါ်နန်းခမ်းခေါင် ကဖတ်ကြားသည်။ ၂၀၁၄ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့
ဆောင်ပုဒ် မှာ ” ကမ္ဘာတစ်ဝန်း ဖွံ့ဖြိုးရေး၊အမျိုးသမီးများကိုတန်းတူညီမျှအခွင့်အရေးပေး”
Equality for women‘ s Progress for all ဖြစ်ကြောင်းသိရှိရသည်။
ခရိုင်ပြန်/ဆက်
0 comments:
Post a Comment