Wednesday, 9 October 2013

ရေအားလျှပ်စစ်မှာတာဝန်ကျစဉ်ကနိုင်ငံခြားသားတစ်ယောက်နဲ့ဆုံတွေ့ဖူးတယ်၊
သူ ဗမာစကားနည်းနည်းတတ်တယ်၊ ကျွန်တော်တို့ကိုလဲစိတ်ဝင်စားတယ်၊
တနေ့တော့မေးလာတယ်၊
သူငယ်ချင်းဆိုတာဘာလဲ တဲ့၊
သူငယ်ဘ၀ကတည်းက သားချင်းတွေအလားစိတ်တူကိုယ်တူ ပေါင်းသင်းလာသူကိုဆိုလိုပါတယ် လို့၊
မိတ်ဆွေ ဆိုတာကရောတဲ့၊
မိတ်ကိုလိုလားသောအဆွေကိုဆိုလိုပါတယ် လို့၊
ဘယ်သူ့ကိုပိုတန်ဘိုးထားပါသလဲတဲ့
သူမေးတဲ့အခါမှာ (ဘယ်လိုမှအစားထိုးပြန်မရနိုင်တော့တဲ့)
မဲမဲသဲသဲ ၊ မိုးရေထဲ ပုဆိုးဂွင်းသိုင်းနဲ့ဆော့ကစားခဲ့တဲ့
ငယ်သူငယ်ချင်းတွေကို မကြာခဏ သတိတရနဲ့ လွမ်းရပါကြောင်း တလေးတနက်နဲ့
ဖြန်ဖြေကြားလိုက်မိပါတယ်၊

(မောင်ပု)

0 comments:

Post a Comment