အနောက်တိုင်း ကသူတွေရဲ့ အလေးထားမှုတွေကိုဆန်းစစ်ကြည့်မိပ
အဲဒီအခါ (၂)မျိုးတွေ့ရပါတယ်၊
တစ်မျိုးကတော့ Health, Wealth and Wisdom ပါတဲ့၊
ကျန်းမာဖို့၊ ချမ်းသာဖို့ နှင့် အသိဥာဏ်ရှိဖို့ အရေးကြီးတယ်လို့ဆိုလိုပါတယ်၊
နောက်တစ်မျိုးကတော့
Wealth, Comfort and Esteem ပါတဲ့၊
ချမ်းသာဖို့ သက်သောင့်သက်သာရှိဖို့ နှင့် လေးစားမှုဂုဏ်ရှိဖို့ အရေးကြီးတယ် လို့ ဆိုလိုပါတယ်၊
ကျွန်တော်တို့ဆီမှာတော့
ဒါန၊ သီလ၊ ဘာဝနာ တွေကိုအလေးထားပါတယ်၊
အသက်ရှင်သခိုက်
ကိုယ်ချင်းစာစိတ်နဲ့မျှဝေကြပါ ဆိုတဲ့ဒါန
ကိုယ်ကျင့်တရားကောင်းကြ ဆိုတဲ့ သီလ
ကျင့်ကြံအားထုတ်ကြ ဆိုတဲ့ ဘာဝနာ
အဲဒါတွေရဲ့ အပေါ်ဘက်မှာလဲ ကျန်းမာခြင်းသည် အကြီးမြတ်ဆုံးသောလာဘ်တစ်ပါး
လို့ဆိုထားပြန်တယ်၊
အင်မတန် သိမ်မွေ့နက်ရှိုင်းစွာ ခံယူထားကြတာမို့ ကျွန်တော်အထူးကျေနပ်မိပါတယ်၊
(ထိန်မင်း)
0 comments:
Post a Comment