ကျွန်တော့်ကောင်မလေးကို ပထမဆုံးပေးတဲ့ရည်းစားစာကို ဘိုလို ရေးပေးလိုက်မိပါတယ်၊
you are my life လို့၊
ကဗျာဆရာဆိုတော့လဲ ခပ်ကြောင်ကြောင်ပါ၊
''မင်းသိပ်မူမနေနဲ့၊ မင်းကိုငါချစ်တယ်၊
တကယ်လို့များ (ကံတော်ကံချွတ်) မင်း ငါ့ကိုပြန်ကြိုက်ခဲ့ရင်
တစ်သက်လုံး မင်းကိုလုပ်ကျွေးရမှာ၊
မင်းမရှိရင်လဲ မဖြစ်ဘူး၊ မင်းကိုအမြဲပဲသတိရတယ်၊
မင်းရှိမှ ဖြစ်ကိုဖြစ်မယ်ဆိုတာသေခြာတဲ့အတွ
တစ်သက်လုံးကုန်ရုံးကျွေးဖို့လဲအ
သဘောပေါက်၊ ဒါပဲ'' လို့အနက်ထွက်တဲ့ အဲဒီ you are my life ဆိုတဲ့
စာကြောင်းတိုတိုလေးတစ်ကြောင်းပဲ
ကံကောင်းလား၊ကံဆိုးလားတော့မသိပါ
မကြာခင်ကာလတစ်ခုမှာ သူနဲ့လက်ထပ်ဖြစ်ပါတယ်၊
အခုတော့လဲ ဇက်ကြောတက်တတ်၊ အကြောအချင်ညောင်းတတ်တဲ့သူ့ကို
ညဖက်တွေမှာ နင်းပေးပြီးမှ အိပ်ယာဝင်ရပါတယ်၊
you are my life ရဲ့ဆေးစွမ်းက အခုထိပြဆဲပါခင်ဗျာ...။
(မောင်ပု)
0 comments:
Post a Comment